Saturday 3 November 2012

မထသရဲ့ ဆောင်ပုဒ်တွေက ကားမှာကပ်ထားရုံသက်သက်လား


မြို့တွင်း ခရီးသွားပြည်သူ များကို နေ့စဉ်သယ်ယူပို့ဆောင် ပေးနေသော ယာဉ်လိုင်းများတွင် အချို့သော ယာဉ်မောင်း၊ယာဉ် နောက်လိုက်များမှာ ခရီးသွား ပြည်သူများကို (မထသ)၏ ဆောင်
ပုဒ်ဖြစ်သော ထမင်းရှင်၊ကျေးဇူး ရှင်ကဲ့သို့ ယဉ်ကျေးပျူငှာစွာ ဆက် ဆံသော်လည်း တချို့သော ယာဉ် မောင်း၊ယာဉ်နောက်လိုက်များမှာ (မထသ)မှ ထုတ်ပြန်ထားသော ဆောင်ပုဒ်များနှင့်ဆန့်ကျင် ရိုင်းပျစွာ နှမချင်းမစာနာပြော ဆိုဆက်ဆံမှုများရှိနေကြောင်း သိ ရသည်။
အထက်ပါကဲ့သို့ ဖြစ်စဉ်များ တွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ကားပြခန်းမှ ၀န်ထမ်းမဆုမွန်က ၎င်းကြုံတွေ့ခဲ့ရသော မချေမငံ ဆက်ဆံရပုံများနှင့် ပတ်သက်၍ ““အစ်မက မြောက်ဥက္ကလာကနေ ရန်ကင်းဈေးကွေ့ကို နေ့စဉ် အလုပ် အတွက် သွားလာနေရတဲ့သူပါ။ အမြဲတမ်း (၁၅၇)အထူးကား မင်္ဂ လာဈေးကားကို စီးနေကျပါ။ အဲ နေ့ကျမှ ကားသမားက မချေမငံ ဆက်ဆံတာ။ အစ်မကို ကားကို ရှေ့တိုးမစီးလို့တဲ့။ အစ်မလည်း တိုးလို့ ရသလောက်တိုးတာပဲ။ ရှေ့မှာ ယာဉ်မောင်းစုံပဲရှိတော့ တယ်။အဲဒါကို ကားသမားကော ယာဉ်နောက်လိုက်ကပါပြောတာ ကားပေါ်က ဆင်းသွားချင်လား။ ကားပေါ်ကနေဆွဲချခံချင်လား။ စပါယ်ယာက နားမပါဘူးလား တွေ၊ တက္ကစီငှားစီးတို့ဘာတို့ စုံနေတာပဲ။ အဲဒါကို အစ်မက မကြားချင်ယောင်ဆောင် နေတာ ကို နည်းနည်းပြောတာ လွန်လာ တာနဲ့ ရှင်တို့ကိုတိုင်ရင် အလုပ် လုပ်ခွင့်ပိတ်သွားမယ်နော် လို့ပြောတာကို သူတို့က ဘယ်ကို မောင်းပေးရမလဲ။ တိုင်ချင်တဲ့ဆီ တိုင်တဲ့။ ဘယ်သူမျှ ဂရုမစိုက်လို့ ကိုယ့်ကားကိုယ်မောင်းနေတာတဲ့။ ကားနံပါတ်တော့အတိအကျ မှတ်ထားတယ်။ ၂ဂ/၈၄၄၁ပါ။ ဒါပေမဲ့ တကယ်တိုင်ရင်ကော အကျိုးထူးပါ့မလား။ (မထသ)က ကော ဒီလို လူမျိုးတွေကို ဆက် လက်လုပ်ကိုင်ခွင့်ဆက်ပေးနေမှာ လား၊စဉ်းစားစရာပါ””ဟု နှမသား ချင်း မစာနာစွာ (မထသ)၏ ဂုဏ် သတင်းများ၊စည်းကမ်းများကို လေးစားလိုက်နာမှု မရှိသောယာဉ် လုပ်သားများ၏ ဆက်ဆံပုံများကို ရင်ဖွင့်ခဲ့သည်။
ယာဉ်လုပ်သားများ၏ မချေ မငံဆက်ဆံမှုနှင့်အတူ ယာဉ်စီးခ ပိုမိုကောက်ခံမှုများကို မဟေမာန် ကလည်း ကားခအတိအကျပေး သော်လည်း ပိုမိုတောင်းခံပြီး မပေးပါက ကားပေါ်မှ ဆွဲချမည် ဟု ရိုင်းပျစွာဆက်ဆံမှုနှင့်ကြုံတွေ့ ခဲ့ရကြောင်းကို ““နေ့စဉ်သွားနေကျ (၁၀၀)ခရီးစဉ်ကို (၁၅၀)ဆိုပြီး တောင်းတယ်။မပေးရင် ကားပေါ် ကဆင်းသွားလို့ ပြောတယ်၊ညီမ တစ်ယောက်ထဲတင်မဟုတ်ဘူး၊ကား ပေါ်က ရှိသမျှ ခရီးသည်တွေကို လည်း ခရီးစဉ်နဲ့မညီမျှတဲ့ ဈေးနှုန်း တွေနဲ့ကောက်ခံပြီး မပေးရင် ကားပေါ်က အတင်းမောင်းချတယ်။ ယာဉ်လိုင်းက ဒိုင်နာ(၈၂)ပါ””ဟု ယာဉ်စီးခ ပိုမိုကောက်ခံကာ မ ပေးနိုင်ပါက ကားပေါ်မှ အတင်း ဆွဲချကာ ဆက်ဆံနေမှုများ အ ကြောင်းပြောပြခဲ့သည်။
(မထသ)မှ ထုတ်ပြန်ထား သော ဆောင်ပုဒ်များတွင် ခရီး သွားပြည်သူများကို အသက်သခင် ကျေးဇူးရှင်ကဲ့သို့ မှတ်ယူရမည်။ ၀န်ဆောင်မှုပေးနေသည် ချိုသာ စွာဆက်ဆံပါဟု ကားများတွင် ကပ်ထားသော်လည်း မချေမငံ ရိုင်းပြစွာဖြင့် ရိုင်းစိုင်းသော ယာဉ် လုပ်သားအကျိုး၏ ဆက်ဆံနေမှု ကို ခရီးသွားပြည်သူများ နေ့စဉ် ကြုံတွေ့နေရကြောင်း သိရသည်။ယခုကဲ့သို့ ရိုင်းပျမှုများကို(မထသ) မှ သေချာကြပ်မတ်သင့်ကြောင်း လေ့လာသူများမှ သုံးသပ်သည်။

နေမင်းညို

By Hot News Weekly

No comments:

Post a Comment