Friday 19 October 2012

ကမ္ဘာ့အသက်အကြီးဆုံး ကလေးအဖေရဲ့  လျှို့ဝှက်ချက်…


အဘိုးအို သူ့ မိန်းမနှင့် ကလေး နှစ်ယောက်

အိန္ဒိယ မြောက်ဘက်ပိုင်း ဒေသက  အသက် (၉၆) နှစ်အရွယ် လယ်သမားအဘိုးအိုတစ်ဦးက သူ့ရဲ့  ချစ်လှစွာသော ဇနီး ( အသက်၅၂
နှစ်)နဲ့ ပထမဦးဆုံး သားလေးကို ၂၀၁၀ မှာ မွေးဖွားခဲ့ပါတယ်… ဒုတိယမြောက် သား ရတနာကိုတော့ ဒီလ  (၅) ရက်နေ့မှာ ကျန်းမာစွာ ဖွားမြင်နိုင်ခဲ့ပါတယ်…

ကလေး မွေးဖွားပေးသော ဆရာဝန်များက ကလေးအဖေ မည်သူလဲလို့ မေးတော့ လယ်သမား အဖိုးကြီးက ဆရာဝန်တွေဆီ လမ်းလျှောက်သွားပြီး ကလေးအဖေကကျနော်ပါ လို့ ပြန်လည် ဖြေကြားခဲ့တော့ ဆရာဝန်များပင် မယုံနိုင်စရာ အံအားသင့်ခဲ့ရပါတယ်။ 

အဖိုးကြီးကတော့ သူက လယ်သမား ဖြစ်လို့ သူ့သားသမီးတွေကို ပညာတတ် အစိုးရဝန်ထမ်းတွေ ဖြစ်စေချင်ပါသတဲ့ ။

လယ်သမားကြီးက ငယ်စဉ်ဘဝမှာ နဘမ်း အားကစားကို လေ့လာ လိုက်စားခဲ့ပါတယ်….

ဒီအရွယ်မှာ ကလေး ၂ ယောက် ရသွားတဲ့ အဖိုးကြီး ရဲ့  လျှို့ဝှက်ချက်ကို အိမ်နီးချင်းများက အမြဲတန်း လိုလိုမေးနေကြပါတယ်…. အဲဒီအချိန် မှာ အဖိုးကြီး ပြန်ဖြေလိုက်တဲ့ အဖြေက အံအားသင့်စရာပါ . သူဖြေပုံ က "I do it three to four times a night. I'm healthy and I enjoy sex with my wife. I think it's very important for a husband and wife to have sex regularly." ကျနော် ဘာသာ မပြန်ပြတော့ ပါဘူးနော်…..

အဓိက သူ့ ရဲ့  လျှို ဝှက်ချက်ကတော့ အစား အသောက်ပါ တဲ့။ အဖိုးကြီးနေ့စဉ် စားသုံးတာ ကတော့ ချောကလက်များတွေ ပါဝင်တက်သော အိန္ဒိယမှာပေါတဲ့ almonds လို့ ခေါ်တဲ့ အစေ့၊ ပြီးတော့ ထောပတ်၊ မလိုင်နဲ့ နွားနို့တွေက သူ့ကို စွမ်းအားတွေ ပေးစွမ်းနေပါတယ် တဲ့…..


  


By Irrawaddy

No comments:

Post a Comment