Friday 28 September 2012

Mom ...(Māmā ) အမေ သို့...

လု .........မိန်းမတစ်ယောက်ကိုယ်ဝန်ရှိတဲ့အချိန်ကစပီး
မီးဖွားလာတဲ့အထိ ဘယ်တော့မှတွေ့ကြုံခံစား (ကိုယ်ချင်းစာ)
မတတ်ဘုး ???

ကိုးလ လွယ် အလွန်အမင်းစိတ်ဆင်းရဲဒုက္ခခံရတယ်
မွေးလာပါပီ ......အားလုံးကဝမ်းသာပျော်ရွှင်ပီး
ကလေးကဘယ်သူနဲ့တုတယ် ကျန်းမာရဲ့လား
ဘာလား ညာလား နဲ့ပေါ့ ......
တစ်ကယ်တော့ ခုလေးတင်မွေးဖွားပေးခဲ့တဲ့မွေးမိခင်ကို
ဘယ်သူကမှ ဂရုတစိုက်မေးဖေါ်မရဘုး မေးဖို့ မေ့နေတတ်တယ်
(အနည်းစုပါ)
ကလေးမွေးပြီးနောက်အကယ်၍ကလေးမှာတစ်ချို့ပြဿနာ
(တစ်ခုခုချို့ယွင်း.... ) ရှိရင် အားလုံးကမိခင်ကိုပဲအပြစ်တင်ကြတယ်
ကိုယ်ဝန်ရှိတုန်းက ဘာတွေလုပ်ခဲ့လဲ ဘာတွေလုပ်မှားခဲ့တာလဲ
မေးခွန်းပေါင်းများစွာ အပြစ်တင်စကား ပြောခံခဲ့ရတယ် ။
အားလုံးက ကလေးဘာဖြစ်တယ်ညာဖြစ်တယ်လောက်ပဲသိနေကြတယ်
စိတ်အပုဆုံး ရင်ပုနေတာက ကိုးလလွယ်ပီးမွေးပေးတဲ့ "အမေ " ပါ ။
ကိုယ်ဝန်ရှိတဲ့အချိန်မှာဆေးထိုးအပ်နဲ့သွေးစစ်တာကိုကြောက်တတ်တဲ့
"အမေ " .....
သင့်အတွက် ကြည်ကြည်ဖြုဖြုလိုလိုလားလား နဲ့ဆေးထိုး သွေးစစ် လုပ်ဆောင်ပေးခဲ့တယ် ။ လု့ခန္ဓာကိုယ်ရဲ့ခံနိင်အားထက်များတဲ့
နာကျင်မှု့ကို အံ့ကြိတ်ခံ ခဲ့တယ် ။ ( ကလေးမွေးလို့နာတဲ့ အင်အားက
နံရိုး အချောင်း၂၀ တစ်ပြိုင်နက် ကျိုးတာနဲ့ညီမျှတယ် )
*****အရိုးတစ်ချောင်းကျိုးတာမဆိုနဲ့ပွန်းပဲ့သွားတာတောင်ဘယ်လောက်ထိနာလဲဆိုတာ .. ကိုယ်ချင်းစာကြည့်ပေါ့ ******
ဒါကြောင့်မို့မွေးမိခင်ကို ဂရုတစိုက်မြတ်နိုးအလေးထားပါ ။
( ဇနီး ကိုလည်း ဂရုတစိုက်မြတ်နိုးအလေးထားပါ ) ။
သူတို့ရဲ့ပေးဆပ်တာတွေကိုကျေးဇုးတင်သင့်တယ်
သူတို့ရဲ့ပေးဆပ်ခြင်းက တုန့်ပြန်မှု့မရှိတဲ့ပေးဆပ်ခြင်းပါ။

No comments:

Post a Comment