Thursday 19 July 2012

၁၉၊၇၊၂၀၁၂ ညနေပိုင်းသတင်းတိုများစုစည်းမှု

(၆၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ လွမ်းသူပန်းခွေချ အလေးပြုမည့် နိုင်ငံရေးပါတီများစာရင်းဖြစ်ပါတယ်။
၁။ ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ
၂။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ
၃။ ဒီမိုကရက်တစ်ပါတီ(မြန်မာ)
၎။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အမျိုးသားအင်အားစု ပါတီ
၅။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ
၆။ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စု မြန်မာနိုင်ငံ)
၇။ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ ချုပ်
၈။ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ ချုပ်
၉။ ချင်းအမျိုးသားပါတီ
၁၀။ ခေတ်သစ်ပြည်သူ့ ပါတီ
၁၁။ ပြည်ထောင်စု ဒီမိုကရေစီပါတီ
၁၂။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ
၁၃။ ချင်းတိုးတက်ရေးပါတီ(Chin Progressive Party)
၁၄။ အမျိုးသားဖွံ့ ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ
၁၅။ ကမန်အမျိုးသား တိုးတက်ရေးပါတီ
၁၆။ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ
၁၇။ အမျိုးသား ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ
၁၈။ အမျိုးသား ဒီမိုကရေစီပါတီသစ်
၁၉။ ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးပါတီ
၂၀။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်
၂၁။ မြန်မာ့ လူ့ ဘောင်သစ် ဒီမိုကရက်တစ်ပါတီ
၂၂။ မြန်မာအမျိုးသား ကွန်ကရက်
၂၃။ ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ်
By Popular Myanmar News Journal





(၆၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို တက်ရောက်သည့် အာဇာနည် (၉)ဦး၏ မိသားစုစာရင်းများဖြစ်ပါတယ်။

၁- အာဇာနည်- ဗိုလ်ချုပ်အောင်ဆန်း
တက်ရောက်သူ- ဒေါ်အောင်ဆန်းစုကြည်( သမီး )

၂- အာဇာနည်- ဗိုလ်ချုပ်အောင်ဆန်း
တက်ရောက်သူ- ဗိုလ်မှူးလှဖေ(ငြိမ်း)
တော်စပ်ပုံ- ဦးအောင်ဆန်းဦး (ကိုယ်စား)

၃- အာဇာနည်- သခင်မြ
တက်ရောက်သူ- ဦးရဲမြင့်အောင်(သား)၊ ဒေါ်ခင်ဆွေဝင်း(တူမ)၊ ဒေါ်အေမီအောင်(ခ) ဒေါ်နွယ်နွယ်အောင်(သမီး)၊ မယမင်းအောင်(မြေး)၊ မကေခိုင်(မြေး)

၎- အာဇာနည်- ဦးဘချို
တက်ရောက်သူ- ဒေါ်ခင်လှချို(မြေး)၊ ဦးသန့်ဇင်ချို(မြေး)၊ ဦးမင်းမြင့်ချို(မြေး)

၅- အာဇာနည်- ဦးဘ၀င်း
တက်ရောက်သူ- ဦးထွေးဝင်း(သား)၊ ဒေါ်မမလေး(ချွေးမ)

၆- အာဇာနည်- မန်းဘခိုင်
တက်ရောက်သူ- ဒေါ်နန့်ခင်ဌေးရီခိုင်(သမီး)၊ ဦးမန်းဝင်းခိုင်သန့်(မြေး)၊ ဦးမန်းမျိုးခိုင်(မြေး)၊ ဒေါ်နန်းစိုးစိုးခိုင်(မြေး)၊ ဒေါ်နန့်ကြည်ကြည်ခိုင်(မြေး)၊ ဒေါ်နန့်ခင်မျိုးခိုင်(မြေး)၊ ဒေါ်နန့်လွင်ဝါ၀ါခိုင်(မြေး)

၇- အာဇာနည်- မန်းဘခိုင်
တက်ရောက်သူ- ဒေါ်မြင့်မြင့်ခိုင်(သမီး)၊ ဒေါက်တာခင်မောင်ဆွေ(သားမက်)၊ ဦးညီညီဆွေခိုင်(မြေး)

၈- အာဇာနည်- မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း
တက်ရောက်သူ - ဦးစ၀်ကိုင်ဖ(သား) ၊ဒေါ်သောင်းသောင်း(ချွေးမ)၊ဦးစ၀်သောင်းတင်(သား)၊ဦးစ၀်ခွန်မြတ် (မြေး)၊ဒေါ်မြင့်မြင့်သန်း(မြေး)၊ဦးစ၀်နန္ဒာ(မြေး)၊ယိင်းယိင်းနန္ဒာမောင်(မြစ်)၊ယိင်းယိင်းဝိုဟွမ်(မြစ်)

၉- အာဇာနည်- ဦးရာဇတ်
တက်ရောက်သူ- ဦးတင်မြင့်(သား)၊ ဦးလှကြည်(သား)၊ ဒေါ်ဝေမာ(ချွေးမ)၊ ဒေါ်ညိုမီရာဇာတ်(မြေး)၊ ဦးလှမျိုးထွန်း(မြေးသမက်)

၁၀- အာဇာနည်- ဦးအုန်းမောင်
တက်ရောက်သူ- ဒေါ်သိန်းကြွယ်(ဇနီး)၊ ဦးတင်မောင်သိန်း(သား)၊ ဦးကိုကိုလှ(သား)၊ ဒေါက်တာမင်းမြင့်(သား)၊ ကိုကျော်ထက်အောင်(မြေး)၊ ကိုကျော်သက်အောင်(မြေး)၊ မသိမ့်ကိုကိုလှ(မြေး)၊ ကိုကျော်ထက်လင်း(မြေး)

၁၁- အာဇာနည်- ရဲဘော်ကိုထွေး
တက်ရောက်သူ- ဒုဗိုလ်မှူးကြီး အောင်ကိုကို(ငြိမ်း)(တူ)၊ ဒေါ်မမကြီး(တူမ)၊ ဒေါ်လှိုင်ဌေးမော်(တူမ)၊ ဒေါ်လှဝင်းချို(တူမ)
By Popular Myanmar News Journal







(၆၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ လွမ်းသူပန်းခွေချ အလေးပြုမည့် အဖွဲ့  အစည်းများ၊ တတ်ရောက်သူများ စာရင်းဖြစ်ပါတယ်။
၁) မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ချုပ်
(က) ဒုမှူးကြီးအောင်ဝင်း(ငြိမ်း)
(ခ) ဒုမှူးကြီးအောင်မြင့် (ငြိမ်း)

(၂)မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ 
(က) ဦးကျော်သူရ၊ ညွှန်မှူး(ဌာနချုပ်)
(ခ)ဦးမြင့် ထွန်း၊ ဒုညွန်မှူး

(၃)မြန်မာနိုင်ငံကြက်ခြေနီအသင်း
(က)ဒေါက်တာလှဖေ၊ အကျိုးဆောင်အတွင်းရေးမှူး
(ခ)ဦးကြည်၊ အကျိုးဆောင်ဘဏ္ဍထိန်း

(၄)မြန်မာနိုင်ငံစာရေးဆရာများအသင်း
(က) ဦးခင်မောင်ထွန်း၊ ဒု-ဥက္ကဋ္ဌ
(ခ)ဦးမောင်မောင်အေး၊ အတွင်းရေးမှူး

(၅)မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့် ချိသူများအသင်း
(က)ဦးမျိုးအောင်၊ ဒုဥက္ကဋ္ဌ(၁) (ခ)ဦးမြင့်ထွန်း၊ အတွင်းရေးမှူး

(၆)မြန်မာနိုင်ငံသတင်းစာဆရာများအသင်း
(က)ဦးစိုးသိန်(မောင်ဝံသ)၊နာယက (ခ)ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)၊အတွင်းရေးမှူး

(၇)မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
(က)ဦးဇင်ဝိုင်း၊ ဥက္ကဋ္ဌ
(ခ)ဦးလူမင်း(ခ)မင်းမင်းလှိုင်၊ ဒုဥက္ကဋ္ဌ(၂)

(၈)မြန်မာနိုင်ငံဂီတအစည်းအရုံး
(က)ဒေါ်ထား၊ စည်းရုံးရေးမှူး
(ခ)တက္ကသိုလ် လဲ့လဲ့၊ ဗဟိုအမှူဆောင်

(၉)မြန်မာနိုင်ငံသဘင်အစည်းအရုံး
(က)ဦးရဲဒွေး၊ ဥက္ကဋ္ဌ
(ခ)ဦးမိုးမင်း၊ တွဲဖက်အတွင်းရေးမှူး

(၁၀)မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များအစည်းအရုံး
(က)ဦးမောင်မောင်လှမြင့်၊ ဥက္ကဋ္ဌ
(ခ)ဦးနီပိုဦး၊ အတွင်းရေးမှူး
By Popular Myanmar News Journal









သန်လျင်မြို့ရှိ အာဇာနည် ကျောက်တိုင်တွင် ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့)က နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့ ကြောင်း သိရသည်။

အဆိုပါ အာဇာနည်ကျောက်တိုင်တွင် ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။ ယင်းအခမ်းအနားသို့ သန်လျင်မြို့ရှိ နိုင်ငံရေးပါတီရုံးများ၊ အသင်းအဖွဲ့များ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့်အတူသန်လျင်မြို့ခံ ပြည်သူများက ပန်းစည်း၊ ပန်းခွေများဖြင့် တက်ရောက်ဂါရ၀ါ ပြုခဲ့ကြသည်။

“ ကျွန်တော်က သန်လျင်ဇာတိ ပါ။ ကျွန်တော်တို့ငယ်ငယ်ကတည်း ကရှိနေတဲ့ ဒီကျောက်တိုင်ကြီးမှာ အာ ဇာနည်နေ့ရောက်တိုင်း မြို့နယ်အ လိုက်၊ ရပ်ကွက်အလိုက်၊ အသင်းအဖွဲ့အလိုက် စုရုံးလာရောက်ပြီး ဂါရ၀ ပြုကြတယ်။ ဥသြဆွဲပြီး ငြိမ်သက်တာမျိုးတွေ လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ အဲဒီလို အခမ်းအနားမရှိတော့ဘူး။ ဒီကျောက်တိုင်နေရာကလည်း တစ်ဖြည်းဖြည်း ပျောက်ကွယ်လာပြီး မျက်တောကြီးထဲမှာ ဘာမှန်းမသိတဲ့ ကျောက်တိုင်ကြီးအဖြစ်ပဲ ကလေးတွေ သိကြတော့တယ်။ နှစ်ပေါင်း ၂၀ ကျော် အတွင်းမှာ ဒီပွဲလုပ်တာ ဒါပထမဆုံး ပါပဲ” ဟု သန်လျင်မြို့တွင်နေထိုင်သူ စစ်မှုထမ်းဟောင်းတစ်ဦး ဖြစ်သည့် အသက် ၅၁ နှစ်အရွယ် ဦး တင်ထွန်းက ဆိုပါသည်။

အဆိုပါ အာဇာနည်ကျောက်တိုင်ကို အာဇာနည်နေ့ အခမ်းအနား မတိုင်မီ တစ်လခန့်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ကာ အလှူရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ပြန်လည်ပြင်ဆင် မွမ်းမံထားခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းအာဇာနည် ကျောက်တိုင်သို့ သရုပ်ဆောင် ဝေဠုကျော်နှင့် ကိုလူချောအဖွဲ့မှ အလှပန်းပင်များ နှင့် အရိပ်ပန်းပင်များကို ဇူလိုင်လ ၁၈ ရက်နေ့ ည နေပိုင်းနှင့် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းကလာ ဂါရ၀ါပြုကာ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

“ဒီလို အခမ်းအနားမျိုးတွေနဲ့ လာရောက်ဂါရ၀ပြုခွင့်မရခင်ကတည်း က အာဇာနည်နေ့ကိုနောက်မျိုးဆက် တွေမေ့နေမှာစိုးလို့ ကလေးတွေကို ငယ်ငယ်ကတည်းက အိမ်မှာပဲ ဂါရ၀ ပြုခိုင်းခဲ့တယ်။ ဒီနေ့မှာ ဒီလို ဥသြ ဆွဲမှုတွေနဲ့အတူ အခမ်းအနား လာရောက်ဂါရ၀ပြုရတာ အရမ်းဝမ်းသာတယ်” ဟု သန်လျင်မြို့ခံတစ်ဦး ဖြစ်သည့် အသက် ၄၉ နှစ်အရွယ် ဒေါ်သန်းသန်းမော်စိုးက ဆိုပါသည်။

သန်လျင်မြို့၊ ကျိုက်ဒေးယျုံ ဘုရားအနီးရှိ အာဇာနည်ကျောက်တိုင်တွင် ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်အောင် ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အချိန် တွင် တစ်မိနစ်ကြာ အသံချဲ့စက်မှ ဥသြဆွဲသံနှင့် အနီးအနားရှိ ဆိုင်ကယ်များမှ ဟွန်းသံများ အဆက်မပျက်တီးခဲ့ပြီး တက်ရောက်လာကြသူများ အားလုံးက ၀မ်းနည်းခြင်း အထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ကာ အလေးပြုခဲ့ကြသည်။ ထိုငြိမ်သက် အလေးပြုမှုအပြီးတွင် အခမ်းအနား ကိုရုပ်သိမ်းကြောင်း သိရသည်။Ref:EMG
By News of Myanmar









ရန်ကုန်-မန္တလေးလမ်း၌ တစ်နေ့လျှင် ပျမ်းမျှယာဉ်အစီးရေ ၂၅၀၀ အထက် ဖြတ်သန်းသွားလာနေသည့် လမ်းပိုင်းများကို လေးလမ်းသွားအဖြစ် တိုးချဲ့ရန် BOT ကုမ္ပဏီများသို့ ညွှန်ကြားထားကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လွင်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

ယင်းကဲ့သို့လမ်းတိုးချဲ့ရာ၌ ၄၈ ပေအကျယ်လေးလမ်းသွားလမ်းအဖြစ် တိုးချဲ့ဆောင်ရွက်ရန်နှင့် တစ်နေ့ပျမ်းမျှ ယာဉ်အစီးရေ စာရင်းအပေါ်မူတည် ၍ လမ်းအကျယ်ကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဒုတိယ ၀န်ကြီးဦးကျော်လွင်က ဆက်လက် ပြောကြားခဲ့သည်။

“ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ သွားလာနေတဲ့ယာဉ်တွေ မှာ ခရီးသည်တင်ယာဉ်၊ ကုန်တင် ယာဉ်တွေသွားလာဖို့ကို ကန့်သတ်မထားပါဘူး။ အမြန်လမ်းမှာသာ ခရီးသည်တင်ယာဉ်တွေပဲ သွားလာ ခွင့်ပြုထားတာပါ။ လက်ရှိ ရန်ကုန်-မန္တလေးလမ်းမှာတော့ ရန်ကုန်ကနေ မန္တလေးအထိကို ဂိတ် ၁၁ ဂိတ်ရှိပါ တယ်။ တချို့ဂိတ်တွေက လမ်းပြု ပြင်မှုတွေရှိပေမယ့် တချို့လမ်းပိုင်းတွေမှာတော့ သိသာတဲ့ပြင်ဆင်မှု တွေ မတွေ့ရပါဘူး”ဟုလည်း ဘုရင့် နောင်ရှိကုန်စည် ပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

အလားတူကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှူး ဦးအောင်မြင့်ကလည်း “ရန်ကုန်-မန္တလေးလမ်းဟောင်းကို တိုးချဲ့မယ်ဆိုရင် လမ်းအလယ်မှာ လမ်းလယ်ကျွန်းထည့်ပြီး တိုးချဲ့ဖို့အကြံပြု လိုပါတယ်။ အလယ်မှာလမ်းလယ်ကျွန်းရှိမယ်ဆိုရင် ဟိုဘက်နှစ်လမ်း၊ ဒီဘက်နှစ်လမ်းဖြစ်သွားအောင်ပါ။ ယာဉ်တစ်စီးနဲ့တစ်စီး ကျော်တက်လို့ မလိုအပ်တဲ့ ယာဉ်တိမ်းမှောက်မှုတွေ မဖြစ်အောင် လမ်းလယ်ကျွန်းထည့် သင့်ပါတယ်။ လမ်းကောင်းလာမယ်ဆိုရင် ကုန်စည်စီးဆင်းမှုပိုမြန်မယ်။ အချိန်ကုန်သက်သာမယ်။ ကုန်ကျ စရိတ်တွေလည်း သက်သာလာမယ်” ဟုလည်း ရန်ကုန်-မန္တလေးလမ်းဟောင်းအား လေးလမ်းသွားအဖြစ် တိုးချဲ့မည့် အစီအစဉ်နှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။Ref:EMG
By News of Myanmar









မန္တလေးမြို့ မြို့တော်ခန်းမတွင် (၆၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဆွမ်းဆပ်ကပ် အလှူဒါနပြုပွဲကို ယနေ့နံနက်(၁၀)နာရီဝန်းကျင်မှ စတင်ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးဌာနအသီးသီးမှတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီပေါင်းစုံမှ တာဝန်ရှိသူများနှင့်မန္တလေးမြို့ရှိ လူမှူရေးအသင်းအဖွဲ့များမှ

တာဝန်ရှိသူများစုံလင်စွာတက်ရောက်ခဲ့ကြသည်။ ယင်းအခမ်းအနားတွင်ရွှေကျင်သာသနာပိုင်ဝါဆိုဆရာတော်ဘုရားကြီးမှ ငါးပါးသီလပေးခြင်း၊
မြတောင်ဆရာတော်ဘုရားကြီးက သြ၀ါဒပေးခြင်းတို့ ချီးမြှင့်ခဲ့ ပြီးဆရာတော်သံဃာတော်များကို နေ့ဆွမ်းဆပ်ကပ်၍ အမျှအတန်းပေးဝေခဲ့ကြသည်။Ref:7Days News
By News of Myanmar









စစ်ကိုင်းတိုင်းဒေသကြီးဘုတလင်မြို့ နယ်ရှိရွာကြီးတရွာဖြစ်သောညောင်ကန်ကျေးရွာတွင်အာဇာနည်နေ့ အခမ်းအနားကျင်းပခွင့် မရခဲ့ ကြောင်း..မြို့ နယ်အာဏာပိုင်များမှတားမြစ်ခဲ့ ခြင်းကြောင့် ဖြစ်ကြောင်းCJMyanmar သို့ ဒေသခံတဦးမှပြောကြားပါသည်။Ref:CJ Myanmar
By News of Myanmar









ဗိုလ်ချုပ်ပြတိုက် လာရောက် လေ့လာသူ ငါးထောင်ကျော်

ရန်ကုန်၊ ဇူလိုင် ၁၉

ဗိုလ်ချုပ်ပြတိုက်ကို လာရောက်ကြည့်ရှု လေ့လာသူ များမှာ နံနက် ၈ နာရီမှ စတင်၍ နေ့လည် ၁၂ နာရီအထိ အမျိုးသား၊ အမျိုးသမီး၊ သံဃာတော်၊ သီလရှင်၊ နိုင်ငံခြားသား အပါအဝင် လူဦးရေ ၅၀၉၈ ဦးလာရောက် ကြည့် ရှုကြောင်း ယင်းပြတိုက်၏ စာရင်းများအရ သိရသည်။

နံနက် ၈ နာရီမှ ၉နာရီအထိ လူဦးရေ ၆၄၇ ဦး၊ နံနက် ၉နာရီမှ ၁၀ နာရီအထိ လူဦးရေ ၁၆၁၇ဦး၊ နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ ၁၈၁၅ ဦး၊ နံနက် ၁၁ နာရီမှ နေ့လည် ၁နာရီ အထိ ၂၀၁၉ ဦး ဖြစ်ကြောင်း ၊ အဆိုပါ ကြည့်ရှုသူများတွင် နိုင်ငံခြားသား ၃၁ ဦးပါဝင်ကြောင်း ၎င်းစာရင်းများအရ သိရသည်။Ref:Yangon Media
By News of Myanmar









မန္တလေးမြို့ ၅၅လမ်း၊ ၄၀ ၄၁လမ်းကြားရှိ
ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်တွင်
(၆၅)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကျင်းပလျက်ရှိရာ ယင်းအခမ်းအနားသို့ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ
ကလေးငယ်များ၊ ဆရာဆရာမများ၊ ဗ.က.သအဖွဲ့ဝင်များ၊ ၈၈ ကျောင်းသားရဲဘော်ဟောင်းများအဖွဲ့ဝင်အချို့တို့ တက်ရောက်ခဲ့ကြပြီးဆရာကိုလေး (အင်းဝဂုဏ်ရည်)၊ ဆရာမ နှင်းဆီအောင် အစရှိသည့် မြို့ခံစာရေးဆရာနှင့် ကဗျာဆရာအချို့မှအာဇာနည်နေ့ အောက် မေ့ဖွယ်အကြောင်းအရာများဟောပြောကြမည် ဖြစ်သည်။ ယင်းအခမ်းအနားကို နံနက် ၈း၃၀ မှ ၁၀း၃၇ အထိ
တစ်ကြိမ်၊ နေ့လည် ၁ နာရီမှ ၃ နာရီထိ တစ်ကြိမ် နှစ်ပိုင်းခွဲကျင်းပမည်ဟုသတင်းရရှိသည်။
By 7Day News Journal









အဓမ္မစေခိုင်းမှုလုံးဝပပျောက်ရေးအကောင်အထည်ဖော်ရေးဆွေးနွေး

မြန်မာနိုင်ငံတွင်အဓမ္မခိုင်းစေမှုလုံးဝပပျောက်ရေးပူးတွဲမဟာဗျူဟာအကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီညှိနှိုင်းအစည်းဝေးကို ယနေ့ ဇူလိုင် ၁၉ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည်ဟုသတင်းရရှိသည်။
မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှုလုံးဝပပျောက်ရေး ပူးတွဲမဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းစီမံချက်ကို ၂၀၁၅ ခုနှစ်မတိုင်မီ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးနိုင်ရန်အတွက် ညှိနှိုင်းအစည်းဝေး ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆောင်ရွက်ရန်ကိစ္စများကို ချက်ခြင်းစတင်အကောင်အ ထည်ဖော်ရန် ကော်မတီဥက္ကဌပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်ကအစည်းဝေးတွင်ပြောကြားခဲ့သည်ဟုသိရသည်။
ကျင်းပပြီးစီးခဲ့သည့် ၁၀၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ် သမားရေးရာညီလာခံတွင် အိုင်အယ်လ်အိုက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအများစုကို ဖယ်ရှားခဲ့ပြီးဖြစ်၍ သက်ဆိုင်ရာလုပ်ငန်း တာဝန်အလိုက် သတ်မှတ်ထားသည့်ကာလထက်စောပြီးဆောင်ရွက်ရန် လိုအပ်ပြီး ၄င်းကိစ္စသည်မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း များနှင့် ပြုပြင်ပြောင်းလဲရေးစီမံကိန်းများ ရင်းနှီးမြှုပ်နှံမှုစီးဝင်လာရေးတို့တွင် အဓိကကျသည့်အချက်ဖြစ်သည်ဟုလည်း ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့သည်။
အဆိုပါအစည်းဝေးကို ကော်မတီဥက္ကဌအလုပ်သမားဝန်ကြီးဌာနနှင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့မှ ဆက်ဆံရေးအရာရှိနှင့်သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်ဟုသိရသည်။
By 7Day News Journal









မြန်မာနိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းမှု ပိတ်ပင်ထားခြင်းကို
အမေရိကန်ဆီးနိတ်ကော်မတီ သက်တမ်းတိုး
ဝါရှင်တန်၊ ဇူလိုင်-၁၈
စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်ရေး မြန်မာနိုင်ငံအား ဖိအားပေးရန်အတွက် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ အမေရိကန်သို့ တင်သွင်းမှုပိတ်ပင်ထားခြင်းကို နောက်ထပ်သုံးနှစ် သက်တမ်းတိုးရန် အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီက ဆုံးဖြတ်လိုက်သည်။
ယင်းဥပဒေအား ၂၀၀၃ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ထပ်မံ၍ သက်တမ်းများ တိုးလာခဲ့ရာ ယခုလကုန်ပိုင်းတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ အပြုသဘော ခြေလှမ်းများအတွက် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့တားဆီးမှုများကို လျှော့ပေါ့ပေးခြင်း၊ အဆုံးသတ်ခြင်း ပြုနိုင်ရန် အိမ်ဖြူတော်၏ သြဇာအာဏာကိုလည်း ယင်းဥပဒေက ဆက်လက်အသိအမှတ်ပြုထားသည်။
`သွင်းကုန်ပိတ်ဆို့မှုကို သုံးနှစ် ထပ်မံအာဏာ တည်စေခြင်းဖြင့် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ မြန်မာအစိုးရကို ဆက်လက်ဖိအား ပေးထားတာဖြစ်ပါတယ်´ဟု အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌ မက်စ်ဘောကပ်စ်ကပြောသည်။
အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်ပေါင်းက သြဂုတ်လတစ်လလုံး လွှတ်တော်ရပ်နားထားခြင်း မတိုင်မီ ယင်းဥပဒေကို ပြဋ္ဌာန်းလိမ့်မည်ဟု ပိတ်ဆို့မှုကို ထောက်ခံသူများက မျှော်လင့်ကြသည်။
ယင်းပိတ်ဆို့တားဆီးမှုများ မတိုင်မီ ၂၀၀၂ ခုနှစ်က အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံမှ အ၀တ်အထည်နှင့် အခြားကုန်ပစ္စည်း ၃၅၆ ဒသမ ၄ သန်း တင်သွင်းခဲ့သည်။
အိုဘားမားအစိုးရကမူ ယခင် ရက်သတ္တပတ်အတွင်း ပိတ်ဆို့တားဆီးမှုအချို့ကို လျှော့ပေါ့ပေးခဲ့ပြီး အမေရိကန် ကုမ္ပဏီများအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့် ပြုခဲ့သည်။ ယင်းနောက် နှစ်ရက်အကြာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်က မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် ကမ္ဘောဒီးယားနိုင်ငံ စိရမ်ရိမြို့တွင် တွေ့ဆုံပြီး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းအားပေးခဲ့သည်။
အမေရိကန်၏ ဖြေလျှော့ပေးမှုများသည် အမေရိကန်ကုမ္ပဏီနှင့် လုပ်ငန်းများအတွက်သာ အကျိုးရှိစေသော တစ်လမ်းသွား၊ တစ်ဖက်သတ်ဆန်နေကြောင်း မကြာသေးမီက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမေရိကန်စီးပွားရေး ပိတ်ဆို့မှုဆိုင်ရာ အရေးပေါ်အဆိုတင်သွင်းချက်အပေါ် မှတ်ချက်ပြုပြောကြားသည်။
By 7Day News Journal









အာဇာနည် ဝိညာဉ် ထုံကူးမယ့် နေ့ထူးနေ့မြတ်

၁၉၈၀ နှစ်တွေတုန်းက ကျွန်တော်တို့ဟာ ရှမ်းပြည်တောင်ပိုင်း တောမြို့လေးတစ်မြို့မှာ မူလတန်းကနေ အထက်တန်းအထိ ဖြတ်သန်း ခဲ့ရတဲ့ နှစ်တွေပါ။ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ ဘယ်သူမဆို မမေ့အပ်တဲ့ နေ့ထူးနေ့မြတ်ထဲမှာ အာဇာနည်နေ့ဟာ ထိပ်ဆုံးက ပါတယ်ဆိုတာ ရဲရဲဝံ့ဝံ့ လက်ခံခဲ့ကြတဲ့ နှစ်တွေပါခင်ဗျ။ ဒါကြောင့်လည်း အာဇာနည်နေ့ မရောက်ခင် သုံးလေးရက်မှာ ကျောင်းဆရာ၊
http://goo.gl/09wZO
By The Voice Weekly









နေပြည်တော်ပျဉ်းမနားမြို့ ဗိုလ်ချုပ်ကြေးရုပ်ပတ်ဝန်းကျင်တွင်အာဏာပိုင်အဖွဲ့အစည်းများဖြစ်သော ရဲတပ်ဖွဲ့၊ ရဲသတင်းတပ်ဖွဲ့၊ စစစ၊ စရဖ၊ မှုခင်းတပ်ဖွဲ့၊ နယ်မြေအုပ်ချုပ်ရေးမှူးရုံးတို့မှလူများက ဂါရ၀ပြုလာသူများကိုစောင့်ကြည့်နေသော်လည်း တစ်စုံတစ်ရာဝင်ရောက်စွက်ဖက်ခြင်းမရှိခဲ့ပေ။ ဓာတ်ပုံများရိုက်ခြင်း၊ လူဦးရေမှတ်တမ်းယူခြင်းများသာ ပြုလုပ်ခဲ့သည်။
By 7Day News Journal











မြန်မာနိုင်ငံ ဒေသအချို့မှာ အာဇာနည်နေ့အခမ်းအနားကျင်းပခွင့်
ပိတ်ပင်ခံရတာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီလို အာဇာနည်
ခေါင်းဆောင်ကြီးတွေကို တန်ဖိုးမထားတဲ့နိုင်ငံတခုမှာ အာဇာနည်စိတ်ဓါတ်ကို
ပွားများအောင်ဘယ်လိုလုပ်မှာလဲလို့ မိမိအနေနဲ့ ခံစားမိကြောင်း RFA ကိုပြောဆိုလိုက်ပါတယ်။

ဒါ့အပြင်သူက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လွှတ်တော်မှာ ပိတ်ဆို့မှု ဖယ်ရှားရေးအတွက် ဆောင်ရွက်ပေးနိုင်သူတွေက ဆောင်ရွက်ပေးဖို့
တောင်းဆိုတာကို မူအရ ကန့်ကွက်စရာ မရှိပေမဲ့ အဆိုပြုချက်ထဲမှာ ပါဝင်တဲ့
တချို့ အချက်တွေကို သဘောမတူကြောင်း ပြောပါတယ်။

အပြည့်အစုံကို ဦးခင်မောင်စိုး တင်ဆက်တဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှာ နားဆင်ပါ။

http://soundcloud.com/burmese-rfa/otnmxsu4owzl
By RFA Burmese











"ဖုန်းဖြင့်အင်တာနက်သုံးသူ တိုးလာ၍ အင်တာနက်ဆိုင်များဝင်ငွေ ထက်ဝက် လျော့ကျသွား"

မိုဘိုင်းဖုန်းနှင့် အင်တာနက် သုံးစွဲမှု များပြားလာ၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အင်တာနက်ဆိုင်များ ဝင်ငွေထက်ဝက်နီးပါး ကျဆင်းသွားကြောင်း အင်တာနက်ဆိုင်များမှ သိရသည်။
''ဖုန်းတွေက ဈေးတွေကျပြီး အင်တာနက်လိုင်းဖွင့်ပေးလိုက်တော့ ဖုန်းကိုင်နိုင်တဲ့ လူတော်တော်များ များ ဆိုင်ကို မလာတော့ဘူး။ ကိုယ့် ဖုန်းနဲ့ ကိုယ်ပဲသုံးကြတယ်။ဒါကြောင့် လူမဝင်တော့ ဝင်ငွေနဲ့ထွက်ငွေ မမျှ ဘူး။ ဆိုင်ဆက်ဖွင့်မဖွင့်ဆိုတာတော့ တစ်လနှစ်လလောက်စောင့်ကြည့် ဦးမှာပါ'' ဟု ကျောက်တံတားမြို့ နယ်မှ အင်တာနက်ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းများ အင်တာနက် သုံးစွဲခွင့်ကို ကျပ် ၁၅ သိန်း ၅ သောင်းဂျီ၊ ကျပ်ငါးသိန်းဂျီ၊ ကျပ် နှစ်သိန်းဂျီ၊ ကျပ်ငါးသိန်း CDMA 800 MHz ၊ ကျပ်နှစ်သိန်း CDMA 800 MHz နှင့် WCDMA ဖုန်းများ အားသုံးစွဲခွင့် ပေးထားပြီး အင်တာနက်လျှောက်ထား ခွင့်ကိုလည်းလက် ရှိအချိန်အထိ ခွင့်ပြုပေးထားကြောင်း ဆက်သွယ်ရေးမှ သိရသည်။
''တကူးတကတော့ အင်တာ နက်ဆိုင်မသွားတော့ဘူး။ မိုဘိုင်းဖုန်း နဲ့ပဲ သုံးစွဲဖြစ်တယ်။ ဆိုင်မှာ တစ် ခုခုကို Download လုပ်မယ်ဆိုရင် အကြာ ကြီးစောင့်ရတယ်။ ဖုန်းနဲ့ Download လုပ်တော့ ခဏပဲလုပ် ရတယ်။ ငွေကုန်လည်းသက်သာ တယ်။ ဒါကြောင့် ဖုန်းဝယ်ပြီး အင်တာ နက်လျှောက်ဖြစ်တာ'' ဟု မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဖုန်း ကိုင်ဆောင်သူ ကိုညီညီကပြောသည်။
ပုဇွန်တောင်မြို့နယ်မှ Cyber အင်တာနက်ဆိုင်ရှင်တစ်ဦးက ''ကွန် နက်ရှင်ချင်း ယှဉ်ရင်လည်းသာတယ်။ တစ်နာရီသုံးစွဲခလည်း သက်သာ တယ်။ ဂိမ်းဆော့မလား၊Skype နဲ့ဖုန်းပြောမလား၊ ဖုန်းနဲ့ အလုပ်လုပ် လို့ရတော့ ဖုန်းကိုင်တဲ့သူ ဘယ်လိုမှ အင်တာနက်ဆိုင် မလာတော့ဘူး။ ဒီတော့ ဘယ်လိုမှ ဝင်ငွေမကောင်း နိုင်ဘူး။ ပြီးခဲ့တဲ့လကဆိုရင် လေး သောင်းလောက်စိုက်ရတယ်။ လူဝင် နေရင်တော့ တစ်သိန်းအောက် အမြတ်ရှိပါတယ်'' ဟု ပြောသည်။
လက်ရှိတွင် အင်တာနက်ဆိုင် အများစုမှာ ဝင်ငွေကျဆင်းလာခြင်း ကြောင့် အင်တာနက်သုံးစွဲနိုင်သည့် သင်တန်း၊ Pfingo ၊ Skype စသည့် နိုင်ငံတကာ ဖုန်းခေါ်ဆိုနိုင်သည့် စနစ် များနှင့် ဂိမ်းကစားနည်းမျိုးစုံကို ထည့်သွင်းပေး မှုများ ပြုလုပ်ကြပြီး ပေးသွင်းနေရသည့် လစဉ်ကြေးများ လည်း လျှော့ချပေး ရန် သက်ဆိုင် ရာအင်တာနက် ဝန်ဆောင်မှုပေး သည့် ကုမ္ပဏီများ ထံတောင်းဆိုလာ မှုများရှိကြောင်းသိရသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အင်တာနက် ဝန်ဆောင်မှုပေးသည့် Red Link ကုမ္ပဏီမှတာဝန်ရှိသူက လစဉ်ကြေး ကိုတော့ လျှော့ချပေးဖို့ အစီအစဉ် မရှိကြောင်း၊ကနဦးတပ်ဆင်ခများကို သာလျှော့ချပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိလည်း ကနဦးတပ်ဆင်ခများ ကိုယခင်နှုန်းထက် များစွာလျှော့ချ ပေးလျက်ရှိကြောင်း ပြောသည်။
လက်ရှိအင်တာနက် တပ်ဆင် ခများ၊ သုံးစွဲခနှင့် ကွန်နက်ရှင် ကျ ဆင်းမှုများနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေးမှ အကြီးတန်းအရာ ရှိတစ်ဦးက မိမိတို့နိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့်ယှဉ်ပါက အင်တာနက်ကနဦးတပ်ဆင်ခများ မြင့်မားနေ သော်လည်း အချို့နိုင်ငံများထက်သုံးစွဲခ သက်သာကြောင်း၊လက်ရှိပြဿနာ များဖြစ်ပေါ်နေခြင်းမှာလိုအပ်နေသည့် အခြေခံအဆောက်အအုံ မပြီးစီး သေးသည့်အတွက်သာ ဖြစ်ကြောင်း အခြေခံအဆောက်အအုံ ပြီးစီးပါက နိုင်ငံတကာနှုန်းအတိုင်း ဖြစ်ပေါ်လာ မည်ဖြစ်ကြောင်း၊အင်တာနက်မြန်နှုန်း ကိုလည်း တိုးချဲ့ပေးလျက်ရှိကြောင်း၊ နောက်ပိုင်းတွင် Download ဆွဲ သည့်သုံးစွဲခသာ ပေးချေရမည့်စနစ် အထိလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောသည်။

အောင်ဇော်
Popular News Journal
By AF Ijournal









ဗိုလ်ချုပ်အောင်ဆန်း မွေးရပ်မြေဖြစ်တဲ့ မကွေးတိုင်း နတ်မောက်မြို့က ဗိုလ်ချုပ်ကြေးရုပ် ပန်းခြံအတွင်းမှာ အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့် မပေးနိုင်ဘူးလို့ ပြီးခဲ့တဲ့ရက်က မြို့နယ် အုပ်ချုပ်ရေးမှူး ကိုယ်တိုင် အမိန့်စာ ထုတ်ခဲ့ပေမယ့် ဒီကနေ့ ကျရောက်တဲ့ အာဇာနည်နေ့မှာတော့ မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေကို ခွင့်ပြုပေးပါတယ်။

နတ်မောက်မြို့နယ် NLD ပါတီဝင် ၁ ရာလောက်ဟာ ဒီကနေ့ မနက် ၇ နာရီလောက်မှာ ပန်းခြံအတွင်းက ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို သွားပြီး လွမ်းသူ့ ပန်းခွေချ အလေးပြုကြပါတယ်။ အဲဒီနောက် အာဇာနည်
ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး NLD မြို့နယ်ရုံးမှာဘုန်းတော်ကြီးတွေကို
ဆွမ်းကပ် အမျှဝေပြီးနောက် တဆက်တည်း ဟောပြောပွဲ အခမ်းအနား
ပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားကို NLD ပါတီဝင်တွေ တင်မက မြို့လူထုပါ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
By RFA Burmese











ဒီကနေ့ ကျရောက်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာ ကျင်းပပါတယ်။

အခမ်းအနားမှာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က- အာဇာနည်ဆိုတာ သူရဲကောင်းနဲ့ မတူတဲ့အကြောင်း၊ သတ္တိ ရှိရုံနဲ့ အာဇာနည် မဖြစ်နိုင်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အခမ်းအနား တက်ရောက်လာသူ အားလုံးက အာဇာနည်
ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့ မနက် ၁ဝ နာရီ ၃၇ မိနစ်မှာ ၂ မိနစ် ငြိမ်သက် အလေးပြုပြီးနောက် NLD သဘာပတိ ဦးတင်ဦးက အဖွင့် အမှာစကား ပြောပါတယ်။ အဲဒီနောက် ၆၅ နှစ်မြောက် အာဇာနည်နေ့ ကြေညာချက်ကို အတွင်းရေးမှူး အဖွဲ့ဝင် ဦးဟန်သာမြင့်က ဖတ်ကြားခဲ့ပါတယ်။

NLD ရုံးချုပ်မှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ အပါအဝင်၊ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်နဲ့ ဗြိတိန်၊ အစ္စရေး ၊ ဂျာမန်၊ ပြင်သစ်၊ တရုတ်၊ သြစတြေလျ နဲ့ ထိုင်းနိုင်ငံတို့က သံအရာရှိတွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ မြို့နယ်အသီးသီးက NLD အဖွဲ့ဝင်တွေ စုစုပေါင်း ၃ ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းကလည်း အာဇာနည် ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး ဒေါ်အောင်ဆန်းစုကြည်က တက္ကသိုလ် ရိပ်သာလမ်း နေအိမ်မှာ သံဃာတော်တွေကို ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
By RFA Bumrese











၆၅ နှစ်မြောက်အာဇာနည်နေ့အခမ်းအနားတွေကို မော်လမြိုင်၊ ပဲခူးနဲ့ ထားဝယ် မြို့ အန်အယ်လ်ဒီတွေမှာလည်း စည်စည်ကားကား ကျင်းပခဲ့ပါတယ်။

မော်လမြိုင်မှာတော့ ချီတက်လမ်းလျှောက်ခွင့် ပန်းခွေချခွင့် မပြုပေမယ့်လို့ လူငယ် ၂၀၀ နီးပါးလောက်က မြို့လယ်က ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ လွမ်းသူပန်းခွေ သွားချခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်ထူးခြားတာက ပြည်နယ်နဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေကလည်း အာဇာနည်နေ့ဆွမ်းကပ်ပွဲတွေ လုပ်ပြီး နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ
ကိုလည်း တက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။
By RFA Burmese











ဒီကနေ့ ကျရောက်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှု အသင်း (ရန်ကုန်) က “အကြောအဆစ် ရောဂါ နဲ့ ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး” အခမဲ့ ဆေးကုသ ဌာနခွဲတခု ဒီကနေ့ စတင် ဖွင့်လှစ်လိုက်ပါတယ်။

“သုခ” ကုသိုလ်ဖြစ် ဆေးခန်းမှာ ကျင်းပတဲ့ ဒီကနေ့ ဖွင့်ပွဲ အခမ်းအနားမှာ ပါမောက္ခ ဒေါက်တာ ဦးသန်းတိုးက ဦးဆောင်ပြီး ဒေါက်တာ ဒေါ်ဝါဝါအောင် ၊ ဒေါက်တာ ဒေါ်သန်းသန်းဌေး ၊ ဒေါက်တာ ဦးအောင်ကိုဦး ၊ ဒေါက်တာ ဒေါ်မွန်မွန်ခိုင် ၊ ဒေါက်တာ ဒေါ်ခင်စောဦး နဲ့ ဒေါက်တာ
ဒေါ်သိဂီ င်္လှိုင်တို့က အကြောအဆစ် ရောဂါဝေဒနာရှင် ၁ဝ ဦးကို စတင် ကုသပေးခဲ့ပါတယ်။

နေ့စဉ်လည်း ဒီဆရာဝန်ကြီးတွေက အလှည့်ကျ ကုသ ပေးသွားမယ်လို့ ဆိုပါတယ်။ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ သုခကုသိုလ်ဖြစ် ဆေးခန်းကို
၂၀၀၇ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ ပြီး အထွေထွေ ၊ အရိုး အကြော၊ အရေပြား ၊ ကလေးနဲ့၊ မျက်စိ၊ နားနှာခေါင်းလည်ချောင်း၊ သွား- စတဲ့ ရောဂါ
ဝေဒနာတွေအပြင် မီးယပ်သားဖွားနဲ့ အသေးစား ခွဲစိတ်ကုသမှုတွေကို အခမဲ့ ကူညီပေးနေတယ်လို့ သိရပါ တယ်။
By RFA Burmese

No comments:

Post a Comment