Thursday 19 July 2012

၁၉၊၇၊၂၀၁၂ မနက်ပိုင်းသတင်းတိုများစုစည်းတင်ဆက်မှူ

http://www.youtube.com/watch?v=-EW-BqQBQ0A

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာမှာ ကြေးနီစီမံကိန်း
အတွက် ချက်လုပ်တဲ့ ဆာဖျူရစ် အက်ဆစ် စက်ရုံကြောင့် အနီးပတ်ဝန်းကျင်
က ဒေသခံတွေ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်နေရပါတယ်။ ဒီအကြောင်း RFA ဆောင်းပါးရှင် ခင်စည်သာက တင်ပြထားပါတယ်။
By RFA Burmese

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က မြန်မာနိုင်ငံဟာ ဒီကနေ့အထိ အမျိုးသား စည်းလုံးမှုတွေ ပျက်ပြားပြီး ပြည်တွင်းစစ်
ဖြစ်ပွားနေတာဟာ အာဇာနည် ခေါင်းဆောင်တွေ ကျဆုံးခဲ့တာကြောင့်
လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ တိုင်းပြည်မှာ ရတောင့်ရခဲ ရခဲ့တဲ့ အခွင့်အရေးလေးကို အမျိုးသားစည်းလုံး ညီညွတ်မှုကို အဲဒီလို သတ္တိရှိမှုတွေ၊ အဲဒီလို သစ္စာရှိမှုတွေ၊ အမြော်အမြင် ကြီးမှုတွေနဲ့ အခွင့်ထူး မခံမှုတွေနဲ့ ယူခဲ့တဲ့ ကျွန်တော်တို့ ခေါင်းဆောင်ကို လက်နက် အားကိုးနဲ့ လုပ်ကြံလိုက်တဲ့ အခါ ကျွန်တော်တို့ အမျိုးသား စည်းလုံးညီညွတ်မှု ပျက်သွားပြီးတော့ အဲဒီကတည်းက ကျွန်တော်တို့ တိုင်းပြည်မှာ ဒီကနေ့ထိ တမျိုးသားလုံး ညီညွတ်တဲ့ အဆင့်ကို မရောက်ပဲနဲ့ ပြည်တွင်းစစ်တွေ ဖြစ်တယ်"

၆၅ ကြိမ်မြောက် အာဇာနည်နေ့အကြို အခမ်းအနားကို ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်း (၁၀၇) ရပ်ကွက်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး အဲဒီအခမ်းအနားကို ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ စတဲ့ ၈၈ မျိုးဆက် ကျောင်းသား
ခေါင်းဆောင်တွေနဲ့ ဒေသခံ NLD ပါတီဝင်တွေ အပါအ၀င် လူအင်အား ၁၀၀ လောက် တက်ရောက်ခဲ့ပါတယ်။

(၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေလည်း မနက်ဖြန် ညနေ (၃) နာရီမှာ အာဇာနည်ကုန်းမှာ သွားရောက် ဂါရ၀ ပြုကြမယ်လို့ သိရပါတယ်။
By RFA Burmese

သမ္မတဦးသိန်းစိန်နဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ (၁၀) ခုက ခေါင်းဆောင် ၁၂ တို့ နေပြည်တော်မှာ ဒီကနေ့မနက်ပိုင်းက
တွေ့ဆုံပြီး နိုင်ငံတည်ဆောက်ရေးနဲ့ ဆိုင်တဲ့ ကိစ္စရပ်ပေါင်း ၃၀ ကျော်
ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲမှာ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံတည်ဆောက်ရေး
အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း
ပြောဆိုခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ NDF အမျိုးသား ဒီမိုကရေစီအင်အားစုခေါင်းဆောင် ဦးခင်မောင်ဆွေက RFA ကို ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးရေး၊ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာအရေးကိစ္စတွေကိုလည်း
ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဦးသိန်းစိန်အနေနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အဖွဲ့
အပါအ၀င် ၊တခြားအဖွဲ့အစည်းတွေ ပါတီတွေ့နဲ့လည်း ဆက်လက်တွေ့ဆုံဖို့
ရှိပြီး၊ များမကြာမီ ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ထပ်တစ်ကြိမ် တွေ့ဆုံဖို့ စီစဉ်ထားကြောင်း အစိုးရအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲကို ၀န်ကြီး ဦးအောင်မင်းနဲ့ ၀န်ကြီး ဦးစိုးသိမ်းတို့နဲ့အတူ၊ သမ္မတရဲ့ အမျိုးသားလူမှုစီးပွားကောင်စီအဖွဲ့က ဦးတင်မောင်သန်းနဲ့ ဦးလှမောင်ရွှေတို့တက်ရောက်ခဲ့ပြီး၊ NDF အမျိုးသား ဒီမိုကရေစီအင်အားစု၊ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံစဝေါ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ဒီမိုကရေစီနဲ့
ငြိမ်းချမ်းရေးပါတီ စတဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ (၁၀) ခုက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ မနက် ၉ နာရီကနေ နေ့လည်တစ်နာရီအထိ တွေ့ဆုံချိန် ၄ နာရ်ီကြာမြင့်
ခဲ့တယ်လို့လည်း သိရပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့
နိုင်ငံရေးပါတီ (၁၀) ခုက ခေါင်းဆောင် (၂) ဦးဖြစ်တဲ့ NDF အမျိုးသား ဒီမိုကရေစီအင်အားစုခေါင်းဆောင် ဦးခင်မောင်ဆွေနဲ့ RNDP ရခိုင်
တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောတို့ကို ကိုကျော်ကျော်အောင်က တွေ့ဆုံမေးမြန်းထားပါတယ်။

http://soundcloud.com/burmese-rfa/szzzlupwrmt2

By RFA Burmese

"ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးပါတယ် ဆိုတာကိုတော့ သမ္မတကြီး လက်ခံပုံပေါ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပူးပေါင်း ဆောင်ရွက် ဖို့ လိုတယ်ဆိုတာကိုတော့ သူပြောပါတယ်။ ဒီနိုင်ငံမှာ ဒေါ်စုနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့ ကိစ္စတွေ အများကြီး ကျန်သေးတယ် ဆိုတာလည်း သူသဘောပေါက်တယ်လို့ ကျွန်တော် ယူဆပါတယ်။ သူပြောတဲ့ စကားတွေအရ ဒီသဘော ရောက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒီ Mainstreams နိုင်ငံရေးထဲ ပါလာအောင် သူကြိုးပမ်းခဲ့တာ၊ အမျိုးသား ညီညွတ်ရေး ဖြစ်အောင်သူကြိုးပမ်းခဲ့တာ ဟာလည်းပဲ ဒေါ်စုရဲ့ အရေးပါမှုကို သူတန်ဖိုးထားလို့ ဖြစ်တယ်ဆိုတာကို သူပြောနေသလိုပဲ ကျွန်တော် ယူဆပါတယ်"
(NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ခေါင်းဆောင် ဦးခင်မောင်ဆွေ)

သမ္မတ ဦးသိန်းစိန်နဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ (၁၀) ခုက ခေါင်းဆောင် ၁၂ ဦး နေပြည်တော်မှာ ဒီကနေ့ မနက်ပိုင်းက
တွေ့ဆုံရာမှာ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ တည်ဆောက်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း
ပြောဆိုခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ခေါင်းဆောင် ဦးခင်မောင်ဆွေက RFA ကို ပြောပါတယ်။
By RFA Burmese

မွန်ပြည်နယ်မှာရှိတဲ့ မွန်ဒီမိုကရေစီပါတီ (MDP) နဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMDP) နှစ်ပါတီ တို့ ဟာ နာမည်သစ်နဲ့ တစ်ပါတီ အဖြစ်ပေါင်းစည်းဖို့ နှစ်ဖက် ပါတီခေါင်းဆောင်တွေ သဘောတူခဲ့ကြပြီလို့ သိရပါတယ်။

မော်လမြိုင်မြို မြေနီကုန်းရပ်ကွက်ရှိ့ သန္တိသုခဘုန်းတော်ကြီးကျောင်းမှာ
နှစ်ပါတီခေါင်းဆောင်တွေ တွေ့ဆုံတဲ့ဆွေးနွေးပွဲမှာ မွန်ဒီမိုကရေစီပါတီက ကိုယ်စားလှယ် ၅ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ကိုယ်စားလှယ် ၃ ဦးနဲ့ ညှိနှိုင်းရေးအဖွဲ့က မွန်သံဃာတော် ၁၅ ပါးအပါအ၀င် မွန်ပြည်သစ်ပါတီ NMSP က တာဝန်ရှိသူ ၂ ဦး ဇူလိုင် ၁၄ ရက်နေ့မှာ တွေ့ခဲ့ကြပြီး မူအားဖြင့် သဘောတူညီခဲ့ကြတာ ဖြစ်တယ်လို့ မွန်ဒီမိုကရေစီပါတီက ဗဟိုအလုပ်အမှုဆောင် နိုင်စိုးမြင့်က ပြောပါတယ်။

"ဇူလိုင် ၁၄ ရက်နေ့က တွေ့တော့ အဲ့ဒီ မူ ၄ ချက်ကို လက်ခံတယ်လို့
ပြောတယ်၊ တစ်က နှစ်ပါတီ ပေါင်းစည်းရမယ်၊ နှစ်က ပေါင်းစည်းဖို့ တစ်လတစ်ကြိမ် လကွယ်နေ့တွင် တွေ့ရမည်၊ သုံးက ၂၀၁၄ နောက်ဆုံး
ထားပြီးတော့ ပေါင်းရမယ်၊ လေးက ပေါင်းတဲ့အခါကျရင် နာမည်အသစ်
တစ်ခုနဲ့ ပေါင်းရမယ်၊ မူချတော့ ကျနော်တို့က လောလောဆယ်
မြန်မြန်ပေါင်းဖို့ဆိုတော့ သူတို့ဖက်က အဆင်သင့် မဖြစ်သေးတဲ့အပေါ် သူတို့က ၂၀၁၄ အထိ မူချပြီးတော့ လက်မှတ်ထိုးတယ်။"

ဒီအချက် ၄ ချက်ကို ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ နှစ်ပါတီခေါင်းဆောင်
တွေ တွေ့ဆုံခဲ့စဉ်က ဆွေးနွေးခဲ့ကြပြီး အခုတစ်ကြိမ်ကျမှ သဘောတူညီမှု ရခဲ့တာလို့ ဆိုပါတယ်။ တစ်ပါတီတည်းအဖြစ် အမြန်ဆုံးပူးပေါင်းနိုင်ဖို့ မွန်ညှိနှိုင်းရေးသံဃာတော်တွေနဲ့ မွန်ဒီမိုကရေစီပါတီ ခေါင်းဆောင်တွေက ဆက်ပြီးဆွေးနွေးတိုက်တွန်းခဲ့ရာမှာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ
ပါတီဖက်က အဆင်သင့်မဖြစ်သေးကြောင်း ပြောခဲ့တယ်လို့လဲ နိုင်စိုးမြင့် က ပြောပါတယ်။

"လက်ခံပြီးလို့ ပေါင်းစည်းဖို့ ပုံစံကိုချတော့ ကျနော်တို့ဖက်က တင်ပြတာက နှစ်ပါတီ ပေါင်းစည်းပြီဆိုရင် ဟိုဖက်ကလည်း CEC ၂၁ ယောက်ရှိတယ်။ ကျနော်တို့ မွန်ဒီမို ဖက်ကလည်း ၂၁ ယောက်ရှိတယ် / ပေါင်းလိုက်မယ်၊ Meeting ပြန်ထိုင်ပြီးတော့ ရွေးချယ်မှုလုပ်တော့ ဘယ်သူက ဥက္ကဌ၊ ဘယ်သူက ဒုဥက္ကဌ ဘယ်သူက အတွင်းရေးမှူး စသဖြင့်ပေါ့ သက်ဆိုင်ရာ တာဝန်ခံတွေ ရွေးချယ်မယ် အဲ့လိုပြောတော့ သူတို့ဖက်က အဆင်သင့် မဖြစ်သေးပါဘူးလို့ ပြောတယ်။ သူတို့ ပါတီညီလာခံခေါ်ပြီးမှ လုပ်လို့ရမယ် ပါတီညီလာခံရဲ့ သဘောထား ကြည့်ရအုံးမယ်လို့ အဲ့လိုပြောတယ်။"

မွန်ဒီမိုကရေစီပါတီ MDP ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF အမည်နဲ့ ရွေးကောက်ခံခဲ့တဲ့ ပါတီဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလကမှ MDP ပါတီနာမည်သစ်နဲ့ ပြောင်းလဲ
မှတ်ပုံတင်ခဲ့တာဖြစ်သလို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ တရားဝင်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ပါတီဖြစ်ပါတယ်။

မွန်ပြည်နယ်ပါလီမန်မှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP က အမတ် ၇ ဦး၊ ကရင်ပြည်နယ်လွတ်တော်မှာ ၂ ဦးနဲ့ ပြည်တောင်စု
လွတ်တော်မှာ ၇ ဦး ရွေးချယ်တင်မြောက်ခံထားရတဲ့ ပါတီဖြစ်ပါတယ်။
BY RFA Burmese

မြန်မာနိုင်ငံ၏ လူအများဆုံး mobile နည်းပညာများကို မျှဝေရာ group ဖြစ်သည့်Myanmar Mobile User Group ၏ member တစ်ဦးဖြစ်တဲ့ ဒေါက်တာ မျိုးသက်ဟန် မျှဝေသော

အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့ android application လေးပါ...
မျှဝေသူ၏ ရင်တွင်းစကား

"ညီလေး ဖိုးဇော်ရဲ့စိတ်ကူးကို ကိုကျော်ဝင်းမောင်က အသက်သွင်းပြီး ကိုနေလင်းအောင် က ပြင်ဆင်တီးဖြတ်

ရာဇာနောင်လတ်(အမောင်) နဲ့ ကျွန်တော်က ၀ိုင်းကူညီပေးရင်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ ကို

ဂုဏ်ပြုလိုက်ပါတယ်...!!! အာဇာနည်နေ့ကိုအမှီပေးလိုသောကြောင့် အမြန်လုပ်လိုက်ရသဖြင့် အမှားအယွင်းများပါပါကသည်းခံပေးပါရန် :-)"

Download Here>>http://www.mediafire.com/?rdlwf684dx4rx8a
By News of Myanmar

ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်ကိုင်နေကြတဲ့ မြန်မာအပါအ၀င် ကိုယ်ဝန်ဆောင် အမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားတွေကို မူရင်း နိုင်ငံမှာ ကလေး မွေးဖွားဖို့ ပြန်ပို့မယ်ဆိုတဲ့ ထိုင်း အလုပ်သမားဝန်ကြီးရဲ့
ကြေညာချက်အပေါ် ပြန်လည်သုံးသပ်ဖို့ ထိုင်း အမျိုးသား လူ့ အခွင့် အရေး ကော်မရှင် ဥက္ကဌ ဆီကို အမေရိကန်အခြေစိုက် HRW လူ့အခွင့် အရေး စောင့်ကြည့် အဖွဲ့က စာရေးသား တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၂၆) ရက်နေ့က ထိုင်းအလုပ်သမားဝန်ကြီး ပဒန်ချိုင်း က ကိုယ်ဝန် သုံး လေး လ ရှိတဲ့ အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားတွေကို မူရင်းနိုင်ငံပြန်ပို့ဖို့ စီစဉ်မယ်လို့ ကြေညာခဲ့ ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းကလေးအလုပ်သမားဦးရေ လျော့နည်းသွားစေဖို့ အတွက် စီစဉ်တာဖြစ်ကြောင်း၊ ဒါ့ပြင်အမေရိကန်နိုင်ငံခြားရေးဌာန က ထိုင်းနိုင်ငံကို လူကုန်ကူးမှု တိုက်ဖျက်ရေး အားနည်းနေတဲ့အတွက် အဆင့် (၂) စောင့်ကြည့်အဆင့် သတ်မှတ်လိုက်တဲ့အပေါ် တုံ့ပြန်တာလည်း
ဖြစ်ကြောင်း သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

ဒီအစီအစဉ်ကို အကောင်အထည်ဖေါ်ရေးအတွက် နှစ်လအတွင်း ဥပဒေမူကြမ်းရေးဆွဲဖို့ အလုပ် သမားကာကွယ်ရေး နဲ့ ဖူလုံရေးဌာန
အောက်မှာ အလုပ်အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းထားတယ်လို့ သိရ ပါတယ်။ ထိုင်းအလုပ်သမားဝန်ကြီး ရဲ့ အစီအစဉ်ဟာ လူ့အခွင့်အရေးကို
ချိုးဖေါက်နေတဲ့အပြင် အမျိုးသမီး အလုပ်သမားတွေကိုခွဲခြား
ဆက်ဆံရာရောက်ပြီး၊ ထိုင်းအစိုးရက ကတိပြုထားတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ရည်မှန်းချက်တွေဆီရောက်ရှိဖို့လည်း ခက်ခဲပါလိမ့်မယ်လို့ HRW ရဲ့ ပေးစာမှာဖေါ်ပြထားပါတယ်။

ဒီ အစီအစဉ်ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးရွှေ့ပြောင်း
အလုပ်သမားတွေ လက်ရှိအလုပ်ကနေ လအတော်ကြာ အဓမ္မ ရပ်နားခံရမှာဖြစ်ပြီး၊ တူညီတဲ့ လုပ်ငန်းခွင်အခွင့်အရေး မရဘဲ၊ ၀င်ငွေအရလည်း နစ်နာမှာ ဖြစ်ပါတယ်။

ပြန်လာတဲ့အခါမှာလည်း မူလအလုပ်ပြန်ရဖို့မသေချာတဲ့အပြင်၊ စရိတ် စက တွေလည်း ကုန်ကျခံရမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားတွေကြားမှာ အန္တရာယ်မကင်းတဲ့ ကိုယ်ဝန်ဖျက်ချမှုတွေပေါ်ပေါက်လာမှာကို ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြောင်း HRW က ပြောပါတယ်။

No comments:

Post a Comment