Thursday 19 July 2012

အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး အတွင်းဝန်ဦးအုန်းမောင်၏ မိသားစုနှင့်တွေ့ဆုံ့ခြင်း

အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးခဲ့သည့် အတွင်းဝန်ဦးအုန်းမောင်၏ ဇနီးမှာ လက်ရှိအချိန်အထိ မိသားစုနှင့်အတူ 
နေထိုင်နေထိုင်လျှက်ရှိပြီး ယခုအခါ တွင် အသက် ၈၉ နှစ်ရှိသွားပြီဖြစ်သည်။ 

" အန်တီက ကျန်းမာရေး ချူချာတယ်၊ ဒါကြောင့် မနက်ဖြန်မှာ နေကောင်းရင် ကိုယ်တိုင်သွားမယ်။ နှစ်တိုင်းတော့ တက်ပါတယ်" ဟု မနက်ဖြန် တွင်ကျရောက်မည့်
၆၅ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားသို့ သွားရောက်မည့် ဒေါ်သိန်းကြွယ်က ပြောသည်။

အာဇာနည်နေ့အခမ်းအနားနှင့် ပတ်သက်၍ ၎င်းက"ပြောစရာတောင် မရှိပါဘူး။ စိတ်မကောင်းဖြစ်တာပေါ့။ မမျှော်လင့်ဘဲ ဗြုန်းစားကြီးဆုံးသွားတာလေ။ အဲဒီတုန်းက
အန်တီက အသက် ၂၀ ကျော်လေးပဲ ရှိသေးတာ။ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဇနီးမယားတွေအထဲမှာလဲ အငယ်ဆုံးလေ အန်တီက စိတ်မကောင်းရင် ရင်ထဲမှာပဲ
ထားတယ်။ ဘယ်သူမှ မပြောဘူး" ဟု ပြောသည်။

အဖွား ဒေါ်သိန်းကြွယ်မှာ အတွင်းဝန် ဦးအုန်းမောင်နှင့် သား ၃ ဦးမွေးဖွားခဲ့ ရာ လက်ရှိတွင် သားအကြီး ဦးတင်မောင်သိန်း၊ သားအလတ် ဦးကိုကိုလတ်၊
သားအငယ် ဒေါက်တာ မင်းမြင့် ၊ မြေး ၈ ယောက်တို့နှင့်အတူ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။

မနက်ဖြန်တွင် ကျရောက်မည့် အာဇာနည်နေ့အတွက် မိသားစုဝင်များ အကြို ပြင်ဆင်လျှက်ရှိပြီး ဖခင်အတွက် ရည်စူးကာ
သံဃာတော် ၃၄ ပါးအား မနက်ဖြန်တွင် အာရုံဆွမ်းနှင့် သင်္ကန်းများ ကပ်လှူရန်နှင့်
မနက်ဖြန် ၉ နာရီမှ ၁၂ နာရီအထိ ဧည့်သည်များအား ဧည့်ခံကျွေးမွေးရန် ယနေ့ ညနေပိုင်းတွင် မိသားစုဝင်များ ပြင်ဆင်နေကြောင်း အတွင်းဝန် ဦးအုန်းမောင်၏သားအငယ်ဆုံးဖြစ်သ
ူ ရန်ကုန်တက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒဌာန အငြိမ်းစား ပါမောက္ခဌာနမှူး ဒေါက်တာမင်းမြင့်က
ပြောသည်။

ဒေါက်တာ မင်းမြင့်က ကျဆုံးခဲ့သည့် ဖခင်အတွက် မနက်ဖြန်တွင် လွမ်းသူပန်းခွေချရန် လွမ်းသူပန်းခွေအား ကိုယ်တိုင်လုပ်ကြောင်းနှင့် ပိန်းပန်းအနီနှင့် ကျောက်ခက်အစိမ်းများ
အသုံးပြုထားကာ ယနေ့ ညနေပိုင်းတွင် သွားရောက် ပို့ဆောင်ခဲ့ပြီးဖြစ် ကြောင်းပြောသည်။

မင်းသုအောင်၊ညွှန့်ဝင်း



No comments:

Post a Comment