Monday 3 September 2012

နေရပ်ကွက် ကြား တိုးဂိတ် လာရောက်တည်ဆောက်နေမှု့ မြို့ခံလူထု မကျေမနပ်ဖြစ်လျှက်ရှိ


ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် အေးသာယာ နှင့် စဥ့်ပာယ် မြို့နယ် ကြား တွင် သော်တာဝင်း ကုမ္ပဏီမှ  လမ်းဖြတ်သန်းခ ကောက်ခံရေး ဂိတ်(တိုးဂိတ်) တည်ဆောက်နေပြီး ဒေသခံနေ ပြည်သူများ ၊
စိုက်ပျိုးရေး တောင်သူများ မကျေမနပ် ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။

ဒေသခံ ပြည်သူများပာာ ကျောင်း၊ ရဲစခန်း ၊ ဆေးရုံ ၊ ဘူတာ စသည့် တို့ ရှိသည့် ရွှေညောင် သို့ သွားရာတွင် ဂိတ်ကို ဖြတ်သန်း နေရပြီး သုသာန် သို့ သွားလျှင်လည်း ယင်းဂိတ်ကို ဖြတ်သန်းနေရသည့် အတွက် မတည်ဆောက်ဖို့ လိုလားနေကြကြောင်းသိရသည်။

လမ်းပာာလည်း အဆင်းလမ်း ဖြစ်နေတာကြောင့် ဆိုင်ကယ်တိုက်မှု့ ခဏခဏ ဖြစ်ပွား လျှက်ရှိကြောင်းသိရသည်။ မြို့နှင့် ဝေးသည့် နေရာတွင် တည်ဆောက်လိုနေကြကြောင်း သိရသည်။

၎င်း ဂိတ် မတည်ဆောက်ဖို့ အထပ်သို့ အဆင့်ဆင့် စာတင် တောင်းဆိုခဲ့သော်လည်း တည်ဆောက်ရေးလုပ်ငန်းများ ၂၅% ပြီးစီးလျှက်ရှိပြီး ဖြစ်သည်ပာု မြို့ခံ ဦးစိုးဝင်း ပြောကြားချက်အရ သိရသည်။ တောင်းဆိုမှု့များ မရရှိပါက ဆန္ဒပြဖို့ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

တောင်သူလယ်သမား တစ်ဦးဖြစ်တဲ့ ဦးမောင်စိုး ပြောကြားချက် အရ တောင်သူလယ်သမား တွေအတွက် တိုးဂိတ်တည်ဆောက်နေတာပာာ မသင့်တော်ပါဘူး။ ဘာလို့မသင့်တော်လည်း ဆိုတော့ ကျွဲ ၊ နွား ၊ လှည်း ၊ စက် ၊ ထော်လာဂျီ ၊ လက်ထွန်း ထွန်စက် တွေပာာ ဒီလမ်းကို သွားနေကြသည့် အတွက် ဒီတိုးဂိတ် တည်ဆောက်လိုက်မယ်ဆိုရင်  အခက်အခဲ တွေ အများကြီး ရှိလာနိုင်ပါတယ်။ ဒီတိုးဂိတ်ရှိလာမှာကို တောင်သူလယ်သမား အများစုက မလိုလားကျပါဘူး။ စာတွေလည်း တင်ထားပြီးပါပြီး။ ဒါမှ မပြောင်းပေးဘူး ဆိုရင် ဆန္ဒပြဖို့ လုပ်ရပါလိမ့်မယ်" လို့ တောင်သူလယ်သမား ဦးမောင်စိုး ပြောကြားချက်အရ သိရသည်။

 အခမဲ့ သွေးအလျှုရှင် နာရေးကူညီမှု့ အသင်းတွင် လုပ်ကိုင်ပေးနေသူ ကိုမောင်ကျော် ပြောကြားချက်အရ သုသာန် ကိုသွားမယ်ဆိုရင်  ဒီဂိတ်ကို ဖြတ်နေရတာပါ။ ဒီဂိတ်ဘေးမှာလည်း  အမှတ် (၇၉) အခြေခံ မူလတန်းကျောင်း တစ်ကျောင်းရှိနေပြီး ကျောင်းသားလေးတွေအတွက် အန္တာရာယ် ရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။

လွိုင်မောဝ် မီဒီယာဂရု - Myanmar News Now

သစ်ထူးလွင်

No comments:

Post a Comment