Saturday 20 October 2012

တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြခွင့်မရ


ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ တက္ကသိုလ်ကျောင်း ကျောင်းသား/သူများမှ ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်ပွဲ တရပ်ကို ၂၄.၁၀.၂၀၁၂ ရက်နေ့တွင် ပြုလုပ်သွားမည်ကို အစိုးရဆီတွင် ခွင့်ပြုချက် တောင်းဆိုခဲ့ပါသည်။
သို့သော်လည်း ၄င်းတောင်းဆိုချက်ကို ပုဒ်မ ၁၄၄ အရ အစိုးရမှ ခွင့်ပြုချက် မပေးခဲ့ပေ။ ၁၄.၁၀.၂၀၁၂ ရက်နေ့တွင် ရခိုင်ကျောင်းသား သမဂ္ဂမိတ်ဆက်ပွဲကို ပြုလုပ်ခဲ့ပြီး

၁) ရခိုင်ပြည်နယ်၊ တက္ကသိုလ်အသီးသီးတွင်လိုအပ်လျှက်ရှိသော သင်ထောက်ကူပစ္စည်းများ အမြန်ဆုံးဖြည့်ဆည်းပေးရန်။
၂) ယခုဖွင့်လှစ်ရန် စီစဉ်လျှက်ရှိသော တောင်ကုတ်မြို့နယ်၊ ဒေသကောလိပ်အား စီးပွားရေးတက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်ပေးရန်။
၃) တက္ကသိုလ်ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ပညာသင်ယူဆည်းပူးနိုင်ရန်အတွက် ကျောင်းသွားရာလမ်းတစ်လျှောက်နှင့် ပတ်ဝန်းကျင်အနီးတစ်ဝိုက်ရှိ ဘင်္ဂလီကျေးရွာများအား အမြန်ဆုံးဖယ်ရှားပေးရန် (ဘုမေကျေးရွာ၊ ဘုမေလက်သမားကျေးရွာ ခတင်ပိုက်ကျေးရွာ)
၎) တက္ကသိုလ်ကျောင်းအနီးတွင် လုံခြုံစိတ်ချရသော ကျောင်းသားကျောင်းသူများနေထိုင်နိုင်မည့်အဆောင်များ အမြန်ဆုံးဆောက်လုပ်ပေးရန်နှင့် ပြည်နယ်အစိုးရအနေဖြင့် ဈေးနှုန်းသက်သာသော ကျောင်းဖယ်ရီကားများကို ဆောက်ရွက်ပေးရန်။
၅) တရားမ၀င် ၀င်ရောက်နယ်မြေလုလာသော အကြမ်းဖက်ဘင်္ဂလီကုလားများနှင့် အတူတကွပညာသင်ကြားခြင်းမှ ရပ်တန့်ပေးရန်။

စသည့် တောင်းဆိုချက် (၅) ချက်ကို သမ္မတဆီသို့ တောင်းဆိုခဲ့ပါသည်။ ထို့အပြင် ၄င်းတောင်းဆိုချက်ကို ဆန္ဒထုတ်ရန်အတွက် ခွင့်ပြုချက်တင်ထားခဲ့ရာ အစိုးရမှ ပုဒ်မ ၁၄၄ အရ ခွင့်ပြုချက် မပေးနိုင်ကြောင်းကို ပယ်ချခဲ့ပါသည်။ ယခုအခါ ကျောင်းသားသမဂ္ဂမှ ဦးဆောင်ပြီး ၄င်းတောင်းဆိုချက်ကို အယူခံဝင်မည်ဖြစ်ပြီး ဆန္ဒပြပွဲ ဖြစ်အောင် ပြုလုပ်သွားမည်ဟု ကျောင်းသားသမဂ္ဂအဖွဲ့မှ ပြောကြားသွားပါသည်။

By Rakhine Straight Views

No comments:

Post a Comment