Thursday 30 August 2012

နယ်စပ်ဖြတ်ကျော် ကျူးကျော်ဝင်ရောက်လာသူများဟု စွပ်စွဲပြီး BGB တပ်မှ ဘင်္ဂလီများအား မြန်မာသို့ တရားမဝင် အတင်းအဓမ္မပို့ဆောင်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်နှင့်
 ဆင်မဖြူကျွန်းအကြားရှိ နယ်စပ်များမှ
 ဖမ်းဆီးရမိသော ဘင်္ဂလီများအား နယ်စပ်ဖြတ်
ကျော်ကာ တရားမ၀င်ကျူးကျော်ဝင်ရောက်


လာသူများဟု စွပ်စွဲပြီး ဘင်္ဂလားဒေ့ရှ်ရှိ (BGB)တပ်မှ ဘင်္ဂလီများအား မြန်မာသို့ နယ်စပ်မှတရားမ၀င် အတင်းအဓမ္မပို့ဆောင်ခဲ့ကြောင်း BGB တပ်များက ဒေသသတင်းထောက်များကို ထုတ်ဖေါ်ပြောဆိုချက်များအရ သိရှိရသည်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ တာခ်နာမြို့နယ် အခြေစိုက် အမှတ် (၄၂)နှင့် ကော့စ်ဘဇားမြို့အခြေစိုက် အမှတ် (၁၇)တပ်ရင်းတို့က သြဂုတ်လ (၂၅) ရက်နေ့တွင် (၄၂) ဦး၊ (၂၆) ရက်နေ့တွင် (၂၀) ဦး၊ (၂၇) ရက်နေ့တွင် (၇၀) ဦး ၊ (၂၈) ရက်နေ့တွင် (၃၆) ကိုဦးကို မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည် နယ်စပ်သို့ တရားမ၀င် ပို့ဆောင်ခဲ့ကြောင်း အမှတ် (၄၂) BGBတပ်ရင်းမှူး
ဗိုလ်မှူး ဇာဟိဒ် ဆာဆန်က ပြောသည်။

ဖမ်းဆီးရမိသော ဘင်္ဂလီများကိုပြန်လည်ပို့ဆောင်ရာတွင် ကလေးသူငယ်များနှင့် အမျိုးသမီးများပါဝင်ပြီး ရခိုင်ပြည်နယ်တောင်ပြို(၀ဲ)နှင့် တောင်ပြို(ယာ) DAINIK COX'S BAZAR နေ့က ကော့စ်ဘဇားမြို့ထုတ် ဒေသသတင်းစာများနှင့် Website များတွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသော ဘင်္ဂလီများအားလုံးအား အတင်းအဓမ္မပြန်ပို့နေခြင်းမဟုတ်ဘဲ မသင်္ခါသည့် ဘင်္ဂလီတချို့အား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

BGBက ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခဲ့သော ဘင်္ဂလီများထံမှ မှောင်ခိုလှေ၊ ရာဘားမြင်းဆေးနှင့် မြန်မာကျပ်ငွေများ သိမ်းဆည်းပြီး ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလီသတင်းထောက်များက ပြောသည်။

သြဂုတ်လ၂၅ ရက် စနေနေ့က တာခ်နာမြို့နယ်မှ ကော့စ်ဘဇားမြို့သို့ သွားသော လိုင်းကားပေါ်တွင် ဘင်္ဂလီ (၁၁၇) ဦးအား စစ်တပ်နှင့် BGB မိုရိစာ စစ်ဆေးရေးဂိတ်မှ စစ်ဆေးမှုများပြုလုပ်ရာ တစ်နေ့တည်းတွင် ဖမ်းဆီးရမိကြောင်းနှင့် တာခ်နာနှင့် နီလာမြို့နယ် စေယာမန်က ဖမ်းဆီးထားသူများအတွင်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား မဟုတ်သူများ အများအပြား ပါဝင်ကြောင်း
တွင် ဖေါ်ပြထားသည်။

ဘင်္ဂလာဒေ့ခ်ျ ၀န်ကြီးချုပ်မ ဆေခ်ဟာဆိနာ အနေဖြင့်လည်း ယင်းဘင်္ဂလီအရေးကိစ္စအတွက် သူမနိုင်ငံက လက်ခံစဉ်းစား စကားပြောစရာ အကြောင်းမရှိကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီကလည်း ၎င်းတို့မှာ အကြမ်းဖက်သောင်းကျန်းသူများဖြစ်ကြောင်း အစောပိုင်းက မှတ်ချက်ပေး ထုတ်ဖေါ်ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခစတင်ဖြစ်ပွားသော ဇွန်လ ၈ ရက်နေ့မှ ယနေ့အချိန်ထိ BGB က ရခိုင်ပြည်နယ် လ၀ကနှင့် နစကများသို့ တရားဝင်မဟုတ်ဘဲ နယ်စပ်သို့ ကျူးကျော်လာသူများဟု စွပ်စွဲကာ ဘင်္ဂလီ ၃၀၀၀ ခန့်အား နယ်စပ်မှောင်ခိုလမ်းများမှ အတင်းအဓမ္မ ပို့ဆောင်ခဲ့ကြောင်း ဒေသထုတ်သတင်းစာနှင့် ၀ပ်ဆိုဒ်များတွင် ဖေါ်ပြချက်အရ သိရှိရသည်။

Arakan Times

ရွှေမြန်မာ

No comments:

Post a Comment