Friday 28 September 2012

သမ္မတဦးသိန်းစိန်ရဲ့ ကုလအထွေထွေညီလာခံ မိန့်ခွန်း ပြုပြင်ပြောင်းလဲရေး အလေးပေးပြော


နိုင်ငံတော်သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေမှာ စိန်ခေါ်အကဲစမ်းမှုတွေ၊ အခက်အခဲတွေရှိနေပေမယ့် အောင်မြင်မှုတွေရရှိခဲ့သလို
ဆက်ပြီးလည်း မဆုတ်မနစ် ကြိုးစားဆောင်ရွက်သွားကြမှာဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတကာက ဂုဏ်ပြုဆုချီးမြှင့်မှုတွေအပေါ်လည်း မြန်မာနိုင်ငံသားတဦးအနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်းလည်း ပြောခဲ့ပါတယ်။

နိုင်ငံတကာက စိတ်ဝင်စားနေတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ပတ်သက်ပြီးလည်း အစိုးရအနေနဲ့ ဥပဒေနဲ့အညီ မျမျတတ ဆောင်ရွက်မှာဖြစ်ပြီး နိုင်ငံတကာ စံချိန် စံနှုန်းတွေနဲ့အညီ ကိုက်ညီအောင် ပြေလည်မှုရှိအောင် လုပ်ကိုင်သွားမှာဖြစ်တယ်လို့လည်း သမ္မတကြီး ဦးသိန်းစိန်က နိုင်ငံတကာ ခေါင်းဆောင်တွေ တက်ရောက်နေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း မိန့်ခွန်းပြောကြားသွားတာဖြစ်ပါတယ်။

By VOA Burmese

No comments:

Post a Comment