ကလေးမြို့နယ် အတွင်းသို့ဝင်ရောက်လာသော ခိုးဝင်ဘင်္ဂလီများနှင့် လမ်းပြကူညီခေါ်ဆောင်သူများကို တရားဥပဒေအရ အရေးယူခဲ့ပြီး ထောင်ဒဏ် အသီးသီးချမှတ်ခဲ့သည်ဟု သတင်းရရှိပါသည်။
"စက်တင်ဘာလ အတွင်းက ကလေးမြို့နယ်အတွင်းကို ခိုးဝင်လာတဲ့ ဘင်္ဂလီ (၁၀) ဦးနဲ့ လမ်းပြကူညီခေါ်ဆောင်သူကို ထောင်ဒဏ် အသီးသီးချမှတ်ခဲ့ပါတယ်။ ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆(၂) ၊ ၆(၃) အရ ထောင်ဒဏ်နှစ်နှစ် ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌန်းချက်များ ) အက် ဥပဒေ ပုဒ်မ ၁၃(၁) အရ ထောင်ဒဏ် ငါးနှစ်နဲ့ ဘင်္ဂလီတစ်ဦးကို စုစုပေါင်း ပြစ်ဒဏ် (၇) နှစ်စီ နဲ့ ပုဒ်မ ၁၃(၅) အရ လမ်းပြ ကူညီခေါ်ဆောင်သူကို (၅) နှစ်လို့ သိရပါတယ်"ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ကလေးခရိုင်မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။
၂၀၁၂-ခုနှစ် အတွင်း ကလေးခရိုင်အတွင်းတွင် ခိုးဝင်ဘင်္ဂလီ (၃၇) ဦးနှင့် လမ်းပြကူညီခေါ်ဆောင်သူ (၆) ဦးကို ဖမ်းဆီးပြီး ပြစ်ဒဏ် အသီးသီး ချမှတ်နိုင်ခဲ့သည်ဟု သိရှိရပါသည်။
"ကလေးမြို့နယ်အတွင်းကို တမူးနယ်စပ် ၊ ချင်းတောင်နဲ့ ထိစပ်နေတဲ့ အိန္ဒိယ နယ်စပ်တွေကတဆင့် ခိုးဝင်လာကြတယ်လို့ သိရပါတယ်။ လမ်းကြောင်း အမျိုးမျိုးနဲ့ ၀င်လာကြတာပါ ။ ဒီလို တရားမ၀င် မြန်မာနိုင်ငံအတွင်းကို ၀င်ရောက်တဲ့သူတွေကို ဖမ်းဆီးနိုင်ဖို့ ဒေသခံတွေရဲ့ အကူအညီလိုအပ်ပါတယ် ။ ချင်းတောင်နဲ့ ချင်းတောင်ခြေဒေသတွေဟာ လူဦးရေကျဲပါးတော့ ခိုးဝင်လမ်းကို ဘယ်ကဆိုတာ အတိအကျပြောဖို့ မလွယ်ပါဘူး "ဟု ကလေးမြို့ခံတစ်ဦးမှ ပြောကြားခဲ့ပါသည်။
By Eleven Media Group
Photo - Myanmar Online News
No comments:
Post a Comment