Thursday 30 August 2012

ဒေါ်အောင်ဆန်းစုကြည် NED က ဆုပေးပွဲမှာ မိန့်ခွန်းပြောမည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်အခြေစိုက် National
Endowment for Democracy's (NED) မှာ မိန့်ခွန်းပြောကြားပါမယ်။

မြန်မာ့အရေး တက်ြ
ကွလှုပ်ရှားသူ ၅ ဦးကို ပေးအပ်မယ့် NED ရဲ့ ယခုနှစ်အတွက် ဒီမိုကရေစီဆု 2012 Democracy Award ဆုပေးပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်ပြီး မိန့်ခွန်းပြောဖို့ ရှိတာကို NED ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိခိုက် အခုလို မြန်မာ့အရေး ထိပ်တန်း တက်ကြွလှုပ်ရှားသူတွေနဲ့ ဆုံတွေ့ကြမှာလည်းဖြစ်ပါတယ်။

ဒီနှစ်အတွက် NED ရဲ့ ဆုရရှိသူ ၅ ဦးကတော့ ဦးမင်းကိုနိုင် (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)၊ ဦးခွန်ထွန်းဦး( ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ)၊ ဦးကျော်သူ ( ရုပ်ရှင် သရုပ်ဆောင်၊ နာရေး ကူညီမှု အသင်း- ရန်ကုန်)ဆိုတဲ့ ပြည်တွင်းက ၃ ဦးတို့ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်မှာ ကျန်းမာရေး စောင့်ရှောက် မှု များ လုပ်နေတဲ့ မယ်တော်ဆေးခန်းက ဒေါက်တာ စင်သီယာမောင်၊ အမေရိကန် အခြေစိုက် USCB
ညွှန်ကြားရေးမှူး ဦးအောင်ဒင်တို့ ဖြစ်ပါတယ်။

သူတို့ ၅ ဦးကို NED က မြန်မာ့ဒီမိုကရေစီအရေးကို အားပေး ဂုဏ်ပြုတဲ့အနေနဲ့ အခုလို ဆုကိုပေးအပ်ချီးမြှင့် တာလည်းဖြစ် ပါတယ်။

By Irrawaddy

No comments:

Post a Comment