Friday 5 October 2012

စစ်တွေရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝင်ရုံးရှေ့ ဆန္ဒပြမည်


ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇားနှင့် စစ်တကောင်းတို့တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများနှင့် ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်ခံရမှုများကို ရပ်တန့်ရေးအတွက် စစ်တွေမြို့ရှိ
ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝင်ရုံးရှေ့တွင် ဒေသခံများ အောက်တိုဘာလ ၈ရက်နေ့တွင် ဆန္ဒပြမည်ဖြစ်ကြောင်း The Voice Weekly အပတ်စဉ်ထုတ် စာစောင်တွင် ဖော်ပြထားသည်။

တရားဝင် ဆန္ဒပြခွင့် ရရှိရန် သက်ဆိုင်ရာကို အောက်တိုဘာလ ၄ရက်နေ့ စာတင်မည်ဖြစ်ကြောင်း ယင်းဆန္ဒပြပွဲကို ဦးဆောင်မည့် ဒေသခံတစ်ဦးဖြစ်သူ ဒေါ်စိုးမြသန္တာ၏ ပြောကြားကြောင်း ယင်းတွင်ဖော်ပြထားသည်။

ဗုဒ္ဓဘာသာဝင်များ အသက် အိုးအိမ်စီးစဉ်ကို ကာကွယ်စောင့်ရှောက်ပေးရန်၊ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်စောင့်ရှောက်ပေးရန်၊ ဘင်္ဂါလီလူမျိုးများကြောင့် ပျက်စီးဆုံးရှုံးမှုကို ဘင်္ဂလားဒေ့ရှ် အစိုးရက အတိအကျ ဖော်ပြပေးရန်၊ အဆိုပါ ဒေသများတွင်ရှိသော ရခိုင်တိုင်းရင်းသားများ ပြည်တော်ပြန်ဝင်လိုပါက တရားဝင် ခွင့်ပြုပေးရန်နှင့် အကြမ်းဖက်သူများကို တရားဥပဒေနှင့် အညီ အရေးယူပေးရန် အချက်များပါဝင်သည်။

ယင်းသို့ အကြမ်းဖက်မှုများသည် စက်တင်ဘာလ ၂၉ရက်နေ့က ပန်းဝါမြို့တွင် စတင်ခဲ့ပြီး ဗုဒ္ဓဘာသာ ကျောင်းပေါင်း ၂၂ကျောင်း ဖျက်ဆီးခံခဲ့ရပြီး အဖိုးတန် ဗုဒ္ဓရွှေဆင်းတုတော်များ လုယက်ခံခဲ့ရကြောင်း၊ ပိဋကတ်တော်များမှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း The Voice Weekly တွင်ဖော်ပြသည်။

ဓါတ်ပုံ - The Voice Weekly

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇားနှင့် စစ်တကောင်းတို့တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများနှင့် ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်ခံရမှုများကို ရပ်တန့်ရေးအတွက် ရန်ကုန်မြို့တွင် ဆန္ဒပြမှု မြင်ကွင်း

By Yakhine Citizen Journalists

No comments:

Post a Comment