ရန်ကုန်က မူကြိုကျောင်းတခုအတွက် လှူဒါန်းခဲ့တဲ့ ကြက်ဥအချဉ်ဟင်းနဲ့ ဂေါ်ဖီကြော်ကိုစားပြီး ကလေး၊ လူကြီး စုစုပေါင်း ၈၆ ဦး စနေနေ့ည ၈ နာရီခွဲလောက်က လှိုင်သာယာ ပြည်သူ့ဆေးရုံမှာ တက်ရောက် ကုသခဲ့ရပါတယ်။
လှိုင်သာယာမြို့နယ် ဒိုင်စုကျေးရွာက နှစ်ခြင်းခရစ်ယာန် အသင်းတော်က ဖွင့်ပေးထားတဲ့ မူကြိုကျောင်းအတွက် ၇ မိုင်က အလှူရှင် ဦးမန်းနယ်လဆင်က ကြက်ဥအချဉ်ဟင်းနဲ့ ဂေါ်ဖီကြော် ပါတဲ့ ထမင်းထုပ် ၁၂၀ ကို လှူဒါန်းခဲ့တယ်၊



အလှူရှင် ဦးမန်းနယ်လစင်ဟာ ဒီကလေးတွေအတွက် အမြဲတန်းအလှူရှင်ဖြစ်ပြီး အခုလို လှူဒါန်းနေတာ ၃ နှစ်ကျော်ပြီ ဖြစ်ကြောင်း ကလေးတွေကို တာဝန်ယူ ထိန်းကျောင်းနေတဲ့ ဒေါ်လှဝင်းက ပြောပြပါတယ်။
http://blog.irrawaddy.org/2012/07/blog-post_267.html
No comments:
Post a Comment