Tuesday 7 August 2012

သံတမန်နည်းဖြင့် ဖြေရှင်းရေးကြိုးပမ်းမှု တရုတ်စစ်တပ်က ဆန့်ကျင်


သံတမန်နည်းဖြင့် ဖြေရှင်းရေးကြိုးပမ်းမှု တရုတ်စစ်တပ်က ဆန့်ကျင်တောင်တရုတ် ပင်လယ်ရှိ တင်းမာမှု များနှင့် ပတ်သက်၍ ဝရုန်းသုန်းကား ဖြစ်ကာ နယ်မြေ ပိုင်ဆိုင်သည့် အငြင်းပွားမှုသည် ပို၍အရှိန်မြင့်ပြင်းထန်လာ ကြောင်းနှင့် စိုးရိမ်ဖွယ်ရာများပေါ်ပေါက်နေကြောင်း၊ အမေရိ

ကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ချမှုနှင့်စပ်လျဉ်း၍ ကန့်ကွက်ကြောင်း အမေရိကန်အကြီးတန်းသံတမန်တစ်ဦးကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူသတိပေးခဲ့သည်ဟု သိရသည်။
အမေရိကန်သံရုံး၏ ဒုတိယ အကြီးအကဲဖြစ်သူ ရော့ဘတ်ဝမ် ကို အဆိုပါပြဿနာနှင့် ပတ်သက် ၍ “အလေးအနက်ထားတင်ပြ ချက်များ”ဆောင်ရွက်ပေးရန်၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဇန် ကွန်ရှန်က ဆင့်ဆိုခဲ့ကြောင်း စနေ နေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ရပ်ဖြင့် နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ဖော်ကြေညာခဲ့သည်။ သောကြာနေ့တွင် ထုတ်ပြန် ခဲ့သော အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သဘောထားမှတ် ချက်တွင် ပိုမိုအရှိန်မြင့်လာသောဒေသတွင်းဆက်ဆံရေးတင်းမာမှု များကို စွန့်စားဆောင်ရွက်ရန်နှင့် ခြားနားမှုများကိုဖြေရှင်းရန် သံတ မန်ပူးပေါင်းကြိုးပမ်းမှုများကို အဆို ပါဒေသရှိ တရုတ်စစ်တပ်က ဆန့် ကျင်ဘက် ပြုလုပ်နေကြောင်း၊ အဆိုပါ ပင်လယ်ပြင်ရှိအခြေအနေ ကိုလည်း အနီးကပ်စောင့်ကြည့်နေ ရကြောင်း ဟူ၍ဖြစ်သည်။
တောင်တရုတ်ပင်လယ် သည်အာရှတိုက်၏အကြီးမားဆုံးစစ်ရေး အလားအလာရှိဆုံမှတ်ဖြစ်လာပြီ ဖြစ်သည်။အဆိုပါဒေသကြီးအပေါ် တောင်းဆိုထားသည့် ပေကျင်း၏ အချုပ်အခြာအာဏာသည် ဗီယက် နမ်နှင့် ဖိလစ်ပိုင်တို့ကို ထိပါးလျက် ရှိသည်။
အဆိုပါ သုံးနိုင်ငံသည် ကြီးမားသည့် ရေနံသီးသန့်ဒေသ ဖော်ထုတ်ရန် ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ အိုမင်း ဟောင်းနွမ်းနေသော စစ်ရေးအင် အားကိုမြှင့်တင်ကူညီပေးရန် ကမ်း လှမ်းထားသော်လည်း အဆိုပါကာလကြာကြာ ရေပြင်ပိုင်နက် အငြင်းပွားမှုတွင် ကြားနေအဖြစ်ရပ် တည်ကြောင်း အမေရိကန်နိုင်ငံက အလေးအနက်ထား ပြောကြားခဲ့ သည်။ ကမ္ဘာ့သင်္ဘောတင်ပို့မှု တန် ချိန်ထက်ဝက်ရှိပြီး နှစ်စဉ်ကုန်သွယ် ဖလှယ်ရာတွင် အမေရိကန်ဒေါ်လာ ၅ ထရီလီယံကို ဆောင်းကြဉ်း ပေးနိုင်သည့် ရေလမ်းခရီးနှင့်ပတ် သက်၍ အဓိက စိုးရိမ်ဖွယ်ရာမှာ လွတ်လပ်စွာ မောင်းနှင်လာနိုင်မှု သာဖြစ်ကြောင်း အမေရိကန် ပြည် ထောင်စုက ဆိုသည်။

By ရိုးရာလေး

No comments:

Post a Comment