Friday 5 October 2012

ချက်ချင်းပြေလည်ဖို့ခက်သည့် ရခိုင်ပဋိပက္ခအရေးအား စီမံကိန်းချမှတ်ဖြေရှင်းပေးမည့် ဗြိတန်သံအမတ်


ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ လူမျိုးရေးပဋိပက္ခမှာ ချက်ချင်းပြေလည်ဖို့ခက်၍ စီမံကိန်းချကာ အတတ်နိုင်ဆုံးဖြေရှင်းပေး မည့် ဗြိတန်သံအမတ်က ပြောကြားခဲ့သည်။

 ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခအရေးအား လေ့လာ၍ ငြိမ်းချမ်းရေးဖော်ဆောင်ရန် စစ်တွေမြို့သို့ ရောက်ရှိနေသည့် ဗြိတန်သံအမတ် Mr.Andrew Heyn ဦးဆောင်သည့် ဒုတိယအတွင်းဝန်Mr.Joe Fisherတို့မှာ စက်တင်ဘာလ(၃)ရက်နေ့က ရန်ကုန်သို့ ပြည်ထွက်ခွာခဲ့ပြီဖြစ်သည်။

 Mr.Peter  McDermott ,Delivery Service Advisor, ဦးဆောင်ညွှန်ကြားရေးမှူး  နိုင်ငံတကာဖွံ့ဖြိုးရေးဌာန (Department for International Development-DFID)   တို့မှာ မောင်တောမြို့သို့ ဆက်လက်၍ သွားရောက် လေ့လာရန် ကျန်ရှိနေခဲ့ကြောင်း ကိုလည်း သိရှိရ  သည်။ ၄င်းတို့၏ မောင်တောဒေသခရီးစဉ်တွင် ဘင်္ဂါလီခေါင်းဆောင် မာလ၀ီနှင့်တွေ့ဆုံရန် စီစဉ်ထားကြောင်းကိုလည်း ဒေသခံများထံက သိရှိရသည်။

 “ရခိုင်ပြည်နယ်မှာ ဇွန်လအတွင်းက ဖြစ်ခဲ့တဲ့ပဋိပက္ခက အင်မတန်ရှုပ်ထွေးနက်နဲတဲ့ ကိစ္စရပ်ပါ၊ ဒီကိစ္စကို ဦေးခါင်းထဲ မှာရော နှလုံးသားထဲမှာပါ ထည့်ထားပါတယ်၊ ဒီပြဿနာကို ချက်ချင်းပြေလည်အောင် ဖြေရှင်းနိုင်ဖို့လည်း ခက်ခဲပါတယ်၊ ကျွန်တော်တို့အနေနဲ့လည်း ကာလတို ကာလရှည်စီမံကိန်းတွေ ချပြီးတစ်ခုပြီး တစ်ခု တည်ဆောက်ပြီး အတတ်နိုင်ဆုံး ဖြေရှင်းဖို့ ကြိုးစားမှာပါ”ဟု ဗြိတိန်သံအမတ် Mr.Andrew Heyn က  စစ်တွေခရီးစဉ်တွင် ပြောကြားခဲ့သည်။

ဗြိတန်သံအမတ်နှင့်အဖွဲ့မှာ အောက်တိုဘာလ(၂)ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ စစ်တွေ ရောက်ရှိ စဉ်ကာလ၌ နိုင်ငံရေးပါတီများ၊လူမှုရေးအဖွဲ့အစည်းများ မီဒီယာများနှင့်တွေ့ဆုံခဲ့ကြောင်း ကိုလည်း သိရသည်။

 ပြိတိန်သံအမတ်၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း  ရွှေစေတီကျောင်းအပြင် မီးရှို့ဖျက်စီးခံဒေသများသို့လည်း သွားရောက်လေ့လာမည်ဟု သိရှိရသည်။

By MyitMakha Media Group

No comments:

Post a Comment