
ထုတ်လုပ်သူမှာ အမေရိကန် ဖယ်ဒရယ် တရားရုံးမှ ခံဝန်ချုပ်ပါ
အချက်များကို ဖောက်ဖျက်မှုဖြင့် အကျဉ်းချ ခံလိုက်ရပြီ ဖြစ်သည်။ Nakoula ကြာသပတေးနေ့ ညနေပိုင်းက လော့စ်အိန်ဂျယ်လိမြို့ အမေရိကန် ခရိုင် တရားရုံးတွင် ရောက်ရှိလာ ခဲ့ပြီးနောက် တရားသူကြီး Suzanne H. Segal မှ ကာလရှည်ကြာ လှည့်ဖျားမှုနှင့် ခံဝန်အရာရှိကို လိမ်လည် လှည့်ဖျားမှု တို့အတွက် ဥပဒေ ချိုးဖောက်သည် ဆိုသည့် စွဲချက်ကို သတ်မှတ် လိုက်ခြင်း ဖြစ်သည်။
တရားရုံးတော် အနေဖြင့် ယခု အကြိမ်တွင် တရားခံ အပေါ် ယုံကြည်မှု မရှိတော့ကြောင်းနှင့် ၎င်းအနေဖြင့် လူ့အဖွဲ့အစည်းကို အန္တရာယ် ဖြစ်စေနိုင်သည်ဟု ယူဆသဖြင့် ယခုလို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။ အဆိုပါ ဇတ်ကား ထုတ်လုပ်သူမှာ ပြစ်မှု ကျူးလွန်ဖူးသည့် သမိုင်း မှတ်တမ်းရှိကာ မူးယစ်ဆေးနှင့် ဆိုင်သည့် ပြစ်မှုလည်း ရှိကြောင်း အရာရှိများမှ ပြောသည်။ သို့ရာတွင် ၎င်းအနေဖြင့် လွန်ခဲ့သည့် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်ကလည်း ချက်လက်မှတ် လိမ်လည်မှု တစ်ခုကိုလည်း ကျူးလွန်ထားပြီး ခံဝန်ချုပ်ကို ဖျောက်ဖျက် ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် နောက်ထပ် လှည့်ကွက် တစ်ခု အဖြစ်လည်း၎င်းအနေဖြင့် ၂၀၀၂ ခုနှစ် ကလည်း တရားသူကြီးကို ၎င်း၏ အမည်မှန်မှာ Mark Basseley Youseff ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု LA Times သတင်းတွင် ဖော်ပြသည်။
source : LA Times
By MRTV-4
No comments:
Post a Comment