Tuesday 7 August 2012

ရခိုင်ဒုက္ခသည်များအတွက် ကိုရီးယားမှ ဒေါ်လာ နှစ်သိန်းခွဲဖိုး လှူဒါန်း


ရန်ကုန် (မဇ္ဈိမ) ။       ။ ရခိုင်ဒေသတွင်းရှိ ဒုက္ခသည်များအတွက် တောင်ကိုရီးယားအစိုးရမှ အမေရိကန်ဒေါ်လာ ၂၅ဝ,ဝဝဝ တန်ဖိုးရှိ ယာယီတဲအိမ် အလုံး ၇ဝဝ နှင့် တာပေါ်လင် ၇ဝဝ ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများရုံး (UNHCR) သို့ အင်္ဂါနေ့က လှူဒါန်းလိုက်သည်။

လွှဲပြောင်းလှူဒါန်းသည့် အခမ်းအနားကို ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန် ၃ ရှိ UNHRC သိုလှောင်ရုံ၌
ကျင်းပခဲ့ပြီး
မြန်မာနိုင်ငံ တောင်ကိုရီးယားဆိုင်ရာ ဒုတိယ သံအမတ်ကြီး Mr Yun Kang Hyeon ၊ ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ KOICA ဌာနကိုယ်စားလှယ် Mr Shin Man Shik ၊ UNHCR မှ ဌာနေကိုယ်စားလှယ် Mr Johannes G.Ten Feld နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ တိုင်းဦးစီးမှုး ဦးသိန်းဌေးအောင် တို့ တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် တောင်ကိုရီးယားအစိုးရ၏ ပထမဆုံးသော လူသားချင်း စာနာသည့် အကူအညီ
ဖြစ်သည်။

By Mizzima

No comments:

Post a Comment