Saturday 27 October 2012

ကျောက်တော်မြို့နယ်တွင် စစ်တပ်မှ ပစ်ခတ်သောကြောင့် ရခိုင် (၈)ဦး သေဆုံး


Shooting KyaukTawကျောက်တော်မြို့နယ်တွင် အောက်တိုဘာလ ၂၆ရက် မနက် (၇)နာရီခွဲကတည်းက စစ်တပ်မှ ရခိုင်များကို ပစ်ခတ်နေခြ
င်းမှာ ဆက်တိုက်ဖြစ်နေခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်တော်မြို့နယ် ပဋိပက္ခအတွင်း လုံခြုံရေးတာဝန်ယူထားသူမှာ စ.က.ခ မှ စိုးဝင်းအောင်ဖြစ်ပြီး ၄င်းတို့ အဖွဲ့သည် ဘင်္ဂလီရွာနှင့် ရခိုင်ရွာကြားတွင်ရှိသော လမ်းမှနေ၍ ရခိုင်များကို ပစ်ခတ်နေကြောင်း သိရှိရသည်။

ကျောက်တော်မြို့မှ ဒေသခံတစ်ဦးက " မနေ့က ည (၇)နာရီခွဲအချိန်ကတည်းက ပစ်နေတာ ဒီနေ့အထိ မရပ်သေးပါဘူး။ စစ်တပ်တွေကလည်း ဈေးသွားဝယ်နေတဲ့ လှေ၊ သမ္ဗာန်တွေကိုလိုက်ပြီး ပစ်ခတ် နေပါ တယ်။ အခုလည်း စစ်တပ်ကပစ်လို့ ရခိုင် (၈)ယောက် သေသွားပါတယ်။ အလောင်း (၅)လောင်းကိုတော့ ပြန်ရပါတယ်။ ကျန်တဲ့ (၃)လောင်းကိုတော့ ပြန်မရသေးပါဘူး။ အပြစ်မရှိတဲ့ ပြည်သူတွေကို စစ်တပ်က ပစ်ခတ်လိုက်တယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားတဲ့ရွာက ကျောက်တော်မြို့နယ်၊ ရတနာပုံကျေးရွာအုပ်စုက တောင်ဘွယ်ကျေးရွာဖြစ်ပါတယ်။ ညနေ ၄ နာရီကနေ ၉ နာရီ မိနစ်၂၀ အချိန်အထိ ပစ်ခတ်နေတာကြောင့်လူအနည်းဆုံး ၂၀ကျော် သေကြေဒဏ်ရာရရှိတွေ ဖြစ်ပေါ်နေပါတယ်။ " ဟုပြောပြသည်။

ကျောက်တော်မြို့နယ်တွင် သေဆုံးသူဦးရေမှာ ၈ ဦး ရှိပြီး အလောင်း (၅)လောင်းကို ပြန်ရခဲ့ပြီး (၃)လောင်းမှာ ပျောက်ဆုံးနေကြောင်း သိရှိရသည်။ သေဆုံးသူများ၏ ရွာများမှာ ပြည်တော်သာမှ (၃)ယောက်၊ သဝင်ကိုင်းမှ (၁)ယောက်၊ မြောက်တောင်မှ (၄)ယောက်ဖြစ်ကြောင်း သိရှိရ သည်။

အတည်ပြု၍ မရသေးသော သတင်းများအရ ကျောက်တော်မြို့နယ်တွင် ရခိုင် (၈၀၀)ဦးခန့်ပါသော ဘုတ်တစ်စီးကို အစိုးရစစ်သားတစ်ယောက် ဖြစ်သည့် မာရမာကြီးတစ်ယောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် လူ (၈)ဦး သေဆုံးသွားသည်ဟု သိရပြီး (၄၀)ဦးခန့်မှာ ပျောက်ဆုံးနေကြောင်း သိရှိရသည်။ လေးမြို့မြစ်ဖက်မှ ကျောက်တော်သို့ လာသော လှေများကို ခမရ (၃၇၇)မှ ဗိုလ်မှူး အောင်မျိုးထွန်းဦးဆောင်သော အဖွဲ့ဖြစ်ကြောင်း သိရှိရသည်။

By Arakan Times

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

2 comments:

  1. ဘာဖြစ်လို့..စစ်တပ်နဲ့..ရခိုင်ပြည်သူတွေကိုသွေးခွဲနေတာလဲ..
    အဓိပ္ပါယ်မရှိလိုက်တာ..အဓိကရုဏ်းဖြစ်နေတဲ့အချိန်မှာ..ဘယ်လိုလူမျိုးကဘယ်သူ..ဘယ်ဝါရယ်ဆိုပြီးတော့ခွဲခြားနေပါ့မလား..
    စစ်တပ်ဆိုတာ..အမိန့်နာခံတပ်မှု့ကိုအဓိကထား..ဖွဲ့စည်းထားတာပဲဖြစ်တယ်..
    ပေးအပ်လာတဲ့..အမိန့်ကို..နာခံတက်တယ်.
    သတ်မှတ်ထားသောစည်းကမ်းကို..မလိုက်နာရင်..ပြစ်ရမယ်လို့..အမိန့်ပေးထားတာကိုမှ..စည်းကမ်းမလိုက်နာရင်..ကိုယ့်ညီအကိုမောင်နှမပါလဲ..သူတို့ကတော့ပြစ်မှာပဲ..နားလည်ပေးပါ..
    အပြစ်မခံခြင်ရင်..စည်းကမ်းအတိုင်းနေပါ..ဘေးကင်းပါတယ်.
    အခုဟာက..ခင်ဗျားတို့က..ဦးနှောက်မှမသုံးတာ..သူများလှဲ့ကွက်ထဲမှာမိတာပေါ့....အမှန်က.မွတ်ဆလင်တွေရဲ့လှည့်ကွက်ထဲမှာခင်ဗျားတို့မိတာပဲလေ..ရှင်းရှင်းလေးပါ..စစခြင်းသူတို့က..ရန်စမယ်.မခံခြင်အောင်လုပ်မယ်..ခင်ဗျားတို့တွေက..ငါ့နေရာပဲဆိုတဲ့..အတ္တမာနတွေနဲ့..ဘာမှမမြင်ပဲစောက်ရမ်းတွေလုပ်တော့..သူတို့ကိုအနိုင်ကျင့်ပါတယ်ဆိုတာတွေဖြစ်လာရော..နောက်တော့..စစ်တပ်က..လုံခြုံရေးအရဝင်လာတော့..စည်းကမ်းတွေသတ်မှတ်တယ်...သူတို့က..မီးတွေရှို့ပြီးတော့.ထွက်ပြေးတယ်..အများအမြင်မှာတော့..အနိုင့်ကျင်ခံရလို့ထွက်ပြေးတာ..ခံလိုက်ရတဲ့..ခင်ဗျားတို့.က..မကျေနပ်တော့..ဒေါသတွေနဲ့လမ်းပေါ်မှာထွက်လာ..အဲ့ဒီမှာပဲ..စစ်တပ်နဲ့..ငြိတာလေ..ရှင်းလား..သေချာလေးစိတ်အေးအေးထားပြီးတော့မှ.လုပ်ကြပါဗျာ..

    ReplyDelete
  2. ကျောက်တော်က ရခင အဖွဲ့တွေက ဘာလုပ်နေတာလည်း

    ReplyDelete