Sunday 9 September 2012

အာဖဂန်တွင် အသေခံဗုံးခွဲသမားက အသုဘကို ဝင်တိုက်ခိုက်မှု ၂၅ ဦးသေဆုံး

ကဘူးယ်၊ စက်တင်ဘာ ၆

အကြမ်းဖက် အသေခံ ဗုံးခွဲသမားများ၏ ပစ်မှတ် ဖြစ်လေ့ရှိသော အာဖဂန် နစ္စတန် နိုင်ငံတွင် နန်ဂါဟာပြည်နယ်၌ စက်တင်ဘာလ ၎
ရက်နေ့က အသုဘ အခမ်းအနား တစ်ခုကို အသေခံ ဗုံးခွဲသမား တစ်ဦးက ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ နောက်ထပ် ၂၅ ဦး သေဆုံး သွားခဲ့ရကြောင်း BBC သတင်း တစ်ရပ်က ဖော်ပြထားသည်။

အဆိုပါ အသုဘ အခမ်းအနားမှာ သြဇာကြီး ဒေသခံ မျိုးနွယ်စု ခေါင်းဆောင်တစ်ဦး၏ အသုဘဖြစ်ပြီး ရွာသားရာပေါင်း များစွာနှင့် အစိုးရ အရာရှိများလည်း လာရောက် ကြသည်။ ခရိုင် အုပ်ချုပ်ရေးမှူး သည်လည်း အဆိုပါ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၃၀ ဦးတွင် အပါအဝင်ဖြစ်သည်။

ဒေသခံများသည် မကြာသေးခင်ကပင် တာလီဘန် သူပုန်များကို ပြန်လည် ခုခံမှုများ ပြုလုပ်ခဲ့ကြသည်။ မျိုးနွယ်စု လူကြီးများနှင့် ဒေသခံ ထောက်လှမ်းရေး အရာရှိများက ဗုံးဖောက်ခွဲမှုများနှင့် ပတ်သက်ပြီး တာလီဘန်၏ လက်ချက်ဟု ပြစ်တင်ထားကြသည်။ “အသေခံ ဖောက်ခွဲရေး သမားဟာ အသုဘ ရှုသူတွေ ကြားကနေ ပါလာတာ ဖြစ်ပါတယ်” ဟု မျက်မြင် သက်သေ တစ် ဦးက BBC ကိုပြောကြားသည်။

“တစ်ယောက်ယောက်က အော်လိုက်တယ် ခင်ဗျ။ လူတစ်ယောက် ဖောက်ခွဲ တော့မယ်လို့။ အဲဒါနဲ့ လူတွေ ဝရုန်းသုန်း ကား ထပြေး ကြတယ်။ ကျွန်တော် နိုးလာ တော့ အလောင်းတွေနဲ့ သွေးတွေက နေရာ အနှံ့ပဲ”ဟု နောက်ထပ် မျက်မြင် သက်သေ တစ်ဦးက ဆက်လက် ပြောကြားသည်။

သေဆုံး ဒဏ်ရာ ရရှိသူများတွင် အစိုးရအရာရှိများ ပါဝင်မှု နည်းပါပြီး အများစုမှာ သာမန် မွတ်ဆလင် ပြည်သူများသာဖြစ် ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ တာလီဘန်က ဖောက်ခွဲမှုနှင့် ပတ်သက်ပြီး တစ်စွန်း တစ်စ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။ တာလီဘန် များသည် အစိုးရ အရာရှိများ တက်ရောက်လေ့ ရှိသည့် မင်္ဂလာ ဆောင်များ၊ အသုဘ အခမ်းအနား များကို ပစ်မှတ်ထား တိုက်ခိုက်လေ့ ရှိသည်။

By The Voice Weekly

No comments:

Post a Comment