Tuesday 17 July 2012

Sky Net အပါအ၀င် လုပ်ငန်းစုံ လုပ်ကိုင်နေသည့် ရွှေသံလွင်ကုမ္ပဏီ ဘီယာ၊ စီးကရက်နှင့် အချိုရည်ထုတ် လုပ်ငန်း တည်ထောင်ရန် MIC မှ ခွင့်ပြုချက်ရရှိ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) မှ ရွှေသံလွင် ကုမ္ပဏီအား ဘီယာ၊ စီးကရက်နှင့် အချိုရည် ထုတ်လုပ်သည့် လုပ်ငန်း တည်ထောင်ရန် ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။
ရွှေသံလွင်ကုမ္ပဏီ အနေဖြင့် လက်ရှိတွင် Sky Net ရုပ်သံလိုင်းအပါအ၀င်၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်း၊ သတ္တု တွင်းတွက် လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် အခြားလုပ်ငန်းများ လုပ်ကိုင်နေခြင်းဖြစ်ပြီး ယခုအခါ ဘီယာ၊ စီးကရက်နှင့် အချိုရည်ထုတ်လုပ်ငန်းအား ထပ်မံလုပ်ကိုင်ခွင့်ရခြင်းဖြစ်ကြောင်း သိရသည်။
ဘီယာ၊ စီးကရက်နှင့် အချိုရည်ထုတ်လုပ်ငန်း လုပ်ကိုင်ခွင့်အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ မကြာသေးခင်က လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါ သည်။
"ရွှေသံလွင်ကုမ္ပဏီက လျှောက်ထားတဲ့ ဘီယာ၊ စီးကရက်၊ အချိုရည်ထုတ်လုပ်ငန်း လုပ်ကိုင်ခွင့်ကို ချထားပေးလိုက်ပါပြီ။ သိပ်မကြာခင်က ခွင့်ပြုလိုက်တာပါ။ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေ (Myanmar citizens Investment Law) အရ မြှုပ်နှံခွင့်ပြုတာပါ" ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) သို့ လုပ်ကိုင်ခွင့်ပြုရန် တင်ပြထားသည့် လုပ်ငန်းများစွာရှိကြောင်း၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်ခွင့်ပြုရန် လျှောက်ထားသည့် လုပ်ငန်းများထဲတွင် လုပ်ငန်းကြီးအနေဖြင့် လျှောက်ထားဆဲ လုပ်ငန်းမှာ မန္တလေးတိုင်းဒေသကြီးအတွင်း စက်မှုဇုန် တည်ထောင်ရန် လျှောက်ထားသည့် လုပ်ငန်းပါဝင်ကြောင်းလည်း သိရသည်။
အဆိုပါ စက်မှုဇုန် အား တည်ထောင်လုပ်ကိုင်ခွင့်ပြုရန်အတွက် Royal HighTech ကုမ္ပဏီမှ လျှောက်ထားခြင်းဖြစ်ကြောင်းနှင့် လုပ်ကိုင်ခွင့်ပြုရန် ချထားပေးခြင်း မပြုရသေးကြောင်းလည်း သိရသည်။
"လျှောက်ထားတဲ့ လုပ်ငန်းတွေကတော့ ရှိပါတယ်။ အခုနောက်ဆုံး ခွင့်ပြုမိန့်ပေးခဲ့တာကတော့ ဒီလပိုင်းမှာ ရွှေသံလွင်ရဲ့လုပ်ငန်းပါ။  ခွင့်ပြုမိန့် ချမပေးရသေးတဲ့ လုပ်ငန်းထဲမှာ လုပ်ငန်းကြီးတာဆိုရင်တော့ မန္တလေးက လျှောက်ထားတဲ့ စက်မှုဇုန် ပဲရှိတယ်။ ဒါကိုတော့ Royal HighTech က လျှောက်တာပါ"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
နိုင်ငံသားများ ကဏ္ဍအလိုက် မြှုပ်နှံမှုပမာဏ(ကျပ်၊ သန်း)
လုပ်ငန်းအမျိုးအစား၂-၄-၂၀၁၂ ထိမြှုပ်နှံမှု၂၁-၅-၂၀၁၂ ထိမြှုပ်နှံမှု
အရေအတွက်  ပမာဏအရေအတွက်ပမာဏ
ဆောက်လုပ်ရေး         ၅၂           ၆၃၂၃၀၈ .၉၃၅၂၆၃၂၃၀၈ .၉၃
စွမ်းအင်       ၂၄၁၈၆၃ .၂၄၂၄၁၈၆၃ .၂၄
ကုန်ထုတ်လုပ်မှု     ၅၈၂၄၆၂၇၈၀ .၈၄၅၈၂၄၅၂၈၄၂ .၄၆
အခြား   ၁၇၁၄၄၁၅၀ .၁၆၁၇၁၄၄၁၅၀ .၁၆
အိမ်ခြံမြေ     ၃၁၃၅၀၈၁ .၉၆၃၁၃၅၀၈၁ .၉၆
သယ်ယူပို့ဆောင်ရေး                ၁၇၇၁၇၂၀ .၆၂၁၈၇၁၉၃၇ .၆၂
ရေထွက်ကုန်               ၅၆၁၅၃၅၃ .၀၀၅၆၁၅၃၅၃ .၀၀
သတ္တုတူးဖော်ရေး                      ၅၀၁၀၅၀၇ .၉၂၅၁၁၁၀၀၇ .၉၂
ဟိုတယ်နှင့်ခရီးသွားလာရေး       ၂၃၅၄၂၃၆ .၅၃၂၃၅၄၂၃၆ .၅၃
စက်မှု    ၁၀၁၂ .၇၉၁၀၁၂ .၇၉
လယ်ယာစိုက်ပျိုးရေး     ၅        ၅၄၇ .၉၀၅၄၇ .၉၀

No comments:

Post a Comment