Friday 28 September 2012

အတုအယောင် account များကို Facebook ကရှင်းထုတ်လိုက်ပြီ


အတုအယောင် account များကို ရှင်းထုတ်
သည့် ဆောင်ရွက်ချက်အဖြစ်
Facebook က account ထောင်ပေါင်များစွာ
ကို ဖျက်လိုက်ပြီ ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ရက်အတွင်း Facebook Page များတွင် Like လုပ်ထားသူ
အရေအတွက် လျော့ကျသွားမှု ကြုံတွေ့ရခြင်းမှာ အဆိုပါ Like လုပ်ထားသည့်
account များမှာ အတုအယောင်များ ဖြစ်နေခြင်းကြောင့်ဟု TechCrunch.com
ကဆိုသည်။

Zynga ၏ Texas HoldEm Poker Facebook Page တွင် တစ်ရက်အတွင်း Like လုပ်ထားသူ
အရေအတွက် ၉၆,၀၀၀ လျော့ကျသွားကြောင်း၊ အလားတူ နာမည်ကြီးအဆိုတော်
လေဒီဂါဂါ၏ Facebook Page တွင်လည်း Like လုပ်ထားသူ အရေအတွက် ၃၁,၇၀၀
လျော့ကျသွားကြောင်း သိရသည်။

By Planet News

No comments:

Post a Comment