Monday 22 October 2012

ငွေကျပ် ၃၁ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူမှုန့်များ ဖမ်းဆီးရမိ


မူးယစ်ဆေးဝါး သုံးစွဲ ရောင်းချ သူများအား ကချင်ပြည်နယ် အတွင်း နှိမ်နင်းမှုများ ဆောင်ရွက် လျက်ရှိရာ အောက်တိုဘာ ၁၆ ရက်က မိုးကောင်း မြို့၌ ငွေကျပ် ၃၁ သိန်းကျော် တန်ဖိုးရှိ ဘိန်းဖြူ မှုန့်များ ဖမ်းဆီး ရမိခဲ့သည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၆ ရက် နံနက် ၈ နာရီ ခွဲခန့် မိုးကောင်းမြို့တွင် မူးယစ် ဆေးဝါးများ ရောင်းချ နေကြောင်း သတင်း အရ မြစ်ကြီးနား မူးယစ် (အထူး) မိုးကောင်းလှုပ်ရှား အဖွဲ့မှ တပ်ဖွဲ့ ဝင်များသည် သက်သေများနှင့် အတူ နမ္မတီး ကျေးရွာ ရွှေလီ ရပ် ကွက် မြတ်မွန် စားသောက်ဆိုင်တွင် စောင့်ဆိုင်း နေစဉ် FEILING အမျိုးအစား ဆိုင်ကယ် အနက် ရောင်ကို စီးနင်းလာ သူ ကျော်ကျော် စိုးအား ရပ်တန့် ရှာဖွေရာ မုန့်ပုံး အတွင်းမှ ဆပ်ပြာခွက် ငါးခွက် အတွင်း ငွေကျပ် ၃၁၃ဝဝဝဝ တန်ဖိုးရှိ ဘိန်းဖြူမှုန့် ၆၂ ဒသမ ၆ ဂရမ်အား ရှာဖွေ သိမ်းဆည်း ရမိခဲ့ သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဘိန်းဖြူ မှုန့်များ လက်ဝယ် တွေ့ရှိသူ ကျော်ကျော်စိုး ၃၉ နှစ်(ဘ) ဦးမောင်မြင့် မိုးကောင်းမြို့ နေသူအား နမ္မတီး ရဲစခန်းမှ မယ(ပ) ၃၂/ ၂ဝ၁၂၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ (က) အရ အမှုဖွင့် အရေးယူ ထားကြောင်း သ တင်း ရရှိသည်။

By မြ၀တီ

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment