Tuesday 9 October 2012

ချောင်းသာ အမှတ်၆၅ မူလွန်ကျောင်း ဆရာမလုံလောက် မှုပြဿနာ ကြုံတွေ့နေရ


ချောင်းသာရှိမူလတန်းလွန်ကျောင်းတွင်
အစိုးရမှ တရားဝင်ချထားပေးသော ဆရာအင်အားနှင့် ကျောင်းသားအင်အား
မှာမမျှတဖြစ်နေကြောင်းဆရာ
ဦးအောင်နိုင်သူကပြောသည်။

“ရှိသင့်တဲ့အင်အားနဲ့ရှိနေတဲ့ ဆရာအင်အားမမျှတော့ လေ့ကျင့်ခန်းတွေလဲ ပြန်မစစ်နိုင်နဲ့ ပညာရေးပိုင်းအားနည်းတယ်။သင်ကြားရတာလဲအခန်းမှာ ကလေးတွေပြည့်ကျပ်နေတော့အာရုံမစိုက်နိုင်တော့ဘူး” ဟုချောင်းသာကျေးရွာအမှတ် ၆၅ မူလွန်ကျောင်းမှ ဆရာဦးအောင်နိုင်သူကပြောသည်။

အဆိုပါကျောင်းတွင် တရားဝင်ချထားပေးသည့် ကျောင်းအုပ်အပါအ၀င် ဆရာ ၆ဦးနှင့် ကျောင်းအကျိုးတော်ဆောင်အသင်းနှင့် ကျောင်းသားမိဘ များမှ ပူးပေါင်းကာ ဆရာ ၄ဦးဌား၍ ကလေးများ၏ပညာရေးအားအားဖြည့် လျှက်ရှိသည်။ယခုပညာသင်နှစ်တွင် ကျောင်းသားအင်အား ၄၇၃ဦးနှင့် ဆရာအင်အားမျှတမှုရှိသော်လည်း လာမည့်စာသင်နှစ်တွင် တိုးလာမည့်ကျောင်းသားဦးရေနှင့် ဆရာအင်အား မလောက်ဌ ကြောင်း၎င်းကပြောသည်။

ကျောင်းအကျိုးတော်ဆောင်အသင်းမှ တာဝန်ရှိသူတစ်ဦးက “ကျောင်းသားမိဘတွေစားဝတ်နေရေးကရှိသေးတယ်။ကလေးတစ်ဦးကို တစ်လ ၅၀၀ကောက်တာ မရှိတဲ့လူတွေအတွက်ဆိုမပေးနိုင် ဘူး ရေရှည်ဒီလိုကောက်ခံပြီး ဆရာဌားသင်ဖို့က မဖြစ်နိုင်ဘူး”ဟုပြောသည်။
အဆိုပါကျောင်းအား ၂၀၀၉ ခုနှစ် တွင်စတင်တည်ထောင်ခဲ့သည်။ လက်ရှိချိန်ထိ အစိုးရမှ တရားဝင်ချထားပေးသောဆရာအင်အားနှင့် မလုံလောက်၍ သက်ဆိုင်ရာဌာနသို့ ဆရာအင်အား တိုးပေးရန်တောင်းဆိုထားသော်လည်း လက်ရှိချိန်ထိ ချထားပေးမှုမရှိကြောင်း သိရသည်။

ခိုင်နွယ်ဦး

By Popular News

No comments:

Post a Comment