Thursday 30 August 2012

ပြည်တော်ပြန်ရှေ့နေ ထောင် ၆ လကျ


နိုင်ငံတော်သမ္မတရဲ့ ပြည်ပေရာက် မြန်မာ
တွေပြန်လာကြဖို့ ဖိတ်ခေါ်ချက်နဲ့ ပြန်သွား
တဲ့ ရှေ့နေ ဦးစောကျော်ကျော်မင်းကို
မြောက်ပိုင်းခရိုင် တရားသူကြီးက မူလ
အမှုဟောင်းကို စစ်ဆေးပြီးတဲ့နောက်
အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၆ လ
စီရင်ပါတယ်။


ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးက ချမှတ်လိုက်တာလို့ တရားခွင်ကို သွားနားထောင်တဲ့ ဦးစောကျော်ကျော်မင်းရဲ့ မိတ်ဆွေ ရှေ့နေ ဦးညီညီထွေးက ပြောပါတယ်။

“မြောက်ပိုင်းခရိုင်တရားသူကြီးက စွဲဆိုထားတဲ့ ပြစ်မှုဆိုင်ရာပုဒ်မ ၂၂၈ ပါ တရားစီရင်တဲ့ ပြည်သူ့ဝန်
ထမ်းကို အေနှာင့်အယှက် ပေးတယ်ဆိုတဲ့ စွပ်စွဲချက်ပဲ ဖြစ်ပါတယ်။

ကိုစောကျော်ကျော်မင်းရဲ့ အြပုအမူတွေဟာ ဒီစွပ်စွဲချက်နဲ့ အကျုံးဝင်တယ်၊ ပြစ်မှုထင်ရှားတယ် ဆိုပြီး
တော့ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၆ လ ချလိုက်ပါတယ်”လို့  ပြောပါတယ်။

ဦးညီညီထွေးဟာ ဒီအမှုမှာ အမှုတွဲဖြစ်ပြီး ထောင်ဒဏ် ၆ လ ကျခံခဲ့ပြီးဖြစ်ပါတယ်။ ဦးစောကျော်ကျော်မင်းကေတာ့ ပြည်ပကို ရှောင်တိမ်းနေရာက  ဒီနှစ် ၅ လပိုင်းမှာ မြန်မာပြည်ကို အပြန်မှာ အမှုရင်ဆိုင်ရတာပါ။

သူတို့နှစ်ဦးဟာ ၂၀ဝ၈ ခုနှစ်တုန်းက အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်ဝင် ၁၁ ဦး ဘက်ကေန ရှေ့နေ လိုက်ပါဆောင်ရွက်စဉ်က တရားခွင်မှာ အေချအတင် ပြောဆိုတဲ့အေပါ် ပြည်သူ့ဝန်ထမ်းကို အနှောင့်
အယှက် ဖြစ်စေတယ်ဆိုတဲ့ ပုဒ်မနဲ့ စွဲဆိုခဲ့တာ ဖြစ်ပါတယ်။

မနက် ၁၀ နာရီခွဲခန့်မှာ အမှုစီရင်ပြီးတဲ့နောက် ဦးစောကျော်ကျော်မင်းကို အင်းစိန်ထောင်တွင်းမှာ ချုပ်နှောင်ထားလိုက်ပြီဖြစ်ပါတယ်။ဒီထောင်ဒဏ်ချမှတ်မှုအေပါ် ရှေ့နေ ဦးညီညီထွေးက “ဒီလိုအမှုမျိုးဟာ ဒဏ်ငွေ ၂၀ဝ လောက်ရိုက်ပြီးတော့ လွှတ်ပေးလိုက်လို့ ရတဲ့အမှုမျိုး ဖြစ်ပေမယ့် အောက်ရုံးတရားသူကြီးက အမှုကို မြကီးကြီးအောင်လုပ်ပြီးတော့ တခမ်းတနားနဲ့ အဲဒီပုဒ်မနဲ့ အေရးယူနိုင်အောင် လုပ်တဲ့အမှု ဖြစ်တယ်” လို့ ဆိုပါတယ်။

ဒီအမှုကို အယူခံဆက်တက်မယ်လို့ ဦးညီညီထွေးက ပြောပါတယ်။ ဒီအမှုကို ရှေ့နေ ဦးစောကျော်ကျော်မင်းဟာ သူကိုယ်တိုင် လျှောက်လဲသလို ရှေ့နေတဦးကိုလည်း ငှားရမ်းလိုက်ပါစေ
ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ စီရင်ချက်နဲ့ ပတ်သက်လို့ ရှေ့နေ ဦးညီညီထွေးက “မြန်မာနိုင်ငံက တရားခွင်တွေမှာ ဖြစ်ပျက်တဲ့ပြဿနာပေါ်မှာ ရှေ့နေတွ၊ အမှုသည်တွေပဲ အေရးယူခံရတာမျိုးရှိပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ပုဂ္ဂိုလ်တွေ ပါဝင်ပတ်သက်လာတာမျိုးတို့လို၊ တရားသူကြီးတွေရဲ့ အပြု အမှုနဲ့ ပတ်သက်တာမျိုးတွေနဲ့ ပတ်သက်လို့ အေရးယူ အပြစ်ပေးနေတာမျိုး မေတွ့ရဘူး” လို့ ဝေဖန်ပါတယ်။

အဲဒီနေ့က ဒီအမှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်တဲ့ ရဲအရာထမ်း၊ အမှုထမ်းကိုလည်း အခုထိ တစုံတရာ အေရးယူမှုမရှိဘူးလို့ ဦးညီညီထွေးက ပြောပါတယ်။

DDV (မြန်မာပိုင်း)

ရွှေမြန်မာ

No comments:

Post a Comment