Saturday 20 October 2012

ငြိမ်းချမ်းစွာ စုဝေးခွင့်ပြုရန် လျှောက်ထားတင်ပြထားချက်အား ပြန်လည်ရုပ်သိမ်း


မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် ရွှေအိုး(၁)ရပ်ကွက် ပုံပြစေတီလမ်းနေ ဦးစိုးမင်း(ခ)စော်ဘွားကြီးမှ ၁၆ရက် ၁၀လ ၂၀၁၂ရက်စွဲဖြင့်သက်ဆိုင်ရာသို့ ငြိမ်းချမ်းစွာ
စုဝေးခွင့်ပြုရန်လျှောက်ထားတင်ပြခဲ့သည်။၎င်းတင်ပြချက်တွင် ၂၃/၁၀/၂၀၁၂ ၇က်နေ့နံနက်၁၀နာရီမှ ၁၁နာရီအထိ လောကအလင်းစာကြည့်တိုက် ဆိုင်းဘုတ်ရှေ့လမ်းဘေးတွင်ငြိမ်းချမ်းစွာ စုဝေးခွင့်ပြုပါရန် လျှောက်ထားတင်ပြချက်အပေါ်
လောကအလင်းစာကြည့်တိုက် အမှူဆောင်များမှ ၄င်း၏တင်ပြချက်အပေါ် ၁၇ ရက် ၁၀ လ၂၀၁၂ ရက်နေ့ နေ့လည်၂နာရီ ၃၀မိနစ်အချိန်တွင် မြို့နယ်ဦးချုပ်ရေးမှူးနှင့် တာဝန်ရှိသူများရှေ့မှောက် တွင် ဦးစိုးမင်း၏
တောင်းဆိုချက် ၄ချက် ဖြစ်သည့် စာကြည့်တိုက် ကော်မတီအသင်းပြန်လည်ဖွဲ့စည်းရေး။သင်းလုံးကျွတ် အစည်းအဝေး ခေါ်ပေးရေး။ထုတ်ပြန်ပြီး စာရင်းရှင်းတမ်း စာရင်းစစ်ဝင်ပေးရေး။၂၆/၆/၂၀၁၂ နေ့စွဲဖြင့်
ထုတ်ဝေထားသော စာကြည့်တိုက်ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းကိုဖျက်သိမ်းပေးရေး။   တို့ကို စာကြည့်တိုက် အမှူဆောင်များမှဆောင်ရွက်ပေးရန် သဘောတူညီသဖြင့် ဦးစိုးမင်း (ခ) စော်ဘွားကြီးမှ ၄င်း၏
တင်ပြလျှောက်ထားချက်အား ပြန်လည်ရုတ်သိမ်းကြောင်း သိရသည်။အလားတူ ၁၆ရက် ၁၀လ၂၀၁၂ ရက်စွဲဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်ပြုရန်လျှောက်ထားတင်ပြခဲ့သည်။၎င်းတင်ပြချက်တွင် ၂၃ရက် ၁၀လ ၂၀၁၂ ရက်နေ့ နံနက်
၉နာရီမှ ၉နာရီ၃၀မိနစ် အချိန်ထိ နယူးဒေးစက်သုံးဆီအရောင်းဆိုင် ဆိုင်းဘုတ်လမ်းဘေးတွင် ငြိမ်းချမ်းစွာ စုဝေးခွင့် လျှောက်ထားခြင်းနှင့်ပက်သတ်ပြီးနယူးဒေးစက်သုံးဆီအရောင်း၏ မီးဘေးကြိုတင်ကာကွယ်ရေးများ
စနစ်တကျထားရှိမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများရှေ့တွင်၎င်းကိုယ်တိုင်တွေ့ရှိရပြီး လက်တလောမြို့၏ပြင်ပသို့ ရွှေ့ပြောင်းရန်အခြေအနေမပေးသည်ကို တွေ့ရှိရပါသဖြင့် ငြိမ်းချမ်းစွာစုဝေးခွင့်ပြုရန်
လျှောက်ထားသူ ဦးစိုးမင်း(ခ)စော်ဘွားကြီး မှ၎င်း၏ငြိမ်းချမ်းစွာစုဝေးခွင့် တင်ပြလျှောက်ထားချက်အား ၁၈ရက် ၁၀လ၂၀၁၂ရက်နေ့တွင် ပြန်လည်ရုတ်သိမ်းကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူထံမှသိရှိရသည်။

By Hot News Weekly

No comments:

Post a Comment