
ပစ်ခတ်မှုတွေဟာ မြန်မာပြည်ဒေသအသီးသီးမှာ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရ၊ သေဆုံးမှုစာရင်းကို အစိုးရအဆက်ဆက်က ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။
မြို့ပေါ်မှာ အရပ်သားတွေကို သွေးအေးအေးနဲ့ ပစ်သတ်ခဲ့ကြတာ ဘာကြောင့်လဲ?
ဆန္ဒပြသူတွေဟာ အရပ်သားများမဟုတ်ဘဲ တောထဲကသူပုန်တွေဖြစ်တယ်ဆိုပြီး စစ်သားတွေယုံအောင် အထက်အရာရှိများက ပြောဆိုထား လိမ်ထားကြတယ်လို့ တချို့က ဆိုပါတယ်။
ပစ်ခတ်ရအဆင်ပြေအောင် ငြိမ်းချမ်းစွာဆန္ဒပြမှုကို အကြမ်းဖက်ဆန္ဒပြမှုအသွင်ရောက်ဆောင် ဖန်တီးမှုတချို့လည်း ရှိခဲ့ပါတယ်။
သေချာတာကတော့ စစ်ဗိုလ်ချုပ်တွေက ဒီဖြစ်ရပ်ကို ဆက်တိုက် ဖုံးကွယ်ခဲ့၊ ကာကွယ်ပြောဆိုခဲ့ကြတာပါပဲ။
၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုအကြောင်းကို ဗိုလ်ချုပ်ကြီးများက ပြပွဲကြီးတွေ လုပ်ခဲ့ပါတယ်။ ဆန္ဒပြသူဟာ အကြမ်းဖက်သမား၊ စစ်တပ်ဟာ ကယ်တင်ရှင် ဆိုတာမျိုး လူတွေယုံအောင် လုပ်တဲ့ ပွဲတွေပါပဲ။
ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော်အတွင်း ဆန္ဒပြသူတွေဟာ သူပုန်တွေ၊ ဆူပူအကြမ်းဖက်လိုသူတွေဖြစ်တယ်၊ နိုင်ငံကို ကယ်တင်ဖို့ စစ်တပ်က မရှောင်သာဘဲ အာဏာသိမ်းရတယ်လို့ အကြိမ်ကြိမ် ဆိုခဲ့ပါတယ်။
အခုတော့ အဲဒီ ဒေသအသီးသီး လူသတ်မှုတွေကျူးလွန်ရာမှာ အနည်းနဲ့အများ တာဝန်ရှိခဲ့သူတချို့ဟာ အရပ်သားဝတ်စုံနဲ့ မြန်မာ့နိုင်ငံရေးစင်မြင့်ထက် ရှိနေမှာပါ။
အရင်ကထက် ပိုမို ပွင့်လင်းလာတဲ့ ဒီနေ့ကာလမှာတော့ ၁၉၈၈ လူထုလှုပ်ရှားမှုအတွင်း ထိခိုက်၊ သေဆုံး၊ ပျောက်ဆုံးသူများစာရင်းကို ပြုစုနေသူတွေ ရှိနေပြီလို့ ယူဆရပါတယ်။
အဲဒီအချိန်က ရန်ကုန်ဆေးရုံကြီးကို ရောက်ရှိခဲ့တဲ့ ထိခိုက်၊ သေဆုံးမှုစာရင်းကို ဧရာဝတီမှာ ဖော်ပြခဲ့ဖူးပါတယ်။
အောက်ပါ လင့်များမှာ လေ့လာနိုင်ပါပြီ။
၁၉၈၈ သြဂုတ် ၇ မှ ၁၇ အတွင်း ထိခိုက်၊ သေဆုံးမှု စာရင်း
အမှတ်စဉ် ၁ မှ ၁၂၆ အထိ
အမှတ်စဉ် ၁၂၇ မှ ၂၁၀ အထိ
By Irrawaddy
No comments:
Post a Comment