Sunday 9 September 2012

ဘုရားဖူးတောင်သူများကို မြစ်မကူးနိုင်အောင် အာဏာပိုင်များ တားမြစ်ထား


လက်ပန်းတောင်း တောင် ကြေးနီစီမံကိန်းဒေ
သမှ ဘုရားလာသည့် ဒေသခံများကို မုံရွာမြို့ 
ဘက်မလာနိုင်အောင် အာဏာပိုင်များက
ပိတ်ပင်ထားကြောင်း သိရပါ တယ်။


စက်တင်ဘာလ ၉ ရက်နေ့ မနက် ၉ နာရီ အချိန့် ခန့် ကတည်းက ရောက်ရှိနေတဲ့ ၀က်မှေး၊
ဆည်တည်း စတဲ့ ကျေးရွာများက တောင်သူ လယ်သမားတွေဟာ မုံရွာမြို့  ဆုတောင်းပြည့်
ဘုရားဖူးရန် အတွက် လာရောက်စဉ်မှာ ညောင်ပင်ကြီး ဆိပ်ကမ်းမှာ တားမြစ်ခံထား
ရတာဖြစ်ပါတယ်။



အဆိုပါ လယ်သမားတွေ ချင်းတွင်းမြစ်ကို ဖြတ်မကူးနိုင်အောင် အာဏာပိုင်တွေက ကူးတို့ 
ဆိပ်ရှိ စက်လှေများကို ကူးသန်းခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။

ဘုရားဖူးလာတဲ့ တောင်သူလယ် သမားတွေကတော့ ချင်းတွင်းမြစ်ကို ဖြတ်ကူးခွင့် ရဖို့  အတွက် အခုချိန်ထိ စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်းသိရပါတယ်။

ရွှေမြန်မာ

No comments:

Post a Comment