Tuesday 9 October 2012

ဂျီအက်စ်အမ်ဖုန်းလိုင်းများကို တစ်လလျှင် တစ်သောင်းကျပ်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရစ်ကျရောင်းချပေးမည်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အောက်တိုဘာလ ၁ ရက်နေ့ မှစတင်၍ ဒီဇင်ဘာလ ၃၀ ရက်နေ့ အထိ ဂျီအက်စ်အမ်မိုဘိုင်းဖုန်းလိုင်းများကို တစ်လလျှင် တစ်သောင်း ကျပ်နှုန်းဖြင့် ကျေးလက်ဒေသများ၌
အရစ်ကျစနစ်ဖြင့်ရောင်းချပေးသွားမည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။ အရစ်ကျရောင်းချပေးခြင်းကို တိုင်းဒေသကြီး။
ပြည်နယ်များရှိ သက်ဆိုင်ရာမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မန်နေဂျာများနှင့် မြို့နယ်အုပ်ချုပ်ရေးမှုးများမှ အနီးကပ်ကြီးကြပ်၍ တာဝန်ယူရောင်းချပေးသွားမည်ဖြစ်သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ၎င်းတို့အာမခံနိုင်သော ပြည်သူများကိုသာရောင်းချပေးသွားမည်ဖြစ်ပြီး ရောင်းချရရှိငွေ ၂ ရာခိုင်နှုန်းကို ကြီးကြပ်မှုစရိတ်အဖြစ် ကျေးရွာများနှင့် မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ပြည်လည်ထည့်ဝင်သွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆိုသည်။ အရစ်ကျစနစ်၏ ကနဦးပေးသွင်းငွေကို ၄ သောင်းကျပ်သတ်မှတ်ထားပြီး ၂ သိန်းတန်ဂျီအက်စ်အမ်ဖုန်းလိုင်းအတွက် ကျန်ရှိငွေ ၁ သိန်း ၆ သောင်းကျပ်ကို တစ်လလျှင် ၁ သောင်းကျပ်နှုန်းဖြင့်ပြန် လည်ကောက်ခံသွားမည်ဟုသိရသည်။ ၀ယ်ယူသူအနေဖြင့် မိုဘိုင်းဖုန်းလိုင်း၏ စာချုပ်စာတမ်းကို ဦးစွာမထမရရှိမည်မဟုတ်ဘဲ အရစ်ကျစနစ်အပြီးအစီး ပေးသွင်းပြီးမှသာ စာချုပ်စာတမ်းများကို လွှဲပြောင်းပေးသွားမည်ဖြစ်သည်။မြန်မာဆက်သွယ်ရေးလုပ်ငန်းသည် ယခင်က နိုင်ငံ့ဝန်ထမ်းများကိုသာ အရစ်ကျစနစ်ဖြင့်ရောင်းချပေးခဲ့ခြင်းဖြစ်သော်လည်း ကျေးလက်ဒေသများသို့ မိုဘိုင်းဖုန်းတိုး ချဲ့ရေးစီမံကိန်းအရ အများပြည်သူများကို မိုဘိုင်းဖုန်းလိုင်းများအရစ်စနစ်ဖြင့် စတင်ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ အရစ်ကျစနစ်၏ စည်းမျဉ်းစည်းကမ်းများအရ ဂျီအက်စ်အမ်ဖုန်းလိုင်းများ၏ မှုလသတ်မှတ်တန်ဖိုး ၂ သိန်းကျပ်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ပြောင်းလဲလျှော့ချသတ်မှတ်ခဲ့ပါက ပြောင်းလဲသတ်မှတ်သည့် နှုန်းထားအသစ်ကို အရစ်ကျဝယ်ယူသူအနေဖြင့် အကျိုးခံစားခွင့်ရရှိစေမည်ဟုသိရသည်။ မိုဘိုင်းဖုန်းလိုင်းများကို ဈေးနှုန်း လျှော့ချပေးခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီလမှစတင်၍ ၂၀၁၃ ခုနှစ် ဧပြီ လအထိ တစ်နှစ်တာကာလအတောအတွင်း မိုဘိုင်းဖုန်းလိုင်းအရေ အတွက် ၄ သန်းကိုပြည့်မီအောင် ချထားပေးမည်ဟု ကြေညာခဲ့သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၁၂ ခုနှစ်နှောင်းပိုင်းမှစတင်၍ ၀ယ်လိုအားအရှိန်လျော့ကျလာ သည့် မိုဘိုင်းဖုန်းလိုင်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချခြင်းများ ကိုပြုလုပ်ဆောင်ရွက်လာခဲ့သည်။ မိုဘိုင်းဖုန်းလိုင်းဈေးနှုန်းလျှော့ ချပေးမည့်သတင်းနှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယနေ့အချိန်အထိ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခဲ့ခြင်းမရှိ သေးသော်လည်း ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ် တစ်နှစ်တာကာလ အတောအတွင်း မိုဘိုင်းဖုန်းလိုင်း အရေအတွက် ၁၀ သန်းခန့်ထပ်မံ ချထားပေးမည်ဟု ထုတ်ပြန်ကြေညာထားသည်။

By Internet Journal

No comments:

Post a Comment