Saturday 27 October 2012

25.10.2012 မှ 31.10.2012 အထိ ၇ရက် သားသမီး များအတွက်ဟောစာတမ်း


တနင်္ဂနွေ
           သတင်းကောင်း ကြားရမည်။ လက်ဆောင် ကောင်းရမည်။ အလုပ်စာမေးပွဲ အောင်မြင်မည်။ ရာထူးတက်ခြင်း ၊ လစာတိုးခြင်း ၊ ၀င်ငွေကောင်းခြင်း ၊ရတနာငွေတို့ရခြင်း ၊ ခရီးယာယီသွားရခြင်း
တို့ဖြစ်မည်။ ထီပေါက်ကိန်းရှိ၍ ထီထိုးပါ။ ၄ ထိပ် ၁၊၂၊၃ ပိတ်ဖြင့်ထိုးပါ။ ကျန်းမာရေး အနည်းငယ်ချူချာနေမည်။ နေရာပြောင်းခြင်း ၊ အိမ်ပြင်ခြင်း ၊ မြေရောင်း၊မြေ၀ယ် ဖြစ်မည်။

အကျိုးပေးဂဏန်း - ၁၊၀၊၅

အထူးဟော - ကံကောင်းသောကာလဖြစ်မည်။

ယတြာ - တနင်္ဂနွေ နံနက်တွင် အုန်းဆံ ၆ ဆံ ကို ဘုရားကပ်ပါ။


တနင်္လာ

          စိတ်ချမ်းသာမှုရမည်။ ကံဇာတာကောင်းမည်။ အချစ်ရေးကောင်းသည်။ စေ့စပ် မင်္ဂလာဖြစ်မည်။ ခရီးယာယီသွားရမည်။ အလုပ်ကိုင်အဆင်ပြေမည်။ ၀င်ငွေကောင်းမည်။ ကျန်းမာရေး ကောင်းမည်။ ထီထိုးပါ။ ထီပေါက်မည်။ ၂ထိပ် ထားပြီး ၇၊၈၊၉ ပိတ်တို့ဖြင့်ထိုးပါ။ စီးပွားရေးလုပ်ငန်း များ ပြန်ကောင်းမည်။ ငွေဝင်ကောင်းလာမည်။ ကုသိုလ်ကောင်းမှု့ အလှူအတန်းတို့ဖြစ်မည်။ ရှယ်ယာလုပ်ငန်းတို့အောင်မြင်မည်။ အကြီးအကဲ တို့၏ စောင့်ရှောက် ကူညီမှု့မစမှု့ရမည်။

အကျိုးပေးဂဏန်း - ၂၊၄၊၉
 အထူးဟော - မင်္ဂလာပြည့်သော အခါကာလဖြစ်ပါမည်။
 ယတြာ - တနင်္လာနေ့တွင် ငါးတွေ ကို အစာကျွေးပါ။

 အင်္ဂါ

          အားလုံးပြောင်းလဲမှုများဖြစ်မည်။ ပြောင်းရွှေ့မှုတွေလည်း ဖြစ်မည်။ သို့သော် သင်၏ စိတ်တို့မှာ တည်ငြိမ်မှု များဖြစ် လာမည်။ကျန်းမာရေးကောင်းပါမည်။ သင်၏ အိမ်ထောင်ဖက် သို့မဟုတ် ချစ်သူအတွက်တော့ စိတ်ဆင်းရဲမှုစိတ်ရှုပ်ရမှု တခုခုဖြစ် တတ်ပါသည်။ စက်၊ယာဉ် ၊ကား တို့ပြောင်းလဲ ၀င်ထွက်မည်။ မြေ၊အိမ်၊ အဆောက်အဦး တို့လည်းပြောင်းလဲဝင်ထွက်မည်။ ငွေကြေး ၊ပစ္စည်း များပျောက်ကိန်းအလိမ်ခံရကိန်းတို့ဖြစ်မည်။ ထီထိုးပါ။ ထီပေါက်မည်။ ၃ ထိပ်ကို ၇၊၈၊၉ ပိတ်ဖြင့် ထိုးပါ။

အကျိုးပေးဂဏန်း - ၃၊၇၊၉
 အထူးဟော - ကောင်းသော ပြောင်းလဲမှုတွေ မုချဖြစ်မည်။
 ယတြာ - အင်္ဂါနေ့ နံနက်တွင် ငှက်ကလေးတွေ အစာကျွေးပါ။


 ဗုဒ္ဓဟူး

          စိတ်ရည်ရွယ်တာတွေလုပ်ဖြစ်မည်။ ပညာရေး ၊ အလုပ်ကိစ္စ ၊ အချစ်ရေး ၊ မင်္ဂလာရေး သင့်ဆန္ဒတွေ အောင်မြင်မှု့ရမည့် ကာလဖြစ်ပါသည်။ သို့သော ရည်ရွယ်သော ခရီးထက် မရည်ရွယ်သော ခရီးတွေရောက်ဖြစ်မှာသေချာတယ်။ ချစ်သူထံမှ စာ ၊လက်ဆောင်ရမည်။ ကျန်းမာရေး ကောင်းပါတယ်။ စွန့်စားသော အားကစား နှင့် ချွန်ထက်သော ဓားလှံလေးမြှားတို့ဂရုစိုက် ကိုင်တွယ်ပါ။ ကား ၊ဆိုင်ကယ် ဂရုစိုက်မောင်းပါ။ အနည်းငယ် ခိုက်မိတတ်ပါသည်။ အလုပ်ကိစ္စ တိုးတက်မည်။ လစာ၊၀င်ငွေ တိုးမည်။ လုပ်ငန်းပြောင်းဖြစ်မည်။

အကျိုးပေးဂဏန်း - ၄၊၆၊၈
 အထူးဟော - အောင်မြင်သောကာလဖြစ်မည်။
 ယတြာ - ဗုဒ္ဓဟူးနေ့ နံနက်တွင် ဘုရားကို ရေသက်စေ့ ရေသပ္ပါယ်ပါ။


 ကြာသပတေး

          မုန်းနေသူတို့ ပြန်ချစ်လာမည်။ ရန်သူက မိတ်ဆွေ ဖြစ်လာမည်။ မရောက်ဘူးသော ခရီး တို့ရောက်မည်။ အချစ်ရေး ၊ မင်္ဂလာရေး အဆင်ပြေမည်။ အတိုက်အခံ ရန်ကြုံမည်။ ကျန်းမာရေး အနည်းငယ် ချူချာမည်။ လူလိမ်ငွေလိမ် ခံရမည်။ အလုပ်ရာထူးတက်မည်။ စီးပွားရေး လုပ်ငန်းအဆင်ပြေမည်။ ကား ၊ စက် ၊ယာဉ် တို့ ၀င်ခြင်း ၊ ထွက်ခြင်း ဖြစ်မည်။ ရှယ်ယာလုပ်ငန်းများ လုပ်ဖြစ်မည်။ အိမ်ဆောက် ၊ အိမ်ပြင် ၊ အိမ်ပြောင်းဖြစ်မည်။

အကျိုးပေးဂဏန်း - ၅၊၆၊၇
 အထူးဟော -ပီယံ ၊ လာဘံ ကောင်းသောကာလဖြစ်ပါသည်။
 ယတြာ - ကြာသပတေး နံနက်တွင် အောင်သပြေ ၁၉ ညွန့် ကို ဘုရားကပ်ပါ။

 သောကြာ

          တယူသန်စိတ် ၊ သံယောဇဉ်ကြီးစိတ် ၊ အချစ်ကြီးစိတ် တို့ကြောင့် မိဘက သဘောမတူသော အခြေအနေရှိသော်လည်း ချစ်သူကိုရဲတင်းစွာ လက်ထပ်ဖြစ်မည်။ အိမ်ထောင်ပြုဖြစ်မည်။ အိမ်ပြောင်းမည်။ ခရီးဝေးတွေရောက်မည်။အလုပ်အကိုင် အဆင်ပြေမည်။ စီးပွားရေးလုပ်ငန်းတို့အောင်မြင်မည်။ ကူညီသူပေါ်မည်။ ကျန်းမာရေးကောင်းသည်။ စက်ရွှေတို့ဝင်မည်။ ထွက်မည်။ ငွေကြေးကိစ္စ စကားပြောရမည်။ အတိုက်အခံကြုံမည်။  စာမေးပွဲ ဖြေဆိုမှု့များအောင်မြင်မည်။

အကျိုးပေးဂဏန်း - ၆၊၇၊ဂ
 အထူးဟော - ကံကောင်းသောကာလဖြစ်မည်။
 ယတြာ - သောကြာနေ့ နံနက်တွင် သစ်သီး၉ မျိုး ကို ဘုရားကပ်ပါ။

 စနေ

          အချစ်ရေး မှာ ရင်လေးရတတ်သည်။ ကိုယ်ချစ်တာက ၁ယောက် မိဘ သဘောတူတာ က ၁ယောက်ဖြစ်နေမည်။ ကိုယ်ချစ်တဲ့သူကို မိဘတို့က သဘောမတူပါ။ မိဘသဘောတူ သောသူကိုသာ ယူဖြစ်မည်။ ပညာရေး အောင်မြင်မည်။ ခရီးယာယီ သွားရမည်။ မိဘသားချင်းတို့ အတွက် အနစ်နာခံရတတ်သည်။ ခရီးဝေးသွားရမည်။ငွေစု လိုက်ဝင်မည်။ စက်ရွှေ ကျောက်မျက် ရတနာတို့ ၀င်မည်။ အလုပ်ရာထူး တက်မည်။ စာမေးပွဲများအောင်မြင်မည်။ အင်တာဗျူးအောင်မြင်မည်။ ကျန်းမာရေးအနည်းငယ်ချူချာမည်။ ထီထိုးပါ။ ထီပေါက်ကိန်းရှိသည်။ ၇ ထိပ်ကို ၁၊၂၊၃ ပိတ်ပါ။

အကျိုးပေးဂဏန်း - ၁၊၀၊၇
 အထူးဟော - အားလုံးအဆင်ပြေမည်။
 ယတြာ - စနေနံဘုရားကို စနေနေ့ နံနက်တွင် ထီးဖွင့်ကပ်ပါ။

By Shwe MyitMakha Media Group

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment