Saturday 20 October 2012

Miss International ပြိုင်ပွဲဝင် မြန်မာအလှမယ် ဆုနှစ်ဆု ရရှိ


nang khin zay yarဂျပန်နိုင်ငံ အိုကီနာဝါတွင် ကျင်းပပြုလုပ်သည့် Miss Interntional 2012 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော မြန်မာအလှမယ် နန်းခင်ဇေယျာသည် Miss Internet ဆုနှင့် People Choice Award
ဆုနှစ်ဆု ရရှိခဲ့ကြောင်း သိရှိရသည်။
Miss International 2012 ၏ နောက်ဆုံး အခမ်းအနားကို အောက်တိုဘာ ၂၁ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပမည်ဖြစ်ပြီး အောက်ပါ link မှတစ်ဆင့် အွန်လိုင်းတွင် မြန်မာစံတော်ချိန် မွန်းလွဲ ၂း၃၀ မှ ညနေ ၅း၃၀ အထိ (ဂျပန်စံတော်ချိန် ညနေ ၅း၀၀ နာရီမှ ည ၈း၀၀ နာရီ) တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဟု Miss International 2012 ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုကို Password ရှိသူများသာ ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း တွေ့ရသည်။

miss international 2012

Miss International 2012 FINA LIVE Streaming:

http://www.ustream.tv/channel/miss-international-okinawa-2012

By Planet Myanmar Network

No comments:

Post a Comment