Thursday 19 July 2012

အမျိုးသားလွှတ်တော် အမျိုးသားစီမံကိန်းရေးရာ ကော်မတီ၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုင်ရာ အကြံပြုချက် အစီရင်ခံစာအား ဆွေးနွေးရန် အမျိုးသားလွှတ်တော် သဘောတ



အမျိုးသားလွှတ်တော် အမျိုးသားစီမံကိန်းရေးရာ ကော်မတီ၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုင်ရာ အကြံပြုချက် အစီရင်ခံစာအား ဇူလိုင်လ ၁၈ ရက်နေ့က အဆိုတင်သွင်းခဲ့ရာ ဆွေးနွေးရန်အတွက် အမျိုးသားလွှတ်တော်က သဘောတူခဲ့ကြောင်း သိရသည်။
အဆိုပါ အစီရင်ခံစာ၌ပါရှိသည့် အကြံပြုချက်များမှာ အမျိုးသားစီမံကိန်း၊ စီမံကိန်းများလက်တွေ့အကောင်အထည် ဖော်မှု၊ နှစ်ရှည်စီမံကိန်းသစ်၊ ပြည်ထောင်စု စီးပွားရေးညှိနှိုင်းမှု အဆင့်မြင့်ကော်မတီ ဖွဲ့စည်းရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ နိုင်ငံတော်စီးပွား ရေး အဖွဲ့အစည်းများကို ပြန်လည်ဖွဲ့စည်းရေး၊ စီမံကိန်းလုပ်ငန်းများ၊ ငွေရေးကြေးရေးမူဝါဒနှင့် ဘဏ္ဍာရေးမူဝါဒ၊ သယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းရေး၊ အထူးလုပ်ငန်းစဉ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်စီမံကိန်းများ၊ အုပ်ချုပ်ရေးယန္တရား တောင့်တင်းသန့်ရှင်းရေး စသည်ဖြင့် ကဏ္ဍအလိုက် ဆွေးနွေးအကြံပြုချက်များ ပါဝင်ကြောင်း သိရသည်။
''စီမံကိန်းဆိုတာက စီးပွားရေးကဏ္ဍများအကြား ဟန်ချက်ညီညီ ချိတ်ဆက်ရေး၊ သဟဇာတဖြစ်ရေး၊ အချိတ်အဆက်မိရေး၊ နိုင်ငံတော်အပိုင်းနှင့် ပုဂ္ဂလိကအပိုင်းအကြား၊ အုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်အကြား သဟဇာတဖြစ်ရေး၊ လုပ်နည်းလုပ်ဟန်မှန်ရေး၊ မညီမျှမှုနှင့် ကွာဟမှုများကို လျော့နည်းကျဆင်းလာစေဖို့အတွက် ညှိနှိုင်းပေါင်းစပ်လမ်းညွှန်မှုပေးနိုင်သည့် စီးပွားရေးညှိနှိုင်းမှု ပြည်ထောင်စုအဆင့် အဖွဲ့အစည်း(သို့) ကော်မတီတစ်ရပ် ဖွဲ့စည်းထားသင့်ကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်မှုနှင့် တိုးတက်မှုအခြေအနေကို အမြဲတမ်း လေ့လာဆန်းစစ်၍ တိုးတက်မှု အစီရင်ခံစာများကို အချိန်မီ ပြုစုတင်ပြမည့် အစိုးရအဖွဲ့အစည်း ယန္တရားတစ်ရပ် ထူထောင်သင့်ကြောင်း'' အမျိုးသားစီမံကိန်းရေးရာကော်မတီမှ ဦးဇော်မြင့်ဖေက အကြံပြုဆွေးနွေးခဲ့သည်။

No comments:

Post a Comment