





အဲဒီဒေသက ကျေးရွာ ၄ ခုဟာ စီမံကိန်းနယ်မြေနဲ့ မလွတ်ကင်းတဲ့အတွက် ပြောင်းရွှေ့ပေးလိုက်ရပါတယ်။ ပြီးတော့ လယ်သမား ၁၀၀ ကျော်ရဲ့ စိုက်ပျိုးမြေတွေဟာ စီမံကိန်းခေါင်းစဉ်အောက်မှာ အသိမ်းခံလိုက်ရပါတယ်။


ဒါကတော့ ပြောင်းပေးရတဲ့ ရွာတွေအတွက် နေရာသစ်ဖြစ်ပါတယ်။ သို့သော်လည်း နေစရာရှိပေမယ့် အလုပ်လက်မဲ့များဖြစ်ကုန်ကြပါပြီ လို့ ဒေသခံတို့က ဆိုပါတယ်။


သမီးအထိန်းသိမ်းခံရလို့ ပူဆွေးသောကရောက်နေတဲ့ မိခင်ပါ။ သမီး မအေးနက်က လယ်မြေအသိမ်းခံရလို့ ကြေးနီစီမံကိန်းရပ်ဆိုင်းပေးဖို့ တောင်းဆိုရာမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။


ဝက်မှေးကျေးရွာရောက် NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မအေးနက်ရဲ့ မိခင်ကိုအားပေးခဲ့ပါတယ်။


ထိန်းသိမ်းခံခဲ့ရတဲ့ လယ်သမား ၁၂ ဦးထဲက ၉ ဦး ပြန်လွတ်လာပါပြီ်။ အာဏာပိုင်တို့ရဲ့ ပြုမူဆောင်ရွက်ပုံကြောင့် အင်မတန် စိတ်ထိခိုက်ရတယ်လို့ ပြန်လွတ်လာသူတို့က ဆိုပါတယ်။
By Irrawaddy
No comments:
Post a Comment