Friday 2 November 2012

မြန်မာနိုင်ငံသို့ ဒိန်းမတ် ၀န်ကြီးချုပ်လာရောက်မည်


ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စဟယ်လီသော်နင်းရှမစ်သည် မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၄ ရက်တွင် လာရောက် မည်ဖြစ်ကြောင်းသိ ရသည်။ ထိုသို့လာရောက်ရာတွင် ရန်ကုန်မြို့နှင့်
နေပြည်တော်မြို့များ သို့သွား ရောက်မည်ဖြစ်ပြီး ရန်ကုန်မြို့၌ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်း တို့နှင့်တွေ့ ဆုံမည်ဖြစ်သကဲ့သို့ ရန်ကုန် မြို့ရှိ ဒိန်းမတ်နိုင်ငံ၏ ကိုယ်စားလှယ်ရုံးသစ်တရားဝင်ဖွင့်လှစ်ပွဲအခမ်း အခမ်းအနား သို့သွားမည်ဖြစ်ကာ ရွှေတိဂုံဘုရား သို့လည်း သွားရောက်ဖူးမျှော်မည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် မစ္စဟယ်လီသော်နင်းရှမစ်သည် နေပြည်တော်သို့သွား ရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါလီမန် အဖွဲ့ဝင်များ အား တွေ့ဆုံသွား မည်ဖြစ်ကြောင်း သိရသည်။
ဒိန်းမတ်ဝန်ကြီးချုပ်၏ မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်မှုသည် ဒိန်း မတ်နှင့်မြန်မာနိုင်ငံတို့၏ နှစ်နိုင်ငံအ ကြားမှ ဆက်ဆံရေး ကိုပိုမိုကောင်းမွန်တိုး တက်စေမည်ဟုဆိုသည်။ လက်ရှိအချိန် မှာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အရေး၊ လူမှု
ရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲ ရေးတို့ကို ဖော်ဆောင်မှုပြုနေချိန်ဖြစ်ပြီး ဥရောပကလည်း မြန်မာ နိုင်ငံ အပေါ် သတ်မှတ်ပြဋ္ဌာန်းထားသည့် အရေးယူ ပိတ်ဆို့မှုများကို ဆိုင်ငံ့မှုပြုထားချိန်ဖြစ် ရာ ဒိန်းမတ်နိုင်ငံ နှင့် မြန်မာ နိုင်ငံတို့အကြားမှ ဆက်ဆံရေးကို ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်ရမည့် အချိန်လည်းဖြစ်သည်ဟု ဆိုသည်။ မြန်မာ နိုင်ငံ ၏နိုင်ငံရေး၊ စီးပွား ရေး၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အရေး ကိစ္စများတွင် ပိုမိုပါဝင်ပတ်သက်မှုပြုနေ သည်နှင့် အညီ မြန်မာနိုင်ငံ၏ ဒီမိုက ရေစီအရေး၊ လူအခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင် နေမှုလုပ်ငန်းများ အပြင်ဆင် ရဲနွမ်းပါးမှုလျော့ကျရေး၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍာများ တွင် တိုးတက် ရေးစသည့် လုပ်ငန်းများကို ဒိန်းမတ် နိုင်ငံက ထောက်ခံအားပေး သွားမည်ဟုသိရသည်။
၂၀၁၂ ခုနှစ်အတွင်း မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကူညီ ထောက်ပံ့မှုအဖြစ် ဒိန်းမတ်နိုင်ငံက အမေရိကန် ဒေါ်လာ ၁၈ သန်းကို အကူအညီပေးသွားမည်ဖြစ်သကဲ့သို့ အမေရိ ကန်ဒေါ်လာ ၂၃ သန်းအထိထပ်မံ ကူညီပံ့ပိုးပေး သွားရန် စီစဉ်ထားကြောင်း သိရသည်။ နှစ်နိုင်ငံကြားမှ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရန်အတွက် ဒိန်းမတ် ကုမ္ပဏီများ မှနေ၍ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုတိုးမြှင့်ရေးကို စိတ်ဝင်းစားမှုရှိ နေသကဲ့သို့ အကယ်၍ အခြေ အနေပေးပါက မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများ ပြုသွားမည်ဖြစ်ကြောင်းသိရသည်။
-------------------------------------------------------------
ဒိန်းမတ်ဝန်ကြီးချုပ်၏ ကိုယ်ရေးအကျဉ်း
-------------------------------------------------------------
၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် မွေးဖွားခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ကိုပင်ဟေဂင်တက္ကသိုလ်မှနေ၍ နိုင်ငံ ရေးသိပ္ပံ မဟာဘွဲ့ရရှိခဲ့သည်။ နိုင်ငံရေး နယ်ပယ်တွင် ၁၉၉၄ ခုနှစ်မှ ၁၉၉ရ ခုနှစ်အထိ ဥရောပပါလီမန်ရှိ ဒိန်းမတ် ဆိုရှယ် ဒီမိုကရက်ဆိုင်ရာ ရုံးအဖွဲ့အကြီး အကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉ရ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ဒိန်းမတ် ကုန်သွယ်ရေးသမဂ္ဂ ကွန်ဖက်ဒ ရေးရှင်းတွင် နိုင်ငံတကာအကြံပေး ပုဂ္ဂိုလ် အဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၉၉ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိဒိန်းမတ်ဆိုရှယ် ဒီမိုကရက်ဆိုင်ရာဥရောပပါလီမန်အဖွဲ့ ဝင်ဖြစ်လာခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဒိန်း မတ် ဆိုရှယ် ဒီမိုကရက် ခေါင်းဆောင် ဖြစ်လာ ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့သူဖြစ်သည်။

By Yangon Media Group

No comments:

Post a Comment