Monday 3 September 2012

ခရီးသည်တွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ယာဉ်နောက်လိုက်များ


7115နေ့စဉ်ကိုယ်ပိုင်ကားမစီးနိုင် သူများ ယာဉ်ကြောအလိုက်ကား  ဒုက္ခခံနေကြရသည်။ တစ်လတစ် ကြိမ်ရန်ကုန်လာပြီး မြန်မာနိုင်ငံ  စာရေးဆရာအသင်းသို့ အစည်း အဝေးတက်ရောက်နေရတဲ့ စာရေး  ဆရာတစ်ယောက်အနေနဲ့ ကိုယ် ပိုင်ကားမရှိတဲ့ဘ၀မှာ ဂျာနယ်တိုက်၊
 သတင်းစာတိုက်၊ စာပေဗိမာန်တို့ သို့ သွားတိုင်းရန်ကင်းနယ်မြေမှ ကားလိုင်းများရဲ့ ယာဉ်နောက်လိုက်  များ၏။လမ်းပေါ်ပြေးဆွဲနေသော  ကားလိုင်းများမှ မှတ်သားစဖွယ်  ထွက်ပေါ်လာသော “နံနက်ခင်း သြ၀ါဒ” စကားများကား “တည့်တည့်  မတိုးနဲ့၊ စောင်းတိုးကြ” “ခင်ဗျားတို့   လူစကားနည်းမလည်ဘူးလား” “အထဲရောက်အောင်ဝင်၊ မှတ်တိုင်   မရောက်ခင်ကြိုပြော”စတဲ့ ယဉ်ကျေးသိမ်မွေ့သောစကားများ ကို သာယာနာပျော်ဖွယ်အပ် ကြောင်းထပ်ကြားနေရတာဖြင့် ဆယ်စုနှစ်တစ်စုမကကြာမြင့်ခဲ့ပါ ပြီ။
ခရီးသွားပြည်သူတွေသွားလာ   မှုလွယ်ကူရေးအတွက်နိုင်ငံတော်  နှင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး   က နေ့စဉ်သွားလာနေကြသော   ခရီးသွားပြည်သူများအတွက် ကား  စီးရေများတိုးပြီး ဆောင်ရွက်နေ ကြသော်လည်း ရုံးသွားရုံးပြန်ချိန် များမှာ ကားဒုက္ခက အနည်းနှင့်  အများခံစားနေကြရဆဲပင်။
ကားခကို လမ်းပိုင်းအလိုက် ၅၀၊ ၁၀၀၊ ၂၀၀ ကျပ် အသီးသီး တောင်းခံရန် ကားအတွင်းအမိုးနှင့်  နံရံတွေမှာကပ်ထားသည်။ မကျေ နပ်လျှင် ဆက်သွယ်တိုင်ကြားရန်  ဖုန်းနံပါတ်များလည်း ရေးကပ်ထား  သည်။
သို့သော် “စကားနည်းရန်စဲ”  သဘောထားကြပြီး ခရီးသည် အများစုက တိုင်ကြားခြင်းမပြုကြ။  အထူးယာဉ်လိုင်းများက ကျပ် ၂၀၀ ဖြင့် ပုံသေနှုန်းအဖိုးအခယူပြီး ပြေးဆွဲနေကြသော်လည်း ထိုင်ခုံ နေရာမရပဲ တန်းကိုဆွဲကိုင်ပြီးလိုက်  ပါနေကြရသည်။ အခကြေးငွေ ထိုက်ထိုက်တန်တန်ပေးဆောင် ထားရသော်လည်း စီးနင်းလိုက်ပါ ရာ၌ အဆင်မပြေမှုများတွေ့ကြရ သည်။
ယာဉ်ချင်းပြိုင်ဆိုင်မောင်းနှင် မှုလှိုင်းဂယက်မှာ အပြစ်မဲ့ခရီးသွား  ပြည်သူတွေ ဘုရားတပြီးရင်တမမ ဖြင့် စီးနင်းကြရသောဒုက္ခက မသေး  လှပါ။
ရှေ့ကားကို ကျော်တက်ချင် သောစိတ်၊ နောက်ကားကကိုယ့် ကို မကျော်လွှားစေချင်သော စိတ်များဖြင့် ကားချင်းယှဉ်ပြိုင် မောင်းနှင်နေကြသော ယာဉ်မောင်း များလက်ဝယ် မိမိအသက်ကို ၀ကွက်အပ်ထားကြရသော ခရီး သွားပြည်သူတွေရဲ့ဒုက္ခများကို သက်ဆိုင်ရာဌာနအကြီးအကဲများ   သိရှိစေချင်ပါသည်။
မှတ်တိုင်မှာ ကြာကြာမရပ်ဘဲ  ဆင်းမည့်ခရီးသည်ကို မှတ်တိုင် ကြိုပြောပြီး အတင်းအပြေးအလွှား   ဆင်းစေသည်။ အဆင်းနောက်ကျ  သည့် ခရီးသည်၊ တံခါးပေါက်နား ကြိုတင်မရောက်သည့်ခရီးသည် များကို ရိုင်းစိုင်းစွာမာန်မဲ ငေါက် ငန်းကြသေးသည်။ မှတ်တိုင်တွင် မရပ်၊ မှတ်တိုင်ကျော်မှသာရပ်ပေး  ၍ ဆင်းရသည့်ဒုက္ခ၊ ကားစပယ် ကာ ယာဉ်နောက်လိုက်များ ပြောချင်သလိုပြောဆိုခြင်းများကို ခံရပြီး သူတို့ဆင်းခိုင်းသည့်နေရာ   မှသာဆင်းရသဖြင့် ခရီးသွားပြည်သူ  များဖက်ကလွန်စွာမှ အဆင်မပြေ  ဖြစ်ကြရပါသည်။ အချိန်တိုနာရီ ပိုင်းအတွင်း သတင်းစာတိုက်ဂျာနယ်    တိုက်များသို့သွားလာရသောဒုက္ခ  ကလစဉ်တစ်လတစ်ကြိမ်မလွဲမသွေ ကြုံတွေ့နေရသည်။
ယာဉ်ကားလိုင်းပေါ်မှာ လူပို တင်ဆောင်၊ သတ်မှတ်ဈေးနှုန်း  ထက်ပိုတောင်းနေကြသည်ကို တွေ့နေရသည်။ ယာဉ်လိုင်းတိုင်း မှာ ယာဉ်စစ်ဆေးရေးမှူးများထား  ရှိသော်လည်း ထိုနည်းလည်းကောင်း  သာ။
ခရီးသည်အများစု၏ ဒုက္ခ ကို ကိုယ်ချင်းစာတရားရှိရှိဖြင့် စိတ်ချမ်းမြေ့အောင်ဆောင်ရွက်  ပေးနိုင်ကြပါစေဟု ဆန္ဒပြုလိုက် မိပါသည်။

သတင်းထောက်-ခင်မောင်ညိမ်း

By Hot News Weekly

No comments:

Post a Comment