Tuesday 17 July 2012

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ
 စီမံကိန်း လုပ်ငန်း စီမံကိန်း နေရာမှာ ပုဒ်မ ၁၄၄ ဇူလိုင်လ (၁၄) ရက်နေ့ က 
ထုတ်ပြန် လိုက်တယ်လို့  သိရပါတယ်။

 အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်း ဆိုင်းဘုတ်ကို ကျော်ရွာ တောင်ဘက်
 ကြေးနီတူးဖော်ရေး စီမံကိန်း ဂိတ်ဝ အ၀င် နေရာမှာ စိုက်ထူထားပါတယ်။ 
လုပ်ငန်းခွင်က ထွက်တဲ့ မြေစာတွေ စွန့်ပစ်မှုနဲ့ ပတ်သက်ပြီး ဒေသခံ တောင်သူ
 လယ်သမား တွေက ၀မ်ဘို တရုတ်ကုမ္ပဏီ လုပ်ငန်းခွင်ရုံးရှေ့မှာ အရင်လ
အတွင်းက ဆန္ဒပြခဲ့ကြရာမှာ ဒေသခံတွေ တောင်းဆိုတဲ့  အချက်တွေကို 
ခရိုင်အုပ်ချုပ်ရေးမှူး၊ မြန်မာ့ စီးပွားရေး ဦးပိုင်လိမိတက်က တာဝန်ရှိသူ 
အပါအ၀င် အာဏာပိုင်တွေဘက်က သဘောတူကြောင်း လက်မှတ်ထိုးခဲ့ပေမယ့် 
ဝမ်ဘို တရုတ် ကုမ္ပဏီဘက်က မလိုက်နာဘဲ ဆက်လက် လုပ်ကိုင်နေပါတယ်။ 

အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ကြေးနီစီမံကိန်း နေရာမှာ ရဲနဲ့ စစ်တပ်က
 စောင့်ကြပ်နေ တယ်လို့ အဲဒီ ဒေသခံက ပြောပါတယ် ။ 

ဆန္ဒပြခဲ့ကြစဉ်က ဒေသခံတွေနဲ့ သဘောတူလက်မှတ်ထိုးတဲ့ မူရင်း စာရွက်
စာတမ်းတွေ ကို Myanmaer News Now မှ ပြည့်အစုံတင်ပြထားပါတယ်။ 


http://www.thithtoolwin.com/2012/07/blog-post_5977.html#.UATTZZPbXbM

No comments:

Post a Comment