Saturday 3 November 2012

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ တွင် အိမ်ခြေ ၅၀ ကျော် မီးလောင်


ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ 
ပေါ်မှာ ဒီနေ့ မနက် ၁၀ နာရီကေန မွန်းလွဲ
၁ နာရီထိ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ
၅၀ ကျော် မီးထဲပါသွားခဲ့ပါတယ်။

(ဓါက်ပုံ ရှမ်းပြည်နယ် မြောက်ပိုင်းတစ်နေရာ)

မီးလောင်ရတဲ့အကြောင်းကို မသိရေသးပေမယ့်လည်း မြို့ လယ်ရပ်ကွက်မှာရှိတဲ့ သံထည်ပစ္စည်းရောင်းချသူ ဦးချန်ဒ္ဒရာရဲ့ အိမ်နောက်ဖေးက စလောင်တာဖြစ်ပြီး နှစ်
၅၀ အတွင်းမှာ အကြီးဆုံး မီးလောင်မှုဖြစ်တယ်လို့  ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေ
ဒသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးအောင်ထွန်းက ပြောပါတယ်။

“ပျဉ်ထောင်အိမ်တွေက ဆွေးမှာစိုးလို့ ရေနံချေးသုတ်ထားတာလေ။ တအိမ်နဲ့  တအိမ်က ဆက်တော့ လောင်စာလိုဖြစ်သွားတယ်။ တအိမ်နဲ့  တအိမ်က ခေါင်မိုးတွေဆို ထိလုမတတ်။
မီးသတ်တော့ ချက်ချင်းရောက်ပါတယ်။ဒီမှာက တောင်ပေါ်မြို့ ဆိုတော့ ရေနည်းနည်း
ရှားတော့ ရေပက်ရင်း ကုန်သွားရင်းနဲ့  လေလည်းနည်းနည်းပါတော့ ဘယ်လိုမှမနိုင်
ဘူးဖြစ်နေ တယ်။

မြို့ လယ်ခေါင်ကလည်း ကျဉ်းတော့၊ လူတွေလည်း တိုးဝှေ့ ပြီး တပိုင်တနိုင်နဲ့  ဝိုင်းငြှိမ်းတော့ အခုငြိမ်းသွားပါပြီ။”ကျောက်မဲ၊ လားရှိုးနဲ့ သီပေါက မီးသတ်ကားတွေကိုလည်း အကူ
အညီတောင်းခဲ့ပြီး အဲဒီမီးသတ်ကားတွေမေရာက်ခင် မီးညွန့် ကျိုးသွားတယ်လို့ ဆိုပါတယ်။

မီးလောင်သွားတဲ့အိမ်တွေဟာ မြို့ လယ်ရပ်ကွက်ထဲက အိမ်ခြေ ၁၅ လုံးနဲ့ နမ္မဝေါရပ်ကွက်
က ၃၀ လောက် ပါဝင်ပြီး လူ ၃၀ဝ နီးပါး အိမ်ရာမဲ့ဘဝ ရောက်သွားတယ်
လို့  ဆိုပါတယ်။

မီးဘေးဒုက္ခသည်တွေအတွက် နေရာချထားပေးဖို့  မြို့ နယ်အုပ်ချုပ်ရေးက အရေးပေါ်အစည်းအေဝး ခေါ်ယူပြီး ပလောင်ဘုန်းကြီးကျောင်းနဲ့ တရုတ်ဘုံကျောင်းတွေမှာ
နေရာချထားပေးဖို့  လျာထားတယ်လို့ ဦးအောင်ထွန်းက ပြောပါတယ်။

မီးလောင်မှုောကာင့် ထိခိုက်ဒဏ်ရာရသူတွေတာ့ မရှိဘူးလို့  ဆိုပါတယ်။မီးလောင်ခဲ့တဲ့
ရပ်ကွက် ၂ ခုဟာ လက်ဖက်လုပ်ငန်းနဲ့  ကုန်စုံဆိုင်တွေ၊ အိမ်ဆိုင်တွေ ဖွင့်ကြတဲ့အတွက် အိမ်ထောင်ပရိဘောဂအပြင် ဆန်၊ ဆီနဲ့  ဆား အစရှိတဲ့  ရောင်းကုန်ပစ္စည်းတွေပါ
ပါဝင်တဲ့အတွက်  ကာလတန်ဖိုး ခန့် မှန်းခြေ ကျပ်ငွေ သိန်း ၄-၅  ထောင် အနည်းဆုံး
ဆုံးရှုံးမယ်လို့   ဦးအောင်ထွန်းက ပြောပါတယ်။

By DVB

No comments:

Post a Comment