Friday 14 September 2012

ညီကတရားခံ အကိုကတရားလို သေဆုံးသူ ဇနီးဖြစ်တဲ့ ၀မ်းနည်းဖွယ်ရာ လူသတ်မှု ဖြစ်ပွား

မကွေးတိုင်းဒေသကြီး မကွေးခရိုင်
တောင်တွင်းကြီးမြို့နယ် ဆက်သွားရဲစခန်းပိုင်
ရဲစခန်းအနောက်မြောက် ဘက် ၁၇ မိုင်ခန့်
အကွာ ယာကြီးတောအုပ်စုကွင်းပေါင်းကျေးရွာ
တွင် လူသတ်မှုဖြစ်ပွားကြောင်းသတင်း ရရှိခဲ့သည်။


ဖြစ်စဉ်မှာ ၁၁.၉.၂၀၁၂ နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က ဆက်သွားရဲစခန်းပိုင် ယာကြီးတောအုပ်စုကွင်းပေါင်းကျေးရွာတွင် ဓားခုတ်မှုဖြစ်ပွားနေကြောင်း သတင်းအရ
ဆက်သွားရဲစခန်းမှ စခန်းမှူးရဲအုပ်ထွန်းထွန်းအောင်ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည်
အခင်းဖြစ်ပွားရာ အရပ်သို့သွားရောက်စုံစမ်းစစ်ဆေးရာ ယာကြီးတောအုပ်စု
ကွင်းပေါင်းကျေးရွာနေ ဦးအောင်ဝင်းသည် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးအောင် ၊

 ကျေးရွာလယ်သမားများ နှင့်အတူ ရွာတောင်ဘက် ရှိကန်ကြီးကန်ဆည်ကျိုးပေါက်မည်ကို
စိုးရိမ်သဖြင့် သွားရောက်ကြည့်ပြီး နေအိမ်သို့ပြန်လည်ရောက်ရှိစဉ် ညီဖြစ်သူမောင် နိုင် နှင့် ဇနီးဖြစ်သူ မသိန်းကြည်တို့ စကားများရန်ဖြစ်သံကြားရ၍ ဇနီးဖြစ်သူအား အကျိုးအကြောင်းမေးမြန်းရာ မောင်နိုင်မှ သားဆဲ ၊

မယားဆဲ ဆဲဆိုသဖြင့် စကားများခြင်းဖြစ်ကြောင်း ပြောပြပြီး ညီဖြစ်သူ မောင်နိုင်အား
ဆက်လက်ေ မးမြန်းရာ မောင်နိုင်မှ ဖရုံခင်းနွားဝင်စားကြောင်း နှင့် အိမ်ဝိုင်းကို ရောင်းမည်



 ပြောသံကြားရ၍ စကားများခြင်းဖြစ်ကြောင်းပြောပြသိရပြီးအခြေအနေတင်းမာလာသဖြင့်
 ကျေးရွာအုပ်ချုပ်ရေးမှူးဦးဌေးအောင်အား သွားရောက်ခ်ါပြီး ပြန်လာစဉ် ဇနီးဖြစ်သူ မသိန်းကြည်မှာ နေအိမ်အ၀င်ပေါက် အောက်တွင် ၀ဲနားရွက်ေ အာက် ၊

 မေးစေ့ နောက်စေ့အထိ ၈ လက်မခန့် အနက ၁ လက်မခန့် ပြတ်ရှဒဏ်ရာ ၁
ချက်ရရှိပြီးေ သဆုံးနေသည်ကိုတွေ့ရှိရသည်ဆို၏။

 ယင်းဖြစ်စဉ် နှင့် ပတ်သက်၍ ဦးအောင်ဝင်းမှ ၎င်း၏ ဇနီးဖြစ်သူအား ဓားဖြင့်ခုတ်သတ်
သူ၎င်း၏ ညီမောင်နိုင် ၄၂ နှစ် (ဘ) ဦးထွန်းတင်ယာကြီးတောအုပ်စု ကွင်းပေါင်းကျေး
ရွာနေသူအား ဥပဒေ နှင့် အညီ အရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဆက်သွား ရဲစခန်း(ပ)၁၄၀/၂၀၁၂ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားပြီး အမှုစစ်ရဲအုပ်စခန်းမှူးထွန်းထွန်းအောင်မှ အခင်းဖြစ်နေရာ အား မြေပုံကြမ်းေ ရးဆွဲခြင်း ၊

ဓာတ်ပုံ မှတ်တမ်းရိုက်ကူးခြင်း ရဲလုပ်ငန်းများ ကုန်စဉ်အောင် စုံစမ်းစစ်ဆေး ဆောင်ရွက်
လျှက်ရှိပြီး ရဲလုပ်ငန်းပြီးပြတ်ပါက အမှုအားခိုင်မာစွာတည်ဆောက်၍ သက်ဆိုင်ရာတရားရုံးသို့
 အမြန် တရားစွဲ တင်ပို့နိုင်ရန်စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိပါသည်။

Hot News

ရွှေမြန်မာ

No comments:

Post a Comment