Thursday 30 August 2012

အရှင်ဝီရသူဦးဆောင်သည့် မန္တလေး ၆ မြို့နယ်စက်တင်ဘာ ၂ ရက်တွင် ဆန္ဒဖော်ထုတ်ပွဲကြီး ပြုလုပ်မည်''


ရခိုင်ပဋိပက္ခနှင့် ပတ်သက်ပြီးနိုင်ငံတော်
သမ္မတအားထောက်ခံကာ မစ္စတာ
ကင်တားနားကို ကန့်ကွက်ဆန္ဒထုတ်
ဖော်ပွဲအား မန္တလေးမြို့ မစိုးရိမ်တိုက်သစ်

 ဓမ္မသဟာရကျောင်းနာယက
ဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)က ဦးဆောင်ကာမန္တလေး(၆) မြို့နယ်တွင်
ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂ ရက်တွင် ချမ်းအေးသာစံမြို့နယ် ၊ မဟာအောင်မြေမြို့နယ်၊အောင်မြေသာစံမြို့နယ်၊ စက်တင်ဘာ ၃ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ချမ်းမြသာစည်မြို့နယ်၊ စက်တင်ဘာ ၄ ရက်တွင် အမရပူရမြို့နယ်တို့ ၌ပြုလုပ်သွားမည်ဟု ဆရာတော် အရှင်ဝီရသူ က မိန့်ကြားသည်။

ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများသည်တိုင်းရင်းသားမဟုတ်ကြောင်း ကမ္ဘာကြီးသိစေရန်၊ ဘင်္ဂါလီများ၏အကြမ်းဖက်မှုကို မြန်မာပြည်ဖွားတိုင်းရင်းသားအားလုံးက ရှုတ်ချကြောင်း
ကမ္ဘာကြီးသိစေရန်၊ရခိုင်တံခါးနှင့်ရခိုင်ပြည် သူလုံခြုံရေးကိုအစိုးရအစဉ်အဆက်အလေးနက်
ထားနိုင်ရန်ဖြစ်ကြောင်း ဆရာတော်ကမိန့်ကြားသည်။

7day news

ရွှေမြန်မာ

No comments:

Post a Comment