Friday 2 November 2012

မြောက်ဦး ဒုက္ခသည် စခန်းများတွင် ကလေးငယ်များ ဝမ်းရောဂါဖြစ်ပွား


ရခိုင်ပြည်နယ် အတွင်း တကျော့ပြန်ဖြစ်ပွား ခဲ့သော ပဋိပက္ခ များကြောင့်နေရပ်စွန့်ခွာ ထွက်ပြေး ခဲ့ရသည့်မြောက်ဦး မြို့ပေါ်ရှိ မီးဘေးသင့် ရခိုင် ဒုက္ခသည် စခန်းများ၌ အသက် ၁ဝနှစ် အောက်
ကလေးငယ် များ ယခု ရက်ပိုင်းက စပြီး ကာလ ဝမ်းရောဂါ များ ဖြစ် ပွါးလျက် ရှိကြောင်း ယင်း ဒုက္ခသည် များကို ကူညီ စောင့်ရှောက် နေသည့် ဘုန်းတော်ကြီး များနှင့် လူမှု ကူညီရေး အဖွဲ့
အစည်း များ ထံမှ သိရှိရသည်။

ယင်းသို့ အပြင်းအထန် ကလေးငယ်များ ဝမ်းရောဂါ ဖြစ်ပွား ရခြင်းမှာ ရာသီဥတု
အပြောင်းအလဲ များနှင့် ကြုံကြိုက်ခြင်း၊ ဒုက္ခသည် များ အတွက် ကျန်းမာရေး
စောင့်ရှောက်မှု အားနည်းခြင်း၊ အစား အသောက် မသန့်ရှင်းခြင်း နှင့် ယင်လုံ
အိမ်သာများ အလုံ အလောက် မရှိခြင်း စသည် တို့ကြောင့် ဖြစ်သည်ဟု ယင်း
ဒုက္ခသည် များ အား ကျန်းမာရေး စောင့် ရှောက်မှုများ လုပ်ကိုင် နေသည့်
ကျန်းမာရေး ဝန်ထမ်းများ က ဆိုသည်။

ယင်းဒုက္ခသည် စခန်းများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု များကို မြောက်ဦး မြို့နယ် ပြည်သူ့ ဆေးရုံမှ သူနာပြု ဆရာမ (၄) ဦးက တာဝန်ယူ ကုသ ပေးနေသော်
လည်း လူနာ အရေအတွက် များပြားသဖြင့် လက်လှမ်းမမီ ဖြစ်နေကြောင်း မြောက်ဦး မြို့ အောင်မြေဗောဓိ ကျောင်း ဆရာတော် က မိန့်ကြားသည်။

By The Voice Weekly

No comments:

Post a Comment