ခေါင်းတိုက်ခဲ့စဉ်က ပုံစံတူရုပ်တုကို အခုလို ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Pompidou Centre ရှေ့ လူမြင်ကွင်း မှာ မြင်တွေ့ ရပါပြီ။
၁၆ ပေမြင့်တဲ့ ဇီဒန်းရဲ့ မာတာရာဇီကို ခေါင်းနဲ့တိုက်နေတဲ့ ကြေးနီရုပ်တု ကတော့ ကမ္ဘာလှည့် ခရီးသွားတွေ ကို စွဲဆောင်နိုင်ဖို့ အနုပညာ လက်ရာတခုအဖြစ်လည်း လုပ်ထားတာပါ။
အနုပညာရှင်ကတော့ အယ်ဂျီးရီးယားလူမျိုး အဒဲလ် အဗ်ဒဆမ်မေ့ဒ် (Adel Abdessemed) ဖြစ်ပြီး သူ့ရဲ့ အနုပညာ လက်ရာတွေကို လာမယ့် ဇန္န၀ါရီလမှာ ပြပွဲ တခုလုပ်ဖို့လည်း ရှိတယ်လို့ စက်တင်ဘာလ ၂၇ ရက်နေ့ Sun သတင်း တပုဒ်က ဆိုပါတယ်။
၂၀၀၆ ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲတုန်းက ပြင်သစ်ကစားသမား ဇီဒန်းရဲ့ အီတလီကစားသမား မာတာရာဇီကို ခေါင်းနဲ့ တိုက်ခဲ့စဉ်က
“ဒီရုပ်တုက အောင်ပွဲတွေကို သမရိုးကျ ဂုဏ်ပြုထုဆစ်တဲ့ ပုံစံ မဟုတ်ပါဘူး။ ဒါက အောင်မြင်တဲ့ လူတယောက်ရဲ့အ ကြောင်း ပြောပြနေတဲ့ပုံစံ ပါ” လို့ ဒီကိစ္စ စီစဉ်သူတဦးဖြစ်တဲ့ Alain Michaud က ပြောပါတယ်။
By Irrawaddy


No comments:
Post a Comment