Monday 3 September 2012

မြိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်တင်၏ မတရား အာဏာသုံး ဆောင်ရွက်နေမှုများကို တင်ပြခြင်း


မကွေးတိုင်း ဒေသကြီး မြိုင်မြို့နယ်တွင် လက်ရှိ အုပ်ချုပ်ရေးမှူး ဦးမြင့်တင်သည် ၂၀၀၉ခု ကထဲက တာဝန် ထမ်းဆောင်နေခဲ့သူ ဖြစ်ပါသည်။

        သူသည် အုပ်ချုပ်ရေး ကိစ္စများ၊ ဘာသာရေးနှင့် လူမှုရေး ကိစ္စများတို့တွင် န၀တ၊နအဖ တို့တက်ခါစအချိန် ကကဲ့သို့ပင်
ကြမ်းတမ်းစွာ ထင်သလို စီမံနေရာ မြို့ပေါ်နှင့် နယ်ဒေသတို့မှ ပြည်သူတို့မှာ ဦးမြင့်တင်ကို အလွန်ရွံကြောက် ကြီးခံစား နေကြရပါသည်။ သူ၏လုပ်ကိုင်ပုံများမှ ဥပမာ အချို့ကိုတင်ပြရလျှင်-

    ၁။ ဌာနဆိုင်ရာနှင့် သူ့လက်အောက်အုပ်ချုပ်ရေး ၀န်ထမ်းများအား အစည်းဝေးများတွင် ငေါက်ငန်းပြော ဆိုခြင်း၊“မြိုင်သားများ တစ်ယောက်မျှ သောက်သုံးမကျဘူး” ဟုမြို့နယ်လုံးချီပြီး စော်ကား နှိမ့်ချပြောကြားတတ်ခြင်း။

    ၂။ မြို့ပေါ်ရှိ ဘာသာရေးအသင်းများ၊ သာရေးနာရေး လူမှုကူညီရေးဆောင်ရွက်နေသူများအားလည်း စိတ်အနှောက်အယှက်ဖြစ်စေရန် မကြာခဏ ခေါ်ယူစစ်ဆေးမေးမြန်းခြင်း၊ ညစဉ်ဘုရားတွင် ဓမ္မစကြ်ာ၊ပဌာန်း ရွတ်ကြ သည့် ၀တ်အသင်းများကိုပင် မေးမြန်းစစ်ဆေးတတ်ခြင်း။ နိဗ္ဗာန်ရွှေပြည် နာရေးလူမှုကူညီရေး အသင်းအားလည်း အားပေးရမည့်အစား မှတ်ပုံတင်ကြေးကျပ်ငါးသိန်းအမြန်သွင်းစေကာ အနှောက်အ ယှက်ပေးခြင်း။

    ၃။ အဆိုးဆုံးမှာ ပြီးခဲ့သည့် ၁၂.၈.၂၀၁၂ နေ့က ၈၈/ကျောင်းသားခေါင်း ကိုမင်းကိုနိုင်နှင့်အဖွဲ့ မြိုင်သို့ လာခဲ့ရာတွင် လူငယ်များက ဘုရားကြီးဈေးကွင်းရှိ ဇာတ်ခုံတွင်ဟောပြောပွဲကျင်းပစေခဲ့သည်ကို ဥက္ကဌ ဦးမြင့်တင်က ဂေါပကအဖွဲ့အားအငြိုးတေးထားပြီး “အမှတ်(၁)ရပ်ကွက်က မောင်အေး၏ ပစ်စာအရ” ဟုဆိုကာ ရွှေမြင်တင် ဂေါပကအဖွဲ့ဝင်အားလုံးတို့ကို ခေါ်ယူစစ်ဆေးခဲ့ပါသည်။အဆိုပါဘုရားဂေါပကလူကြီးများမှာ ဘုရား စောင်းတန်းပြင်ခြင်း ၊မုခ်ဦးတည်ဆောက်ခြင်း၊စာကြည့်တိုက်တည်ဆောက်ခြင်း၊ဘုရားရွှေချခြင်းစသည်ဖြင့် ကြည်ညိုဖွယ်ရာများကို နှစ်စဉ်ပြု လုပ်နေခဲ့ကြပါသည်။ယင်းသို့ပြုလုပ်ကြရာတွင်လည်း သြ၀ါဒါစရိယ ဆရာ တော်ကြီးများ၏ သြ၀ါဒကိုခံယူပြီးမှလုပ်ခြင်း၊ တစ်နှစ်တစ်ခါ ငွေစာရင်းရှင်းခြင်းများ မှန်မှန်ပြုလုပ် နေခဲ့ကြပါသည်။သို့သော် မင်းကိုနိုင်တို့ပြန်သွားမှ သူတို့ကို ပိုမိုအာရုံစိုက်ခါအပြစ်ရှာနေသလို ခုံဖွဲ့စစ်ဆေးနေသဖြင့် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများလည်း စိတ်မ ကောင်းဖြစ် နေကြရပါ သည်။

    ၄။ အဆိုပါ ၈၈ မျိုးဆက်ကျောင်းသားများသည် မြိုင်နယ်လက်ယက်မရွာဘက်သို့ပါ ဒေသခံ NLDအဖွဲ့ဝင်များကဖိတ်သွားသဖြင့် ဟောပြောပွဲသွားခဲ့ကြရပါသေးသည်။ယင်းသို့သွားသည်ကို လက်ယက်မ တိုက်နယ် ဆေးရုံမှသူနာပြုဆရာမတစ်ဦး၏ခင်ပွန်းဖြစ်သူ(မြို့နယ်NLD အဖွဲ့ဝင်)ကဖိတ်ကြားစီစဉ် သည်ဟု ဆိုကာဦးမြင့်တင်ကမြို့နယ်ဆရာဝန်မှတဆင့်တိုက်နယ်ဆရာဝန်ဒေါက်တာအေးသန္တာကြည်ကိုပါ အဆိုပါဆရာမအားခေါ်ပြီးနေ့ခြင်းအရောက်လာခဲ့ရန် ပူးတွဲဆင့်ခေါ်ပြီးယင်းဆရာမအား မိမိအိမ်သားကို နိုင်ငံရေး မလုပ်စေဖို့ အကြပ်ကိုင်လက်မှတ်ထိုးကတိတောင်းခဲ့သည်ဟု သစ်ထူးလွင် သတင်းတွင်ပါလာ သည်ထိ ဖြစ်ခဲ့ပါသေးသည်။
သို့ပါ၍ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေနှင့် နေပြည်တော်ရှိ သမ္မတကြီးအပါ အ၀င်ခေါင်းဆောင်အားလုံးသိရှိခါ မြိုင်မြို့နယ် အုပ်ချုပ်ရေးမှူးဦးမြင့်တင်ဆိုသူအား ပြည်သူများ၏ ဒဏ်ခတ် ခြင်းမခံရမီ အမြန်ဆုံးပြုပြင်တားဆီးပေးနိုင်စေရန် လေးစားစွာတင်ပြအသိပေးလိုက်ရပါသည်ခင်ဗျား။  

ပေးပို့သူများ။    ။၁/ ဦးမြင့်စိုး။ ဖုန်း=၀၉၄၀၁၅၀၁၂၉၈၂/ဦးခင်မောင်ကျော်။ဖုန်း= ၀၉၄၇၂၂၄၅၅၂။ ၃/ ဦးအောင်ခင်ဝင်း၊ ဖုန်း= ၀၆၂၄၀၂၄၈။

သစ်ထူးလွင်

No comments:

Post a Comment