Thursday 19 July 2012

ကွန်ဂရက် ရွှေတံဆိပ် ဆု ကို အမေရိကန် ခရီးစဉ်မှာ ဒေါ်စု လက္ခံမည်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ နှင့် ပြည်ထောင်စုလွှတ်တော် အမတ် ဒေါ်အောင်ဆန်းစု
ကြည်ဒေါ်အောင်ဆန်းစုကြည် ရဲ့ စက်တင်ဘာလ အမေရိကန် ခရီးစဉ် မှာ   အမေရိကန်လွှ
တ်တော်က ၂၀၀၈ ခုနှစ်မှာ ပေး အပ် ချီးမြှုင့် ခဲ့ တဲ့ ကွန်ဂရက် ရွှေတံဆိပ်ဆု ကို တက်ရောက်
လက္ခံ ရယူ မှာ ဖြစ်တယ် လို့  ၀ါရှင်တန် က လာတဲ့ AP သတင်း မှာ ဖော်ပြထား ပါတယ်။
ဒီဆု ကို ကွန်ဂရက် မှာ စက်တင် ဘာလ ၁၉ ရက်နေ့  ကျ ရင် အခမ်း အနား နဲ့  ပေး အပ် မှာဖြစ်
တယ်လို့  ဖော် ပြထား ပါတယ်။
အမေရိကန် နိုင်ငံ ခြား ရေး ၀န်ကြီးဌာန က လည်း ဒေါ်အောင်ဆန်းစုကြည် ကို လာရောက်လည်
ပတ် ဖို့  တရား ၀င် ဖိတ် ခေါ် ထား ပြီး အမေရိကန် အစိုးရ  သမ္မတ အိုဘား နဲ့  လည်း အိမ်ဖြူတော်
မှာ တွေ့ ဆုံ မှာ ဖြစ်ပါတယ်။
အရီဇိုးနား လွှတ်တော် အမတ် ဂျွန်မက်ကိန်း က မြန်မာ နိုင်ငံ ကို လာရောက် စဉ် မှာ ဒေါ်အောင်
ဆန်းစုကြည် ကို ဒီဆု ကို ကိုယ်တိုင် ကိုယ် ကျ လက်ခံ ယူ နိုင် ဖို့  မျှော်လင့် စောင့် စား နေ ခဲ့ တယ်
လို့  ပြော ဆို ခဲ့ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့  အမေရိကန် ခရီးစဉ် မှာ  အမေရိကန်အခြေစိုက် Atlantic Council မှ
ပေး အပ် ချီးမြှင့် မယ့် Global Citizen Award ဆု ကို လည်း တက်ရောက် လက္ခံ ရယူမှာ ဖြစ်ပါတယ်။
အမေရိကန် ကွန်ဂရက် က ပေး အပ် ချီးမြှင့် တဲ့ ဆု တွေ အနက် ကွန်ဂရက် ရွှေတံဆိပ်ဆု  အရပ်ဖက်
ဆိုင်ရာ အမြင့်ဆုံး ဂုဏ်ထူးဆောင် တံဆိပ် တစ်ခု ဖြစ်ပါတယ်။
Congress Gold Medal , Aung San Suu Kyi, Buma , Myanmar


No comments:

Post a Comment