Sunday, 9 September 2012

တိုက်အနောက်ဘက် (၆) လွှာမှ အရေးပေါ်လှေကား နှင့်အတူ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှု အလုံမြို့နယ်၌ ဖြစ်ပွား

တိုက်အနောက်ဘက် (၆)  လွှာမှ အရေးပေါ်လှေကားနှင့်အတူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး တစ်ဦး ပြုတ်ကျသေဆုံးမှု တစ်ခုအလုံ မြို့နယ်၌ စက်တင်ဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။   ဖြစ်စဉ်မှာ အလုံမြို့နယ် စောရန်ပိုင်(မြောက်)ရပ်ကွက်၊ ငုဝါ
လမ်း၊ တိုက်အမှတ် ၂၀၀၊ ၆လွှာ/ A မှ  သေဆုံးသူ မ ...... သည် မွန်းတည့် ၁၂ နာရီအချိန် ၀န်းကျင်ခန့်တွင် အိမ်နောက်ဖက်အရေး  ပေါ်လှေကား၌ ဖုန်းပြောနေစဉ် ယင်းလှေကားနှင့်အတူ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  ၎င်းဖြစ်စဉ် ဖြစ်ပွားပြီး ချိန်တွင် ၀ဲဘက်နောက်စေ့ စုတ်ပြဲ၊ ၀ဲဘက်မေးရိုးကျိုး၊ နှာခေါင်း၊ ပါးစပ်နှင့် ၀ဲဘက်ခြေထောက်များ ပွန်း ပဲ့ ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဋ္ဌာန သို့ ပို့ဆောင်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၂၅ မိနစ်အချိန်တွင် သေဆုံးခဲ့ကြောင်း သိရသည်။   “ ကျွန်တော်တို့အိမ် အနောက်ဖက်မှာ ၀ုန်း ဆိုပြီးအသံကြားတော့ ဘာဖြစ်တာလဲဆိုပြီး သွားပြေးကြည့်တာ။ နောက်ဖေးလမ်းကြားမြောင်းထဲမှာ အမျိုးသမီးတစ်ယောက် လဲကျနေတာတွေ့လိုက်ရ တယ်။     သူ့ဘေးမှာလဲ အရေးပေါ် လှေကား အဆွေးကြီးတစ်ခု တွေ့ရတယ်။ တိုက်အပေါ်ကိုကြည့်လိုက်တော့ အောက်ကလှေကားတွေပါ သူကျလာတဲ့ အရှိန်ကြောင့် ပျက်နေတာကိုတွေ့ရတယ် “ ဟု ၎င်းဖြစ်စဉ် ဖြစ်ပွားခဲ့သည့် တိုက်အနီးတွင် နေထိုင်သူတစ်ဦးကပြောခဲ့သည်။  “ ကျွန်မသိသလောက် ကတော့ ဒီတိုက်ဆောက်ထားတာ နှစ်ပေါင်း ဆယ်နဲ့ချီပြီး မရှိသေးပါဘူး။ တိုက်မှာ အကြောင်းတစ်စုံတရာ ဖြစ်ခဲ့ရင် ပြေးထွက်ဖို့ထားတဲ့အရေး ပေါ်လှေကားက ဒီလိုမခိုင်မမာ၊ ဆွေးနေမှတော့ ဒီလှေကားကြောင့် တစ်ခုခုဖြစ်ရတော့ မလိုပါပဲ “ ဟုအဆိုပါ ဖြစ်စဉ်အား  မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးကပြောပါသည်။  သေဆုံးသူသည် ၎င်းနေထိုင်ရာ တိုက်ခန်းတွင် အမဖြစ်သူ နှင့် နှစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်းနှင့် အခင်းဖြစ်ပွားချိန်တွင် နေအိမ်၌ ၎င်းတစ်ဦးတည်းသာ ရှိကြောင်း သိရသည်။  

Eleven Media Goup

No comments:

Post a Comment