Thursday 30 August 2012

ပြည်သူ့အသံနှင့် အမှန်တရား လွှတ်တော်တွင်း ညံပြီလား


ကြီးမားခံ့ ညားသော လွှတ်တော် အဆောက်အအုံ အတွင်းမြင်ကွင်းများ က တီဗီဖန် သားပြင်ပေါ်တွင် သက် ဝင်လှုပ်ရှားနေသည်။ အမျိုးသားဝတ်စုံ အဆင်တန် ဆာတစ်ခုဖြစ်သော မောင့်ကျက်သ ရေခေါင်းပေါင်းများဖြင့် လွှတ်တော် ကိုယ်စားလှယ်များ။ ရှေ့ဘက်စင်မြင့် ပေါ်မှ လွှတ်တော်ဥက္ကဋ္ဌက အဆို တင်သွင်းနေသော
ကိုယ်စားလှယ် ကို ကြည့်နေသည်။ တင်သွင်းသော အဆိုနှင့် အကြောင်းအရာများကို မြန်မာ့အသံအစီအစဉ်တင်ဆက်သူ က သတင်းအဖြစ် ထုတ်လွှင့်နေခြင်း  ဖြစ်သည်။ သို့သော် တီဗီရှေ့တွင် မည်သူ မျှမရှိပါ။ ''မိန်းမ တီဗီပိတ်လိုက်ဦး လေ''။''ရှင်မကြည့်တော့ဘူးလား။ သတင်းလာနေတယ်လေ''။ ''ဘာမှ မဟုတ်ပါဘူးကွာ။ စာတွေပဲ ဖတ်ပြ နေတာ။ ဒါပဲ။ ပိတ်လိုက်တော့။''အထက်ပါအဖြစ်အပျက်နှင့် စကားများမှာ လုပ်ကြံဖန်တီးထား သော ဇာတ်လမ်းမဟုတ်ပါ။ ရန်ကုန် မြို့ရှိ၊ မြို့နယ်တစ်ခုမှ အသက် ၃ဝ ဝန်းကျင်ရှိ ဘွဲ့ရပညာတတ် ကုမ္ပဏီ  ဝန်ထမ်းလင်မယားနှစ်ဦး၏ညစဉ် ၈ နာရီသတင်းလာချိန်တိုင်း ဖြစ်ပျက်နေ ကျအကြောင်းအရာတစ်ခုအား ကာယကံရှင်များ ကပြောပြခြင်းဖြစ်သည်။ ''ကျွန်တော်တို့က ဘာတွေလုပ် ပေးမယ်၊ ဘာတွေပြောင်းလဲမယ်ဆို တာကိုပဲ လက်တွေ့ကျကျ သိချင် တယ်။ အခုဟာက ဘယ်တုန်းက ဘယ်လိုတွေ လုပ်ခဲ့တယ်။ ဘာတွေ ဘယ်နှခုရှိပါတယ် ဆိုတာတွေ စားမြုံ့ပြန်နေတာ။ ဝန်ခံရရင် လွှတ် တော်ကို စိတ်ကိုမဝင်စားတာ''ဟု အထက် ပါလင်မယားမှ အမျိုးသား ဖြစ်သူ အိုင်တီပညာရှင် ကိုရဲမင်းက ဆိုသည်။

လွှတ်တော်သို့မဟုတ် သမိုင်းအချိုးအကွေ့ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ရွေး ကောက်ပွဲပြီးနောက်ပိုင်း ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလတွင် အမျိုးသားလွှတ် တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေ သကြီးလွှတ်တော်များ အသီးသီးပေါ် ပေါက်ခဲ့သည်။ ယင်းနောက် ပြည် ထောင်စုလွှတ်တော်မှ တစ်ဆင့် ဦးသိန်းစိန်ဦးဆောင်သော အစိုးရ တစ်ရပ်ပေါ်ပေါက်လာသည်။ နှစ်ပေါင်းများစွာ ပြင်ဆင်ရေးဆွဲ ခဲ့သော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေစတင်အသက်ဝင်ခြင်းနှင့်အတူ နှစ်ပေါင်း ၅ဝ ခန့်အတွင်း မြန်မာနိုင်ငံ ၌ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဟူ၍ တိုင်းပြည် အချုပ်အခြာအာဏာကို ပဲ့ပြင် ထိန်းကြောင်းမည့် မဏ္ဍိုင်သုံးရပ် တစ်သီးတခြားစီ ပေါ်ပေါက်လာ သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲကို မယုံကြည်သူများပင် သမ္မတဦးသိန်း စိန်၏ သန့်ရှင်းသော အစိုးရ၊ ကောင်း မွန်သော အုပ်ချုပ်ရေး မိန့် ခွန်းများကြောင့် တပ်မတော် တစ် ပိုင်းအရပ်သားအစိုးရကို စတင် ယုံကြည်ခဲ့သည်။ ''အစိုးရအဖွဲ့အစည်းက အစိုးရ နဲ့ ဆိုင်တဲ့ အလုပ်တွေလုပ်ကြတယ်၊ တာဝန်ယူကြတယ်။ ဒီအတိုင်းပဲ တရားရေးအလုပ်တွေ လုပ်ကြတယ်။  သူတို့တာဝန်သူတို့လုပ်ကြတယ်။ ဒီလိုပဲပြည်သူများရဲ့ ကိုယ်စားလှယ်၊ အမျိုးသားများရဲ့ ကိုယ်စားလှယ်များ ပါဝင်တဲ့ ကျွန်တော်တို့ လွှတ်တော်  ကလည်း ကျွန်တော်တို့လုပ်ရမယ့် လုပ်ငန်းတာဝန်တွေ လုပ်ကြရမယ်၊၊ လုပ်တဲ့အခါမှာလည်း တာဝန်ကျေဖို့ လိုပါတယ်။ အဲဒီလို တာဝန်ကျေ အောင် လုပ်ဖို့ဆိုရင် ကျွန်တော်တို့ တွေက မိမိတို့ရဲ့ အဓိကလုပ်ငန်း တွေကို ထမ်းဆောင်တဲ့အခါမှာ တာဝန်ကျေအောင်လုပ်နိုင်တဲ့ စွမ်း ရည်၊ အရည်အချင်းတွေ ရှိဖို့လိုပါ တယ်''ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂ဝ၁၁ ခုနှစ်၊ မေလ ၂၃ ရက်နေ့လွှတ် တော်ရုံးခန်းမ၌ ပြုလုပ်သော ပြည်သူ့လွှတ် တော်၊ အမျိုးသားလွှတ် တော်ကော်မတီ (၄) ရပ်၊ တိုင်း ဒေသကြီးနှင့် ပြည် နယ်လွှတ်တော် ဥက္ကဋ္ဌများ၏ လွှတ် တော်လုပ်ငန်း ဆိုင်ရာ ဆွေးနွေးပွဲတွင် လမ်းညွှန် မှာကြားခဲ့သည်။ ထို့အပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက လက်ရှိအ ခြေအနေနှင့် မကိုက်ညီသည့် ဥပဒေ များကို ပြင်ဆင်ရေး၊ ဖြည့်စွက်ရေး၊ ပယ်ဖျက်ရေး၊ အသစ်ပြဋ္ဌာန်းရေး သည် နိုင်ငံနှင့် ပြည်သူအတွက် အဓိကတာဝန်တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ထိုအချိန်မှ စ၍ သူရဦးရွှေမန်း နှင့် ဥပဒေပြုရေးမဏ္ဍိုင်ကို နိုင်ငံရေး လေ့လာစောင့်ကြည့်သူအချို့ စိတ် ဝင်တစားရှိခဲ့သည်။ သို့သော် . . ယခင်လွှတ်တော်သုံးကြိမ် ကျင်းပခဲ့စဉ်ကထက် ဇူလိုင်လ ၄ ရက်က စတင်ကျင်းပသော လွှတ် တော်အစည်းအဝေးများမှစ၍ ကြား ဖြတ်ရွေးကောက်ပွဲ၌ ပြည်သူ၏ တစ်ခဲနက် ထောက်ခံမှုဖြင့် လွှတ် တော်တွင်းရောက်ရှိလာသည့် NLDကိုယ်စားလှယ်များကို ပြည်သူက ပိုစိတ်ဝင်စားခဲ့သည်။ ထို့ကြောင့်ပင် NLD ပါတီမှ ပုသိမ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းသော အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုစာရင်းတင်ပြရေးနှင့် ပတ် သက်၍ လွှတ်တော်၏ တုံ့ပြန်မှုကို လူထုက အလေးထားခဲ့သည်။ သို့ သော် ထောက်ခံမဲ ၆၈ မဲသာရ၍ အပြတ်အသတ်ရှုံးနိမ့်ပြီး တင်သွင်း သော အဆိုပျက်ပြယ်ခဲ့သည်။

မတူသောဆန္ဒများဖြင့် လွှတ်တော် ''အစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင် မှုထုတ်ဖော်ကြေညာရေးအဆို တင်တာ လွှတ်တော်က ပယ်ချ လိုက်တယ်။ ဒါကို ပြည်သူက ဘယ်လိုသဘောထားမလဲ။ ပြည်သူ က နိုင်ငံ့ခေါင်းဆောင်တွေကို အစိုးရ မဖြစ်ခင်က ဘာအလုပ်လုပ်လဲ။ အစိုးရဖြစ်ပြီးနောက် သန့်ရှင်းစွာ အလုပ်လုပ်လားဆိုတာ ပြည်သူက အစစ်ဆေးခံစေချင်တာ။ ပြည်သူရဲ့ ရွေးချယ်မှုနဲ့ အစိုးရလုပ်သူဟာ သူ တို့ရဲ့ ရိုးသားဖြောင့်မတ်မှုအတွက် စစ်ဆေးခံသင့်တယ်။ ဒါကို မလိုဘူး ဆိုပြီး ပယ်ချတယ်။ ဒီလိုပယ်ချတာ အကြောင်းတော့ရှိရမယ်။ ဒါကို စဉ်း စားလို့မရဘူး''ဟု မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူ ပြည်သူ့ ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီ တာ စာရေးဆရာ မောင်ဝံသက ပြောသည်။ထိုနည်းတူပင် လက်ရှိ လူထုအတွင်းလူပြော အများဆုံး ရှုပ်ထွေးမှုအဖြစ်ဆုံး ဖြစ်ပေါ်နေသော လယ် ယာမြေပိုင်ဆိုင်မှုအငြင်းပွားပြဿနာ များနှင့် ပတ်သက်၍ ဇူလိုင်လ ၂၃ ရက်က ကျင်းပသော ပြည်ထောင် စုလွှတ်တော်တွင် ဇလွန်မဲဆန္ဒနယ် မှ ဦးတင်ထွတ်က လယ်ယာမြေများ သိမ်းဆည်းခံ ရခြင်းများအား စုံစမ်း လေ့လာဖော်ထုတ်ပြီးတောင်သူများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဆောင်ရွက်ပေးရန် အဆိုကို တင်သွင်းခဲ့သည်။ ယင်းအဆိုကို ထောက်ခံ ဆွေးနွေးသူများစွာဖြင့် အတည်ဖြစ်ခဲ့ သော်လည်း ကန့်ကွက်သူများမှာ လည်း မနည်းပေ။''မတရားသိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေကို စုံစမ်းစစ်ဆေး ရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးဖို့ ဒါက အောင်မြင်တယ်။ ဒါပေမဲ့ ကန့် ကွက်တဲ့သူတွေက များတယ်။ ဒါကို မစစ်ဆေးသင့်ဘူးဆိုပြီး မဲပေးတဲ့သူ တွေ။ အဲတော့ ကျွန်တော်တစ်ခု စဉ်းစား တယ်။ ပါတီကနေပြီး ဒီအဆို အတည်ပြုသွားလို့ ဘယ်လိုမှ မဖြစ် သင့်ဘူးဆိုပြီး အပေါ်က ညွှန်ကြား၊ အဲဒီအတိုင်း ကန့်ကွက် ပေါ့။ ပြည်သူလူထုရဲ့ သဘောထားနဲ့ လုံးဝဆန့် ကျင်ပြီးဆုံးဖြတ်တဲ့ပါတီဟာ နောက် ရွေးကောက်ပွဲမှာ သေချာပေါက်ရှုံး မှာပဲ။ ဘယ်လိုမှ ရပ်တည်လို့မရ တော့ဘူး''ဟု လွှတ်တော်အတွင်း အဆိုနှင့် မေးခွန်းများ ကန့်ကွက် ပယ်ချခံရခြင်းများနှင့် ပတ်သက်၍ စာရေးဆရာမောင်ဝံသက သုံးသပ် ပြောကြားသည်။

ဝေဖန်မှုများကြားက သက်ဝင်နေတဲ့ လွှတ်တော်ယခုလအတွင်း လွှတ်တော် အစည်းအဝေးများကို နိုင်ငံရေးလေ့လာစောင့်ကြည့် သူများနှင့် စိတ်ဝင် စားသူများအကြား ဝေဖန်သံအမျိုးမျိုး ထွက်ခဲ့သည်။ သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ အခြေ ခံဥပဒေခုံရုံးကိစ္စနှင့် ပတ်သက်၍ အ ပြန်အလှန်သဝဏ်လွှာပေးပို့ခြင်းအ ပါအဝင် ပြည်သူလူထုနှင့် တိုက်ရိုက် ပတ်သက် သော အထက်ပါ လယ်ယာမြေအငြင်းပွားမှု ကိစ္စများ၊ အစိုးရအဖွဲ့များ၏ ပိုင်ဆိုင်မှု ထုတ်ဖော် ကြေညာရေး အဆိုတို့ကြောင့် အိပ်နေသော လွှတ်တော်မဟုတ် ကြောင်း သက်သေသာဓကပြရာ ရောက်သည်။ပြည်သူလူထုသည် ၄င်းတို့၏ အခြေခံ စားဝတ်နေရေးနှင့် ပတ်သက် လာသောအခါ လွှတ်တော်အပေါ် စိတ်ဝင်စားလာခဲ့သည်။ ယခင်လွှတ်တော်အကြိမ် များတွင် မေးမြန်းသူ လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်နှင့် ပတ်သက်ပြီး သက် ဆိုင်ရာ ဝန်ကြီးဌာန၏ ပြန်လည် ဖြေဆိုချက်များ ဘဝင်မကျခဲ့သော် လည်း ပြည်သူလူထု၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်မည့် ကိစ္စကို ပြည်သူလူထုစိတ်ဝင်စားမည်ဖြစ် ကြောင်း အသက် ၆ဝ ကျော်အ ရွယ် မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူ က ဆိုသည်။ ''တိုင်းဒေသကြီးနဲ့ပြည်နယ် မှာ လွှတ်တော် မှာ လုပ်ရမယ့်ကိစ္စတော် တော်များများကိုလည်း ပြည်ထောင် စုအဆင့် လွှတ်တော်မှာ တင် နေ ကြတယ်။ အဲဒီမှာက တစ်နိုင်ငံ လုံး နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ ကိစ္စ တွေကိုပဲ လုပ်ရမှာ။ အခုဟာက ကျွန်တော်တို့ ဒေသတွေမှာ ဆေးရုံမရှိလို့၊ လမ်းမကောင်းလို့၊ ရေချိုး ခန်းမရှိလို့ အိမ်သာမရှိလို့ဆိုတာ မျိုးတွေ၊ ဒါအဓိပ္ပာယ်မရှိဘူး''ဟု ရှမ်းတိုင်းရင်းသား များဒီမိုကရက် တစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစောသန်းမြင့်က ပြောသည်။ ယင်းအပြင် ''အမျိုးသားဒီမို ကရေစီအင်အားစုမှ ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက လွှတ်တော်အစ ပိုင်းကာလများတွင် ဝန်ကြီးဌာနများ ၏ ဖြေကြားမှုနှင့်ပတ်သက်၍ ''ဝန် ကြီးတွေ ပထမဆုံးလွှတ်တော်မှာ ဖြေကြားတာဘာမှ ရေရေရာရာမရှိ ဘူး၊ ပြီးခဲ့တာတွေ ပြောပြီးဘာ လုပ်ပေးမယ်ဆိုတာ မပါဘူး''ဟု လွှတ် တော်တွင်း အခြေအနေကို ပြန် ပြောင်းပြောပြသည်။တစ်နှစ်နှင့် ခြောက်လသာရှိ သေးသော လွှတ်တော်အနေဖြင့် အတွေ့အကြုံနှင့် ဒီမိုကရေစီရင့်ကျက် မှုလိုအပ်နေသေးကြောင်း သုံးသပ် သူများ များစွာရှိသည်။ ထိုနုနယ် သော သက်တမ်းကာလအတွင်း အရေးကြီးသော ဥပဒေများ ပြဋ္ဌာန်း အတည်ပြုပေးခြင်း၊ ပြင်ဆင်ပယ် ဖျက်ခြင်းများပြုလုပ်ခဲ့သည်ဟု ထောက်ခံပြောကြားသူများလည်း ရှိ သည်ပင်။''တဖြည်းဖြည်းတော့ လုပ် ပိုင်ခွင့်ဘောင်ထဲကနေ တိုးတိုးပြီး ဆောင်ရွက်နိုင် ခဲ့တယ်လို့ ယူဆမိပါ တယ်။ တစ်ထပ်တည်းကျအောင် ကြိုးစားနေပြီလို့ ကျွန်တော်တော့ ဒီလိုပဲ ပြောနိုင်ပါတယ်။ ဆောင်ပုဒ် အတိုင်းပြည်သူ့အသံ၊ လွှတ်တော် အသံဖြစ်ပြီလို့တော့ ပြောလို့မရသေး ပါဘူး''ဟု NLD ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်း ကြိုင်က ပြောသည်။ ထို့အပြင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ၄င်းအနေဖြင့် လွှတ်တော်တွင်း အဆိုတင်သွင်းခြင်း၊ မေးခွန်းမေးမြန်းခြင်းများသည် ပြည်သူမှလာသော ပြည်သူ့ဆန္ဒများသာ ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်  အားလုံး ပြည်သူ့အသံအစစ်အမှန် ဖော်ထုတ်ရန်မှာ အချိန်အတိုင်းအတာတစ်ခုနှင့် အတွေ့အကြုံအပေါ် အခြေခံ၍ ပြည်သူက ထိန်းကျောင်း သွားရမည်ဖြစ်ကြောင်းပြောကြားသည်။

ကော်မတီများ မျှထမ်းရတော့မည့် လွှတ်တော်၏ ထမ်းပိုးထိုကဲ့သို့ ဥပဒေပြုရေးမဏ္ဍိုင်၏ လုပ်ဆောင်ချက်များနှင့် ပတ်သက် လျှင် လွှတ်တော်အတွင်း  ရေးရာကော်မတီများ၏အခန်းကဏ္ဍ ကို ချန်ထားဋ္ဋ၍ မရကြောင်း သုံးသပ်ပြောကြားသူများ လည်း ရှိကြ သည်။ ယခုနောက်ဆုံး ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်သော တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအပါအဝင် ရေးရာကော်မတီ၂ဝ ကျော်ရှိရာ ၄င်းကော်မတီများ၏ သက်ဝင်လှုပ် ရှားမှုကများစွာ အခရာကျသည်ဟု အသီးသီး ပြောကြားကြသည်။ ထိုအထဲတွင် ဥပဒေကြမ်းကော် မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၊ နိုင်ငံ သားများ ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီ ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၊ တောင်သူ လယ်သမားများ၊ အလုပ်သမားများနှင့် လူငယ် ရေးရာကော်မတီ၊ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု  ကော်မတီ၊ ကျန်းမာရေးမြှင့်တင်မှု ကော်မတီ စသည့်ကော်မတီများ သည် ပြည်သူလူထု၏ အကျိုးစီး ပွားကို ဖော်ဆောင် အကောင်အထည်ဖော်ရမည့် ကော်မတီများဖြစ်ကာ လွှတ်တော်တွင်း လွှတ်တော်ပြင် ၄င်းတို့၏ ဆောင်ရွက်ချက်များ ကျယ်ပြန့် လာပါက ပြည်သူလူထုက စိတ်ဝင်တစားရှိလာမည်မှာ သေချာ သည်။ ''လွှတ်တော်ကရေးရာ ကော်မတီဆိုတဲ့ ခေါင်းစဉ်တွေက ဝန်ကြီး ဌာနတွေနဲ့ တာဝန်ဝတ္တရားတွေ ဆက်စပ်ပြီး ဆောင်ရွက်ပေးရတာပဲ ဖြစ်ပါတယ်။ ဥပမာ တရားရေးပိုင်း၊ ကျန်းမာရေးပိုင်း မှာ ပြည်သူတွေကို ထိုက်သင့်သလောက်ပဲ လုပ်ပေးနိုင် ပါတယ်။ ဆိုလိုတာက ပြည်သူလူ ထုဆီ ကွင်းဆင်းပြီးဆောင်ရွက်ပေး ဖို့ လိုနေတာပါပဲ။ ကျွန်တော်တို့ဆီ ကို စာတွေရောက်နေပေမယ့် ပြည် သူ့အသံကို တိုက်ရိုက်မကြားရသေးပါဘူး''ဟု ပြည်သူ့ လွှတ်တော် ကျန်းမာရေးမြှင့်တင်ရေးကော်မတီအဖွဲ့ ဝင်ဦးအောင်သန်းက ပြောသည်။ လွန်ခဲ့သော တစ်နှစ်နှင့် ခြောက်လ အစိုးရသစ်တက်လာပြီး နောက်သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည် တည်ဆောက်မှု ရပ်ဆိုင်းခဲ့ခြင်း၊  နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေး ခဲ့ခြင်း၊ စစ်အစိုးရလက်ထက် ကျော ခိုင်းအတိုက်အခံလုပ်ခဲ့ကြသော ဒေါ် အောင်ဆန်းစုကြည်နှင့် NLD ကို မြန်မာ့နိုင်ငံရေးအတွင်း ပါဝင်ပတ်သက်စေခြင်းများသည် တပ်မတော်တစ်ပိုင်း အရပ်သားအစိုးရကို ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံမှု၊ နိုင်ငံတကာ၏ ယုံကြည်မှုများ စသည်စသည်ဖြင့် အပေါင်းလက္ခဏာ ပေါင်းများစွာ ရှိခဲ့သည်။ ယင်းအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးနှင့် တစ်ပြေးညီ ငြိမ်း ချမ်းရေးတည် ဆောက်နိုင်ခြင်း မရှိသေးသော်လည်း လက်နက်ကိုင် အဖွဲ့အစည်း အတော်များများနှင့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည် ဆောက်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုသို့သော အကြောင်းအခြင်းအရာ များသည် တိုင်းပြည်၏ ဥပဒေပြု ရေးမဏ္ဍိုင်ဖြစ်သော လွှတ်တော်၏ အခန်းကဏ္ဍကို ချန်ထား၍မရသည် မှာ သေချာသည်။ သို့သော် လွှတ်တော်တွင်း ပြည်သူ့ဆန္ဒအစစ်အမှန်ကို ပုံဖော်ရာ၌ လျစ်လျူရှု ကန့်ကွက်နေမှုများ သည် ပြည်သူ့အသံ၊ လွှတ်တော် အသံဆိုသော ဆောင်ပုဒ်ကို ဂရုမပြု အလေးမထားသော ကိုယ်စား လှယ်များသာ ဖြစ်သည်ဟု ဆင်ခြင် မိလျှင်နောင်မဝေးတော့သော အနာ ဂတ်၌ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ အစစ်အမှန်များ လွှတ် တော်တွင်း ရောက်ရှိလာလိမ့်မည်ဟု နိုင်ငံရေး လေ့လာသူများက ဆိုသည်။ လွှတ်တော်၏ အဓိကတာဝန် ဖြစ်သည့် ဥပဒေပြုရေးသည် နယ် ပယ်အရပ်ရပ်ကို လွှမ်းခြုံထားခြင်း ကြောင့် ပြည်သူ့ကိုယ်စားလှယ် ဖြစ်သူများအားလုံး မဲဆန္ဒရှင် ပြည်သူကို ကာကွယ်စောင့်ရှောက်ပါက တိုင်း ပြည်၏ ခက်မသုံးဖြာ အာဏာကို  အများပြည်သူတို့၏ လက်ရှိအခြေ အနေနှင့် သံသယကို ကိုယ်စားပြု နေသော အိုင်တီပညာရှင် ကိုရဲမင်း ဇနီးမောင်နှံ သာမက ပြည်သူအားလုံး ယုံကြည်အားကိုး လာကြလိမ့် မည့်နေ့သည် မဝေးသောအနာဂတ်ဟု မျှော်လင့်ရင်းဖြင့်သာ . ..။

by Popular Myanmar News Journal

သစ်ထူးလွင်

No comments:

Post a Comment