Saturday 27 October 2012

မနေ့ ညနှင့် ယနေ့ မနက်ပိုင်း ရခိုင်ပြည်နယ်သတင်းများစုစည်းမှု (၂၇.၁၀.၂၀၁၂)


26.10.2012 ရက်နေ့ ရခိုင်ပြည်နယ်ရှိ ကျဆုံးသူများ စာရင်း
----------------------------
၂၆ . ၁၀.၂၀၁၂ ရက်နေ့ထိ RSV မှ မှတ်တမ်းမှတ်ရာများဖြင့် ကောက်ခံရရှိခဲ့သော သေဆုံးသူများ စုစုပေါင်းမှာ (၂၀) ဦးထိ
ရှိသွားပြီးဖြစ်ပါသည်။ ယခုစာရင်းသည် ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မြေပုံမြို့နယ်၊ မင်းပြားမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အထိသာ စာရင်းကောက်ခံ ရှိပါသည်။ သို့သော်လည်း ပေါက်တောမြို့နယ်နှင့် တချို့ နေရာများကို ဆက်လက် စုံစမ်းနေပါသည်။ ယခု စာရင်းကောက်ခံ ရရှိသည့် (၂၀) ဦးမှာ ရခိုင်အမျိုးသားများသာဖြစ်ပါသည်။ ဒဏ်ရာရစာရင်းမှာ အတည်ပြုရန် ခက်ခဲနေပါသဖြင့် တတ်နိုင်သလောက် ကြိုးစားပြီး စုစည်းနေပါသည်။အစိုးရမှ ဘင်္ဂလီဒုက္ခသည်များအား ကျောက်ပန်းတူ ဒုက္ခသည်စခန်းသို့ ပို့ဆောင်လျှက်ရှိ
----------------

26.10.2012 ရက်နေ့ တွင် ရခိုင်ပြည်နယ် အစိုးရနှင့် ဘင်္ဂလီမူဆလင်များ၏ ညှိုနှိုင်းမှုဖြင့် ပေါက်တောမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့မှ ဘင်္ဂလီ ဒုက္ခသည်များအား မောင်တောမြို့နယ် ကျောက်ပန်းတူကျေးရွာ ဒုက္ခသည်စခန်းသို့ ရေတပ် စစ်သင်္ဘောများ၊ စက်လှေများဖြင့် သယ်ယူပို့ဆောင်လျှက်ရှိပါသည်။ အစိုးရဌာန၏ ထုတ်ပြန်ချက်အရ ဘင်္ဂလီကုလား
ကျား - ၁၁၇၄ ယောက်
မ - ၈၃၇ ယောက်
ကလေး - ၆၀၂ ယောက်
ပေါင်း - ၂၆၁၃ ယောက် ရှိကြောင်း သိရှိရပါသည်။


ကျောက်တော်မြို့မှ စစ်တွေမြို့ ပြည်သူ့ဆေးရုံးသို့ ရောက်ရှိလာသော ရခိုင်တိုင်းရင်းသားလူနာများ
------------------------------------------
၂၆.၁၀.၂၀၁၂ ရက်နေ့ နံနက် (၅)နာရီတွင် ကျောက်တော်မြို့ ပြည်သူ့ ဆေးရုံးမှ စစ်တွေမြို့ ပြည်သူ့ ဆေးရုံးသို့ ရောက်ရှိလာသော လူနာများမှာ -

၁။ မောင်ထွန်းထွန်း (ဘ)ဦးစိန်လှထွန်း ၊ အသက် - ၁၆ ၊ညာဖက်လက်ချောင်းကျည်ထိ။

၂။ သန်းရွှေမောင် (ဘ)ဦးအောင်စိန်ထွန်း၊ အသက် ၃၃၊ ခြေဘယ်/ညာ /လက် ကျည်ထိ။

၃။ ဦးထွန်းရင် (ဘ)ဦးမောင်ကျန်စော၊ အသက် ၃၁၊ ဘယ်ဖက် နံရိုးကျည်ထိ။

၎။ ဦးစံရှားမောင်(ဘ)ဦးထွန်းယဉ်၊ အသက် ၃၆ ၊ ဘယ်ဖက်လက်ပြင် ကျည်ထိ။


myanmarmuslim.net/က သတင်းမှာ မှန်ကန်မှုမရှိကြောင်း ALP မှ ငြင်းဆို
------------------------------------------------
ကျောက်တော်မြို့ရှိ ALPဆက်ဆံရေးရုံးမှ http://www.myanmarmuslim.net/ တွင် သတင်းမမှန်ကန်မှုကို ငြင်းဆိုလိုက်ပါသည်။ ကျောက်တော်မြို့ ALP ဆက်ဆံရေးဌာန တာဝန်ခံ ခိုင်စိုးပိုင်ကို RSV မှ မေးမြန်းသောအခါ “ဒါက အခြေအမြိုက် မရှိတဲ့သတင်းပါ။ ကျနော်တို့ ဒီမှာ ဆက်ဆံရေးရုံးဖွင့်ထားတာပါ။ အကြမ်းဖက်ဖို့ ဖွင့်ထားတာ မဟုတ်ဘူး။ ဒီသတင်းကို သူတို့ myanmarmuslim.net က ထုတ်လွင့်ခဲ့တယ်ဆိုရင် ဒါ ၀ါဒဖြန့်ချီတာသက်သက်ပါပဲ ။ ကျနော်တို့ ကျောက်တော်မြို့မှာ ရုံးခန်းဖွင့်တယ်ဆိုတာ အစိုးရနဲ ပူပေါင်းဆောင်ရွက်ဖို့နဲ့ ဒေသဖွံ့ဖြိုးရေးတွေလုပ်ဖို့အတွက် အဓိက လုပ်ဆောင်တာပါ။” ဟု ပြောပြသွားပါတယ်။

http://www.myanmarmuslim.net/?p=550
ဖော်ပြချက်ကို အထက်ပါ လင့်တွင် သွားရောက် ဖတ်ရှုနိုင်ပါသည်။


ကျောက်ဖြူမြို့တွင် ယနေ့နံနက်ပိုင်းက အိမ် ၂-ဆောင် မီးလောင်
--------------------------------------------------------------------
အောက်တိုဘာ ၂၆ ယနေ့ နံနက် ၇နာရီ ခန့်တွင် ကျောက်ဖြူမြို့ ပိုက်ဆိပ်ရပ်ကွက် မှ ရခိုင်အိမ် ၂ လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
ယခင် နေ့ ရက်များတွင်လောင်ထားသော မီးကြွင်း မီးကျန်များမှ ကူးစက် ပြီး လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ပိုက်ဆိပ်ရပ်ကွက် ရခိုင်သူ/သားများမှ မီးသတ်ဌာနသို့ အကြောင်းသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး မီးငြိမ်းသတ်ရန် ကြိုးစားခဲသော်လည်း တားဆီး`၍ မရနိုင်ခဲ့ကြောင်း ဒေသခံတစ်ဦးမှ သတင်းပေးပို့ချက်အရသိရပါသည်။
ထိုမီးသည် ကျောက်ဖြူမြို့တွင် နောက်ဆုံးလောင်သောမီးဖြစ်ကြောင်းလည်း သိရှိရပါသည်။


ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် အခင်းဆက်ဖြစ်
---------------------
၂၆.၁၀.၂၀၁၂ ရက် ၂း၂၅ နာရီတွင် ရမ်းဗြဲမြို့တွင် ဘင်္ဂလီကုလား (၁)ယောက်သည် ဓာတ်ဆီးပုံများဖြင့် ရခိုင်အိမ် တစ်ကို ၀င်ရောက် မီးရှိုးထွက်ပြေးပြီး ရခိုင်များမှ ၀ိုင်းဖမ်းရာ ထို ဘင်္ဂလီကုလားအား လက်ရ ဖမ်းဆီးမိသည်ဟု သိရှိရပါသည်။ ထို့အပြင် တချိန်တည်းတွင် ဘင်္ဂလီရပ်ကွက်များမှ မီးလောင်းမှုများဖြစ်ပေါ်လာပြီး ယခုအခါ အခြေအနေမှာ ဆက်လက် အပြန်အလှန်မီးရှိုးမှုများနှင့် တဖက်နှင့် တဖက် အပြန်အလှန်တိုက်ခိုက်မှုများရှိသည်ဟု RSV သတင်းထောက်မှ သတင်းပေးပို့လာပါသည်။

၂း၄၁ နာရီ ရမ်းဗြဲမြို့ သတင်း
----------------
ယခုအခါ ရမ်းဗြဲမြို့ရှိ တပ်ရွာနှင့် သာယာကုန်ကျေးရွာတို့တွင် မီးလောင်းမှုများ ဖြစ်လျှက်ရှိပြီး ဘင်္ဂလီကုလားများနှင့် ရခိုင်တို့ အပြန်အလှန် တိုက်ခိုက်လျှက်ရှိသည်ဟု သိရှိရပါသည်။ မီးလောင်းမှုမှာ ပြင်ထန်းလျှက်ရှိပြီး ဒဏ်ရာရမှုများလည်း ရှိသည်ဟု သိရှိရပါသည်။

၃း၀၅ နာရီ ကျောက်တော်မြို့ သတင်း
----------------
၂၅.၁၀.၂၀၁၂ ရက်နေ့က ကျောက်တော်မြို့နယ် အရေးအခင်းတွင် သေဆုံးသွားတော့ ရခိုင်တိုင်းရင်းသားနှစ်ယောက် အသုဘ အခမ်းအနားတွင် ရခိုင်များမှ ပေါ်စတာများကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။၂၅.၁၀.၂၀၁၂ ရက်နေထိ ကျောက်တော်မြို့နယ် အရေးအခင်းတွင် သေဆုံးလက်ရှိ (၄) ယောက်ရှိပြီး ယခု အသုဘအခမ်းအနားမှာ 
(၁) ဦးကျော်သိန်း ၊ အသက် (၃၇)နှစ် ၊ ပြည်တော်သာ ရပ်ကွက်။
(၂) ဇော်ဝင်း၊ အသက် (၃၈)နှစ်၊ ပြည်တော်သာ ရပ်ကွက်။

Photo: Kyaw Gree


၃း၅၂ နာရီ ရမ်းဗြဲမြို့သတင်း
----------------
ရမ်းဗြဲမြို့ ဘင်္ဂလီကုလားများ မီးရှိုးပြီး ပင်လယ်ပြင်ဖက်သို့ စက်လှေများဖြင့် ထွက်ပြေးနေကြသည်ဟု သိရှိရပါသည်။ ယခုအခါ မီးမှာ အချိန်ပြင်းစွာဖြင့် လောင်းကျွမ်းလျှက်ရှိနေပါသည်။ ရမ်းဗြဲမြို့ရှိ တပ်ရွာ ရပ်ကွက်၊ ပလုတ်တောင် ရပ်ကွက်၊ သာယာကုန် ရပ်ကွက်များမှာ မီး အရှိအဟုန်ပြင်းစွာဖြင့် လောင်းကျွမ်းလျှက်ရှိသည်ဟု သတင်းရရှိပါသည်။

၃း၅၂ နာရီ ကျောက်တော်မြို့ သတင်း
----------------
ကျော်တော်မြို့တွင် ၂၅.၁၀.၂၀၁၂ ရက်နေ့ နံနက်ပိုင်းက ပိုက်သည်အရပ်တွင် ဖြစ်ပွါးခဲသော အရေးအခင်းတွင် ကျဆုံးသွားတော့ ဦးကျော်သိန်း ၊ အသက် (၃၇)နှစ် ၊ ပြည်တော်သာ ရပ်ကွက်၊ ကျောက်တော်မြို့နှင့် 
ဇော်ဝင်း၊ အသက် (၃၈)နှစ်၊ ပြည်တော်သာ ရပ်ကွက်၊ ကျောက်တော်မြို့ အသုဘအခမ်းအနားသို့ လူပေါင်း (၂၀၀၀) ကျော်လောက် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများမှ ပေါ်စတာများကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြပါသည်။ ထို့အပြင် ကုလားမြစ်ကြောင်းတွင် သွားလာနေသော စက်လှေများကို သေနပ်များဖြင့် ပစ်ခတ်မှုများရှိခဲ့ပြီး အသေအပျောက်များနှင့် ဒဏ်ရာ ရမှုများလည်း ရှိသည်ဟု အတည်မပြုနိုင်သော သတင်းတရပ်အရ သိရှိရပါသည်။

၉း၄၅နာရီသတင်း
----------------
ည ၉ နာရီခန့်အချိန်တွင် စစ်တွေမြို့ အနောက်ဘက် ၊ဆတ်ရိုးကျချောင်းအနီး မင်းဒရားချိတ် ဘက်ခြမ်းတွင် တဲငယ်တစ်လုံးမီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးသတင်းများအရ
မီးမှာခဏအတွင်း ငြိမ်းသွားခဲ့ကြောင်းနှင့် တဲငယ်တစ်ခုလုံး လောင်ကျွမ်း ခဲ့ကြောင်းသိရှိရပါသည်။ လူမရှိသော တဲမဟုတ်ဘဲ အရက်သမားတစ်ဦးက ဇနီးဖြင့် ရန်ဖြစ်သဖြင့် ကိုယ့်အိမ်ကို 
မီးရှို့လိုက်ခြင်း ဖြစ်ကြောင်းလည်း
ယင်းမီးလောင်ရာနေရာအနီးသို့ သွားရောက်ခဲ့သူ ရွာကြီးမြောက် ရပ်ကွက်မှ အမျိုးသား တစ်ဦးက ဖုန်းဖြင့် RSV သို့ ပြောကြားခဲ့ပါသည်။




By Rakhine Straight Views

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)










No comments:

Post a Comment