Tuesday 9 October 2012

ငွေကျပ် ငါးထောင် သုံးစွဲနိုင်သူအားလုံး GSM ဖုန်းကိုင်ဆောင် အသုံးပြုနိုင်ရန် စီစဉ်နေ


ကျပ် ၅၀၀၀ အသုံးပြုနိုင်သူအားလုံး ဖုန်းဆက်သွယ် ပြောဆိုနိုင်မည့် UMTS (Universal Mobile Telecommunications System) စနစ်သုံး နံပါတ်အသေ GSM ကတ်ဖုန်းများအား ငါးနှစ်စီမံကိန်းဖြင့်
ယခုနှစ်အတွင်း ရောင်းချပေးသွားမည်ဟု ရွှေပြည်တံခွန်တယ်လီကွန်းကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးလွင်နိုင်ဦးက ဇန်န၀ါရီ ၃ ရက် PARKROYAL ဟိုတယ်၌
ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါစီမံကိန်းတွင် အသုံးပြုမည့် UMTS စနစ်မှာ Voice and High Speed Data Techanology စနစ်ဖြစ်ပြီး စီမံကိန်း ပထမနှစ်တွင် ဖုန်းဆက်သွယ်မှုနှင့် အင်တာနက်အသုံးပြုနိုင်မည်ဖြစ်ပြီး အဆင့်မြင့် ၀န်ဆောင်မှုအဖြစ် VOIP စနစ်ကိုပါ တွဲဖက်အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရသည်။
UMTS စနစ်အား ဂျပန်နိုင်ငံတွင် ၂၀၁၁ခုနှစ်မှ စတင် အသုံးပြုခဲ့ပြီး စရိတ်သက်သာမှု၊ လွယ်ကူလျင်မြန်မှုနှင့် အသုံးပြုစက် ပစ္စည်းများလွယ်ကူမှုကြောင့် ဥရောပနှင့် အမေရိကတိုက်များတွင် ၂၀၀၄ ခုနှစ်ခန့်မှ စတင်အသုံးပြုခဲ့သည်။ အခြား GSM နည်းပညာ များဖြစ်သည့် EDGE, GPRS,EVDO) စနစ်များထက် ပိုမိုအသုံးပြု လာခဲ့ပြီး အာဆီယံနိုင်ငံများတွင် ၂၀၀၇ ခုနှစ်မှ စတင်အသုံးပြုခဲ့သည် ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။
"ဒီစီမံကိန်းရဲ့ UMTS စနစ်ကို တာဝါတိုင်တွေလည်း မလိုပါ ဘူး။အရင်တုန်းက ပြည်သူတွေသုံးနိုင်ခဲ့တဲ့GSM ကတ်ဖုန်းတွေလိုပါ ပဲ။ အခုစနစ်ရဲ့ အားသာချက်က နံပါတ်အသေရမှာပါ။ ကတ်တစ်ခါ ၀ယ်တိုင်း နံပါတ်တစ်ခါ ပြောင်းစရာမလိုပါဘူး။ စီမံကိန်းအတွက် ကန် ဒေါ်လာ သန်း ၇၇၀ မြှုပ်နှံမှာဖြစ်ပြီး စီမံကိန်းကာလ ကျော်တာနဲ့ အများပြည်သူအတွက် ရှယ်ယာတွေရောင်းချပေးမှာပါ။စီမံကိန်း ပထမနှစ်မှာ G SIM Card ၁သန်း ရောင်းချမှာဖြစ်ပြီး စီမံကိန်း ဒုတိယနှစ်မှာ 4G အထိ အဆင့်မြှင့်သွားပါမယ်။ စီမံကိန်း ငါးနှစ်တာ ကာလအတွင်း SIM Card သန်း ၃၀ အထိ ထုတ်လုပ်သွားဖို့ စီစဉ် ထားပါတယ်"ဟု ယင်းကဆိုသည်။
အဆိုပါကတ်ဖုန်းများအား ၀၉ နံပါတ်ဖြင့်ပင် ဆက်သွယ်ပြော ဆိုနိုင်ရန်ညှိနှိုင်းနေပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသ ကြီးတွင် ဆက်သွယ်ပြောဆိုနိုင်မည်ဖြစ်ကာ နယ်မြို့များသို့ ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။ ဖုန်းခေါ်ဆိုခများအား မြို့တွင်း တစ် မိနစ် ၂၅ ကျပ်၊ နယ်ဝေး တစ်မိနစ် ၃၀ ကျပ်နှင့်နိုင်ငံတကာ ခေါ်ဆိုမှု နှုန်းထားအား အာဆီယံစံနှုန်းအတိုင်း သတ်မှတ်သွားမည်ဖြစ်ပြီး ငွေ ဖြည့်ကတ်များအား ငါးထောင်ကတ်၊ တစ်သောင်းကတ်နှင့် ငါးသောင်း ကတ်အထိထုတ်လုပ်သွားမည်ဖြစ်ပြီး ငွေဖြည့်ကတ်များတွင် သက်တမ်း ကုန်ဆုံးရက် ပါဝင်မည်မဟုတ်ကြောင်း သိရသည်။
"စီမံကိန်းအစမှာပဲ SIM ကတ်ဝယ်ယူခအတွက် ကျပ် ငါးထောင် သတ်မှတ်တာပါ။ ကြိုက်တဲ့ HandSet နဲ့ သုံးနိုင်ပါတယ်။ စီမံကိန်း ဒုတိယနှစ်၊ တတိယနှစ်တွေမှာ SIM ကတ်ဖိုး ကျပ် ငါးထောင်ကုန် ကျစရာမလိုဘဲ ငွေဖြည့်ကတ်ဝယ်ရုံနဲ့ ဖုန်းဆက်သွယ်ပြောဆိုနိုင်မှာပါ။ စီမံကိန်းက မတ်လမှာစတင်မှာဖြစ်တဲ့အတွက် စက်တင်ဘာလလောက် ကစပြီး နံပါတ်အသေကတ်ဖုန်းတွေ စတင်အသုံးပြုနိုင်မှာပါ"ဟု ယင်းက ထပ်ဆင့်ပြောကြားသည်။
အဆိုပါစီမံကိန်းအား စတင်ရသည့် ရည်ရွယ်ချက်မှာ ဒီဇင်ဘာ ၅ရက် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟို ဌာန (MICC) တွင် ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက် အာဆီယံဆက် သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ၀န်ကြီးများ အဆင့်အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံ တော် သမ္မတကြီး ဦးသိန်းစိန်မိန့်ကြားခဲ့သည့် "ICT သည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသကဲ့သို့ သန့်ရှင်းမှုရှိပြီး ကောင်းမွန် စွာ ဆောင်ရွက်သည့် အစိုးရတစ်ရပ် Good Governance and Clean Government ဖြစ်ရန်အတွက်လည်း အထူးအရေးပါ ပါသည်"ဟူသော မိန့်မှာချက်အတိုင်း ဆောင်ရွက်ခြင်းဖြစ်၍ လက်ရှိအချိန်တွင် ကျပ်ငါး သိန်းဖြင့် ရောင်းချနေသည့် GSM SIM ကတ်များအား ကျပ်ငါး ထောင်ဖြင့် လွတ်လပ်စွာဝယ်ယူနိုင်မည်ဖြစ်ပြီး Transitional Cost များကျဆင်းခြင်း၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအား ဈေးနှုန်း ချိုသာသော ဆက်သွယ်ရေးကဏ္ဍဖြင့် ဆွဲဆောင်နိုင်ခြင်း၊ ၂၀၁၃ ခုနှစ် တွင် မြန်မာနိုင်ငံမှ လက်ခံကျင်းပမည့် အရှေ့တောင်အာရှအားကစားပွဲ တွင် ဆက်သွယ်ရေးကဏ္ဍပိုမိုဖွံ့ဖြိုးစေခြင်း၊ ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလ၊၂၀၁၅ခုနှစ် AFTA နှင့် ကျေးလက် နေ ၀င်ငွေနည်းပါးသူများအတွက် ဆက်သွယ်ရေး ကုန်ကျစရိတ်များ လျော့ကျသွားစေနိုင်သည်ဟု သိရသည်။

News from : Infinity Power

By Aye Chan Mon

No comments:

Post a Comment