Sunday 9 September 2012

ဆရာတော်ဦးဥတ္တမ ကွယ်လွန်ခြင်း ( ၇၃) နှစ်ပြည့်အခမ်းအနား ရန်ကုန်တွင် ကျင်းပ


နယ်ချဲ့ဆန့်ကျင်ရေးနှင့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ဦးဆောင်သူအဖြစ်ပါဝင်ခဲ့သော ရခိုင်ဆရာတော် ဦးဥတ္တမ ကွယ်လွန်ခြင်း ( ၇၃)နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို
ဆရာတော်ပျံလွန်တော်မူခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ဒို့ရိုးရာ စားသောက်ဆိုင်တွင် ကျင်းပခဲ့သည်။
နယ်ချဲ့များ အုပ်စိုးခဲ့စဉ်ကာလတွင် အင်္ဂလိပ်ဘုရင်ခံ ကရက်ဒေါက်အား ဂတ်အောက် ဟု ဆန့်ကျင်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးသမိုင်းကို ဦးဆောင်ခဲ့သော ၊ အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံတို့တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာတော်အား ဂုဏ်ပြု၍ ဦးဥတ္တမနေ့ဖြစ်မြောက်ရေးအတွက် ရခိုင်အမျိုးသားကွန်ယက်မှ စတင်ဦးဆောင်တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဦးဥတ္တမနေ့ ကျင်းပခြင်းကို ယခုနှစ်မှသာ ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဆရာတော်၏ ဇာတိ စစ်တွေမြို့တွင်လည်း တခမ်းတနားကျင်းပခဲ့ကြသည်။
ရန်ကုန်မြို့တွင် ယနေ့ပြုလုပ်သော အခမ်းအနားတွင် တက်ရောက်လာသော ရဟန်းရှင်လူ ၊ ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများထံမှ ဦးဥတ္တမအထိမ်းအမှတ် ရုပ်တု၊ ဖောင်ဒေးရှင်းနှင့် ယခင်ရှိခဲ့သော ဆရာတော်အမည်ဖြင့် ပန်းခြံ၊ လမ်းတို့ကို ပြန်လည်ဖေါ်ထုတ်ရန် အကြံဥာဏ်များတောင်းခံခဲ့ပြီး တက်ရောက်လာသော ပုဂ္ဂိုလ်များကလည်း အကြံပြုဆွေးနွေးခဲ့ကြသည်။

By Popular Myanmar

No comments:

Post a Comment