Tuesday 7 August 2012

ကျောက်တော်မြို့ ရှိရခိုင်အမျိုးသားပိုင်ဆန်စက်မီးရှို့ ခံရ

သြဂုတ်(၆)၊ ၂၀၁၂
ကျောက်တော်မြို့နယ်၊ တောက်ပေါက်ရွာအနီးရှိ လက်ဆောက်ကောက်ကျေးရွာ(ကုလားရွာ)တွင်တည်ရှိသော ရခိုင်အမျိုးသား ဦးအောင်လှဇံပိုင်ဆိုင်သော
ဆန်စက်အား ရွာခံကုလားများမှ သိမ်းပိုက်ပြီးမီးရှို့လိုက်သည်ဟ

သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံတစ်ဦးအား မေးမြန်းဆက်သွယ်ခဲ့ပါတယ်။ အကြောင်းစုံကတော့
လက်ဆောင်ကောက်ကျေးရွာမှာ တည်ရှိတဲ့ဆန်စက်ဟာ (၅-၈-၂၀၁၂)နေ့ နေ့ခင်း(၂)နာရီလောက်ထိ လည်ပတ်ခဲ့ပါတယ်။ အဲဒီနောက်ဆန်စက်ပိုင်ရှင်က ကျောက်တော်နယ်တစ်ဝိုက်မှာပြဿနာများ ဖြစ်ပွားနေကြောင်းသိရလို့ 
ဆန်စက်ကို ပိတ်သိမ်းပြီး ဆန်စက်အတွင်းမှာရှိတဲ့ ပစ္စည်းအချို့ကို ရွှေ့ပြောင်းခဲ့ပြီး ဆန်စက်ကိုစွန့်ခွာပြီး ထွက်ပြေးခဲ့ရပါတယ်။ အဲဒီနောက် ဆန်စက်ကို ရွာခံကုလားတွေက မွန်းလွဲ (၃)(၄)နာရီလောက်မှာ သိမ်းပိုက်ပြီး
ဆန်စက်အတွင်းမှာရှိတဲ့ ကြိတ်ခွဲပြီးသား ဆန်အိတ်(၄၀၀)၊ စပါး(မကြိတ်ခွဲရသေး) ၄၀၀၀ တို့ကို ယူဆောင်ပြီး ဆန်စက်ကို ည (၁)နာရီဝန်းကျင်လောက်မှာ ဆန်စက်ကို မီးရှို့ဖျက်စီးလိုက်တယ်လို့သိရပါသည်။
မီးရှို့ဖျက်စီးလိုက်တဲ့ဆန်စက်အတွင်းမှာ စက်ပစ္စည်းများအပါအ၀င် ဆန်ခွဲ(၈၀)၊ ဆန်မှုန့်(၃၀၀) နဲ့ အခြားပစ္စည်းများ မီးထဲပါသွားကြောင်းသိရပါသည်။ မီးကတော့ ယခုအချိန်(၆-၈-၂၀၁၂)နေ့ မနက် (၁၀း၀၀)နာရီအထိ
မီးလောင်ကျွမ်းဆဲလို့သိရပါသည်။ အဲဒီနောက် အဆိုပါကျေးရွာမှ ကုလား(၂၀)ကျော်ခန့်မှ လက်နက်များကိုင်စွဲပြီး ဒေသခံရခိုင်များအား ရန်စပြီးချဲလင်းလုပ်ရန် ခေါ်တောင်းခဲ့ကြောင်းသိရသည်။ ဒေသခံများပြောစကားအရ
အဆိုပါကုလားများကိုင်ဆောင်ထားသော လက်နက်မှာ ယမ်းထောင်းသေနတ်မဟုတ်ပဲ အမှန်အကန်လက်နက်များဖြစ်သည်ဟုပြောဆိုကြပါသည်။(လက်နက်ကိစ္စကို ကျွန်တော်နေဖြင့်အတည်မပြုနိုင်သေးပါ)။
အဆိုပါကျေးရွာအတွင်းသို့ သက်ဆိုင်ရာအာဏာပိုင်များမှလည်း ၀င်ရောက်ရန်လမ်းခရီးခက်ခဲသောကြောင့် အချိန်မီမရောက်ရှိနိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရပါသည်။ ယခုအချိန်တွင် လုံခြုံရေးတပ်များဝင်ရောက်ခဲ့ပြီဖြစ်ကြောင်းသိရပါသည်။
ဓာတ်ပုံမှတ်တမ်းများအား ရရှိအောင်ကြိုးစားနေပြီး ရရှိလျှင် ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စစ်တွေမြို့ခံ ဒီနွေဦးထံမှရရှိသည်။




By News Of Myanmar

No comments:

Post a Comment