Tuesday 9 October 2012

စည်ပင် နှင့် အမှိုက်ပြဿနာ


စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့သည် လူဦးရေ တစ်သိန်းနှစ်သောင်းကျော်ရှိမြို့ကြီး တစ်မြို့ဖြစ်သည်။ မြို့ပေါ်ရပ်ကွက် (၆) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၇) အုပ်စု၊ ကျေးရွာ (၂၁၀)ဖြင့် ဖွဲ့စည်း
တည်ဆောက်ထားသည်။
ရွှေ၊ ကြေးနီ၊ ရေနံ၊ ပဲမျိုးစုံ နှင့် ဆီထွက်သောဒေသဖြစ်၍ မြို့နေအုပ်ချုပ်ရေးတွင် ဖွဲ့စည်းပုံ အရအိမ်သာ၍ ဧည့်လာကြသော ၀န်ထမ်းအရာရှိများပျော်ပိုက်ကြ သော မြို့တစ်မြို့ဖြစ်သည်။ ရောက်လာသမျှ ၃-၄ နှစ်ကြာ ဌာနဆိုင်ရာဝန်ထမ်း၊ တရားသူ ကြီး၊ ရှေ့နေ၊ ဥပဒေဘက်တော်သား၊ ရဲတပ်ဖွဲ့၊ အဖွဲ့အစည်းအသီးသီးမှ ပုဂ်္ဂိုလ်များ ပျော်ကြသောဒေသဖြစ် သည်။
မြို့ပြနှင့် အမှိုက်ပြဿနာ သည် နိုင်ငံတိုင်းရင်ဆိုင်နေကြရ သော်လည်း ကောလင်းစည်ပင်၏ အမှိုက်ပြဿနာက နှစ်ရှည်လများ ဒုက္ခပင်လယ်ဝေခဲ့ကြရသည်။ တစ် မြို့လုံးရေကြီးနစ်မြှုပ်သွားသော် လည်း ဒီအမှိုက်ပုံကြီးက ရေမျှော ပါမသွား။
ရောဂါများနှင့် အတူ မမြင် စွမ်းနိုင်သော ပိုးမွှားများနှင့်အတူ ဒွန်တွဲရှိနေသော အမှိုက်ပုံကြီးကား ကောလင်းစည်ပင်ဈေး၌ တောင်လို ပုံနေပြီ။ ပြည်သူလူထု၏ ကျန်းမာ ရေးကိုထိခိုက်စေသော ရောဂါပိုး များ မွေးဖွားသန့်စင်ရာ ပင်မ အဆောက်အဦးကြီးဖြစ်သော အဆိုပါအမှိုက်ပုံကြီးကား ကောလင်း-၀န်းသိုမြို့ကြားရှိအင် ကြီးကုန်းသုသာန်၌ ရွှေဉာဏ် တော်စုးရှလှသော စည်ပင်ဝန်ထမ်း များက အမှိုက်ပုံကြီးကို မီးတင်ရှို့ ထားလိုက်ကြပြီး မီးငွေ့များက အရှိန်သေသည်မရှိဘဲ ၂၄ နာရီ တောက်လျှောက်လောင်မြိုက်နေ သောကြောင့် ယင်းအမှိုက်ညှော် နံ့က နီးစပ်ရာကျေးရွာ၊ ရပ်ကွက် များရှိ လူအများကို ဆိုးရွားစွာ ဒုက္ခပေးလျက်ရှိနေပါတော့သည်။
စနစ်ကျသောအမှိုက်သိမ်း စနစ်၊ ခေါင်းလောင်းထိုး၍ ရပ်ကွက် အတွင်း အမှိုက်သိမ်းကား (ရှား ရှားပါးပါးတစ်စီးသော) ၀င်ရောက် မှုစနစ်ကလည်း ပုံမှန်မရှိ၊ စိတ်ကူး ပေါက်မှလာသည်ထင်၏။ ရေနှုတ် မြောင်းမှ ရေစီးဆင်းမှန်သော နည်လမ်းများလိုပါသည်။ ပတ်ဝန်း ကျင်ညစ်ညမ်းမှုနှင့် ပြည်သူလူထု ကျန်းမာရေးက ဆက်နွယ်နေသည်။ မြို့ပြနှင့် ကျေးလက်သန့်ရှင်း အောင်လုပ်ဖို့ အစိုးရမှာ တာဝန် ရှိသည်။ မြို့တိုင်းမှာ စနစ်ကျသော အမှိုက်သိမ်းစနစ်၊ အမှိုက်တွေကို ဖျက်ဆီးသောစနစ်ကောင်းမွန် စနစ်ကျဖို့လိုသည်။ လမ်းဘေး အမှိုက်က ခရီးသွားပြည်သူလမ်း သွားလမ်းလာများကို အမြင်ဆိုးစေ သကဲ့သို့ ပြည်သူလူထုကျန်းမာရေး ကိုလည်း ထိခိုက်စေပါသည်။ အမှိုက်သိမ်းစနစ်၊ အမှိုက်ဖျက်သိမ်း စနစ်ကိုလည်း ဥပဒေအရထိထိ ရောက်ရောက်အရေးယူသင့်ပါသည်။

ဇင်မာသင်း

By Hot News Weekly

No comments:

Post a Comment